တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ ထီးေတာ္တင္လွဴျခင္း အထိမ္းအမွတ္ အႀကိမ္(၂၀)ေျမာက္ စုေပါင္း ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲ ႏို၀င္ဘာလ(၂၀)ရက္ေန႔တြင္ က်င္းပမည္

တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ ထီးေတာ္တင္လွဴျခင္း အထိမ္းအမွတ္ အႀကိမ္(၂၀)ေျမာက္ စုေပါင္း ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲ ႏို၀င္ဘာလ(၂၀)ရက္ေန႔တြင္ က်င္းပမည္
နိုဝင်ဘာ 18, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕ရွိ ေရႊတိဂံုေစတီေတာ္အား ထီးေတာ္တင္လွဴျခင္း အထိမ္းအမွတ္ အျဖစ္ အႀကိမ္(၂၀)ေျမာက္  စုေပါင္း ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲကို ၂၀၁၈ခုႏွစ္ ႏို၀င္ဘာလ (၂၀) ရက္ နံနက္ (၆)နာရီအခ်ိန္တြင္ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲသို႔ ယခင္ႏွစ္မ်ားနည္းတူ  သံဃာေတာ္ ႏွင့္ သီလရွင္ စုစုေပါင္း အပါး (၃၅၀) ေက်ာ္တို႔ အား တာခ်ီလိတ္ၿမိဳ႕နယ္လံုးရွိ ေစတနာရွင္ အလွဴရွင္မ်ားက စည္ကားသိုက္ၿမိဳက္စြာ  ဆြမ္းဆန္စိမ္း ေလာင္းလွဴၾကမွာ ျဖစ္ရာ ေစတနာရွင္ အလွဴရွင္မ်ားအေနျဖင့္ လာေရာက္ ေလာင္းလွဴႏိုင္ေၾကာင္း သိရသည္။

ဆြမ္းေလာင္းလွဴပြဲ မစတင္မီ နံနက္ (၅)နာရီခြဲ ၀န္းက်င္တြင္ နဂါးႏွစ္ေကာင္ဆရာေတာ္ အပါအ၀င္ ဆရာေတာ္ႀကီး (၉) ပါးထံမွ ေဒသအုပ္ခ်ဳပ္ေရးဆိုင္ရာ အႀကီးအကဲမ်ား ႏွင့္ တိုင္းရင္းသားမ်ား၊ ႏိုင္ငံေရးပါတီမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား ႏွင့္ အလွဴရွင္မ်ားမွ ေရစက္သြန္းခ် တရားေတာ္ နာယူၿပီးေနာက္ ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲအား ျပဳလုပ္သြားမွာ ျဖစ္သည့္အတြက္ တာခ်ီလိတ္ၿမိဳ႕ရွိ ျပည္သူမ်ားမွ ပါ၀င္ကုသိုလ္ယူ လွဴဒါန္းႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။

ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲအတြက္ ပင့္သံဃာစာရင္းမွာ အပါး(၃၅၀)ဟု သတ္မွတ္ထားေသာ္လည္း အပါး(၄၀၀)၀န္းက်င္အထိ ၾကြေရာက္လာႏုိင္ဖြယ္ရွိေၾကာင္း သိရသည္။

တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္အား ၁၉၉၅ခုႏွစ္ ႏို၀င္ဘာ(၂)ရက္ေန႔က စတင္ ပႏၷက္တင္က တည္ထားခဲ့တာျဖစ္ၿပီး ေရႊထီးေတာ္တင္မဂၤလာႏွင့္ ဗုဒၶဘိေသကအေနကဇာတင္ပြဲကို ၁၉၉၈ခုႏွစ္ ႏို၀င္ဘာ(၁)ရက္ေန႔က က်င္းပျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်အား ထီးတော်တင်လှူခြင်း အထိမ်းအမှတ် အဖြစ် အကြိမ်(၂၀)မြောက် စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ၂၀၁၈ခုနှစ် နိုဝင်ဘာလ (၂၀) ရက် နံနက် (၆)နာရီအချိန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ယခင်နှစ်များနည်းတူ သံဃာတော် နှင့် သီလရှင် စုစုပေါင်း အပါး (၃၅၀) ကျော်တို့ အား တာချီလိတ်မြို့နယ်လုံးရှိ စေတနာရှင် အလှူရှင်များက စည်ကားသိုက်မြိုက်စွာ ဆွမ်းဆန်စိမ်း လောင်းလှူကြမှာ ဖြစ်ရာ စေတနာရှင် အလှူရှင်များအနဖြေင့် လာရောက် လောင်းလှူနိုင်ကြောင်း သိရသည်။

ဆွမ်းလောင်းလှူပွဲ မစတင်မီ နံနက် (၅)နာရီခွဲ ဝန်းကျင်တွင် နဂါးနှစ်ကောင်ဆရာတော် အပါအဝင် ဆရာတော်ကြီး (၉) ပါးထံမှ ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများ နှင့် တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် အလှူရှင်များမှ ရေစက်သွန်းချ တရားတော် နာယူပြီးနောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား ပြုလုပ်သွားမှာ ဖြစ်သည့်အတွက် တာချီလိတ်မြို့ရှိ ပြည်သူများမှ ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် ပင့်သံဃာစာရင်းမှာ အပါး(၃၅၀)ဟု သတ်မှတ်ထားသော်လည်း အပါး(၄၀၀)ဝန်းကျင်အထိ ကြွရောက်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

တာချီလိတ်ရွှေတိဂုံစေတီတော်အား ၁၉၉၅ခုနှစ် နိုဝင်ဘာ(၂)ရက်နေ့က စတင် ပန္နက်တင်က တည်ထားခဲ့တာဖြစ်ပြီး ရွှေထီးတော်တင်မင်္ဂလာနှင့် ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲကို ၁၉၉၈ခုနှစ် နိုဝင်ဘာ(၁)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~