လူကုန္ကူးခံရသည့္ ျမန္မာႏိုင္ငံသား ၁၄၅ ဦးကို ထိုင္းလဝကက ျမန္မာႏိုင္ငံသို႔ ျပန္လႊဲေပး

လူကုန္ကူးခံရသည့္ ျမန္မာႏိုင္ငံသား ၁၄၅ ဦးကို ထိုင္းလဝကက ျမန္မာႏိုင္ငံသို႔ ျပန္လႊဲေပး
နိုဝင်ဘာ 23, 2018
By Tachileik News Agency

လူကုန္ကူးခံရသည့္ ျမန္မာႏုိင္ငံသား (၁၄၅)ဦးကို စိစစ္မႈမ်ားလုပ္ေဆာင္ၿပီးေနာက္ ထုိင္းႏုိင္ငံ၊ ရေနာင္းခရိုင္ လူ၀င္မႈႀကီးၾကပ္ေရးဌာနက ျမန္မာႏုိင္ငံသို႔ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၂)ရက္ေန႔တြင္ ျပန္လည္ ပို႔ေဆာင္ေပးလုိက္ေၾကာင္း သိရသည္။

အဆိုပါျမန္မာႏိုင္ငံသားမ်ားသည္ ထုိင္းႏိုင္ငံမွတစ္ဆင့္ မေလးရွားႏိုင္ငံသို႔ ျဖတ္ေက်ာ္ ဝင္ေရာက္ရန္ႀကိဳးစားစဥ္ ထုိင္းႏုိင္ငံ၊ ရေနာင္းခရိုင္၊ ကလပ္ဘူလီၿမိဳ႕နယ္၌ ႏိုဝင္ဘာလ(၁၄)ရက္ေန႔ နံနက္(၁)နာရီဝန္းက်င္၌ ဖမ္းဆီးခံရၿပီး ရေနာင္းၿမိဳ႕ရွိ လူ၀င္မႈႀကီးၾကပ္ေရးအခ်ဳပ္တြင္ ယာယီထိန္းသိမ္းၿပီး လိုအပ္သည့္ စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

 ျမန္မာႏုိင္ငံသားမ်ားဖမ္းဆီးခံရမႈႏွင့္ပတ္သက္၍ ထုိင္းႏုိင္ငံရိွ ျမန္မာ အလုပ္သမားသံအရာရိွရံုးမွ တာဝန္ရိွသူမ်ားက ၂၀၁၈ ခုႏွစ္၊ ႏို၀င္ဘာလ (၁၆) ရက္ေန႔တြင္ ရေနာင္းၿမိဳ႕ လူဝင္မႈႀကီးၾကပ္ေရး အခ်ဳပ္တြင္ သြားေရာက္ေတြ႔ဆံုၿပီး အဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ားအား လိုအပ္သည့္ အကူညီမ်ားေပးျခင္းႏွင့္ ၎တို႔ အျမန္ဆံုးေနရပ္ျပန္ပို႔ႏိုင္ရန္ ထိုင္းလ၀ကမ်ားႏွင့္ ေတြ႕ဆံု ေဆြးေႏြးခဲ့ေၾကာင္း အလုပ္သမားသံအရာရိွရံုးက သတင္းထုတ္ျပန္မႈအရ သိရသည္။

ဖမ္းဆီးခံရသည့္ ျမန္မာလုပ္သားအမ်ားစုမွာ ျပည္ပသို႔ တရားဝင္အလုပ္သြားေရာက္လုပ္ကိုင္ရန္ ေဆာင္ရြက္ရမည္တုိ႔ကို သိရိွနားလည္ျခင္းမရိွဘဲ လူကုန္ကူးသူမ်ားက လိမ္လည္ကာ တရားမ၀င္ လမ္းေၾကာင္းမ်ားမွ ေခၚေဆာင္ခံရမႈမ်ားျပားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - LA Thailand


~~~~~~~~⊰❂ unicode ~~~~~~~~

လူကုန်ကူးခံရသည့် မြန်မာနိုင်ငံသား (၁၄၅)ဦးကို စိစစ်မှုများလုပ်ဆောင်ပြီးနောက် ထိုင်းနိုင်ငံ၊ ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်နေ့တွင် ပြန်လည် ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

အဆိုပါမြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ဖြတ်ကျော် ဝင်ရောက်ရန်ကြိုးစားစဉ် ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်၊ ကလပ်ဘူလီမြို့နယ်၌ နိုဝင်ဘာလ(၁၄)ရက်နေ့ နံနက်(၁)နာရီဝန်းကျင်၌ ဖမ်းဆီးခံရပြီး ရနောင်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေးအချုပ်တွင် ယာယီထိန်းသိမ်းပြီး လိုအပ်သည့် စစ်ဆေးမှုများ လုပ်ဆောင်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 မြန်မာနိုင်ငံသားများဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားသံအရာရှိရုံးမှ တာဝန်ရှိသူများက ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့တွင် ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေး အချုပ်တွင် သွားရောက်တွေ့ဆုံပြီး အဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား လိုအပ်သည့် အကူညီများပေးခြင်းနှင့်၎င်းတို့ အမြန်ဆုံးနေရပ်ပြန်ပို့နိုင်ရန် ထိုင်းလဝကများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်မှုအရ သိရသည်။

ဖမ်းဆီးခံရသည့် မြန်မာလုပ်သားအများစုမှာ ပြည်ပသို့ တရားဝင်အလုပ်သွားရောက်လုပ်ကိုင်ရန် ဆောင်ရွက်ရမည်တို့ကို သိရှိနားလည်ခြင်းမရှိဘဲ လူကုန်ကူးသူများက လိမ်လည်ကာ တရားမဝင် လမ်းကြောင်းများမှ ခေါ်ဆောင်ခံရမှုများပြားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - LA Thailand

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~