VIP အတြက္စီစဥ္ေပးရသည့္အခန္းခႏွင့္ အာမခံစေပၚေငြ ျပန္လည္ရလိုမႈျဖင့္ နမၼဒါတည္းခိုေဆာင္လုပ္ငန္းရွင္က ေရႊစက္ေတာ္ဘုရားေဂါပက ဥကၠ႒အား တရားစဲြဆို

VIP အတြက္စီစဥ္ေပးရသည့္အခန္းခႏွင့္ အာမခံစေပၚေငြ ျပန္လည္ရလိုမႈျဖင့္ နမၼဒါတည္းခိုေဆာင္လုပ္ငန္းရွင္က ေရႊစက္ေတာ္ဘုရားေဂါပက ဥကၠ႒အား တရားစဲြဆို
အောက်တိုဘာ 3, 2018
By 🌸
ေရႊစက္ေတာ္ဘုရား ေဂါပကအဖြဲ႔ဥကၠ႒အား နမၼဒါ(၁)တည္းခိုေဆာင္လုပ္ငန္းရွင္တစ္ဦးက လုပ္ငန္းအာမခံ စေပၚတင္သြင္းေငြ က်ပ္သိန္း(၁၀၀) နွင့္ တည္းခုိခန္းခ က်သင့္ေငြ က်ပ္(၉၆)သိန္းရလုိမႈျဖင့္ မင္းဘူးၿမိဳ႕နယ္တရား ရံုးတြင္ တရားစြဲဆုိထားေၾကာင္းသိရသည္။

“ၿပီးခဲ့တဲ့၂၀၁၈ ခုနွစ္ ဘုရားပြဲေတာ္ရာသီမွာ နမၼဒါ(၁)တည္းခုိေဆာင္လုပ္ငန္းကုိ သတ္မွတ္စည္းကမ္းခ်က္ ေတြနဲ႔အညီ သတ္မွတ္နႈန္းထားနဲ႔ ရယူလုပ္ကုိင္ခဲ့တာပါ။ အဲဒီလုိရယူတဲ့ေနရာမွာ စည္းကမ္းခ်က္ေဖာက္ဖ်က္ရင္ ဒဏ္ေငြတပ္ရိုက္နုိင္ဖုိ႔အတြက္ အာမခံစေပၚေငြ က်ပ္သိန္း(၁၀၀) တင္ထားရပါတယ္။ ဘာစည္းကမ္း ေဖာက္ဖ်က္မႈမွ မရွိဘဲနဲ႔ အာမခံစေပၚေငြကုိ ျပန္ထုတ္မေပးတာေၾကာင့္ရယ္ ဘုရားပြဲေတာ္ရာသီအတြင္း ေဂါပကအဖြဲ႔ဥကၠ႒က ဖုန္းနဲ႔တစ္မ်ိဳး၊ စာနဲ႔တစ္မ်ိဳး လူႀကီးေတြအတြက္ဆိုၿပီး တည္းခုိခန္းစီစဥ္ေပးဖုိ႔ ေတာင္းခံခ်က္အရ စီစဥ္ေပးခဲ့ရပါတယ္။ အဲဒီအခန္းေတြအတြက္အခန္းခက်သင့္ေငြ (၉၆)သိန္းကိုလည္း ေပးေခ်ျခင္းမရွိခဲ့တဲ့အတြက္ စက္တင္ဘာလ(၁၄) ရက္ေန႔က တရားစြဲဆိုခဲ့ျခင္းျဖစ္ပါတယ္”ဟု နမၼဒါတည္းခိုေဆာင္လုပ္ငန္းရွင္ ဦးေက်ာ္ႏိုင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ယခင္ကတည္းက ေရႊစက္ေတာ္ဘုရားပဲြေတာ္တြင္ ႏိုင္ငံေတာ္အဆင့္ႏွင့္ တိုင္းေဒသႀကီးအဆင့္မွ တာဝန္ရိွသူမ်ားႏွင့္ မိသားစုမ်ား လာေရာက္ပါက နမၼဒါတည္းခိုေဆာင္၌ VIP အေနျဖင့္ စီစဥ္ေပးရေလ့ရိွခဲ့သည္ဟု ေရႊစက္ေတာ္ဘုရာေဂါပကအဖြဲ႔ ဥကၠ႒ ဦးသိန္းလိႈင္ကဆိုသည္။

“နိုင္ငံေတာ္အဆင့္၊ တု္ိင္းေဒသႀကီးအဆင့္ကအစိုးရအဖြဲ႔ အႀကီးအကဲေတြ၊ ဝန္ႀကီးအဆင့္နဲ႔မိသားစုေတြလာရင္ တည္းဖုိ႔ခုိဖုိ႔ ေရွးအစဥ္အဆက္ကအတုိင္း စီစဥ္ေပးၾကရပါတယ္။ အခု၂၀၁၈ဘုရားပြဲေတာ္ရာသီမွာလည္း VIP အတြက္ နမၼဒါ(၁)က တည္းခုိေဆာင္(၄)လံုး၊ နမၼဒါ(၂)က (၄)လံုး ေပးဖုိ႔ နႈတ္ကတိနဲ႔ သေဘာတူထားခဲ့ၾကတာပါ။ အဲဒီ VIP တည္းခုိခန္းေပးရတာနဲ႔ပတ္သက္ၿပီး နမၼဒါ(၂)က ဘာျပႆနာမွမလုပ္ခဲ့ဘဲ ဘုရားပြဲေတာ္မၿပီးခင္ ဧၿပီလ (၆) ရက္ေန႔မွာ နမၼဒါ(၁)တည္းခုိေဆာင္လုပ္ငန္းရွင္ ဦးေက်ာ္နုိင္ဦးက ဘုမသိဘမသိနဲ႔ လူႀကီးေတြတည္းခိုတဲ့ က်သင့္ခ (၉၆)သိန္းေပးဖုိ႔ လူမႈေရးဝန္ႀကီးေဒါက္တာခင္ေမာင္ေအးဆီကို ေတာင္းခံခဲ့ၿပီး အာမခံစေပၚတင္ထားေငြ က်ပ္သိန္း (၁၀၀)ကိုလည္း ျပန္ေပးဖို႔ ၾသဂုတ္လ(၂၀)ရက္ေန႔မွာ ေဂါပကဥကၠ႒ကိုလိပ္မူၿပီး အဲဒီေငြကုိဥကၠ႒က ေပးေခ်ရမယ္ဆိုၿပီး စာနဲ႔ ေတာင္းခံခဲ့တာပါ။ အဲဒါမေပးလုိ႔ဆုိၿပီး တရားစြဲတာပါပဲ” ဟု ေရႊစက္ေတာ္ဘုရာေဂါပကအဖြဲ႔ ဥကၠ႒ ဦးသိန္းလိႈင္က ေျပာသည္။

အာမခံစေပၚေငြ ျပန္မရျခင္းမွာ နမၼဒါ(၁)ကို လုပ္ကိုင္ခဲ့သည့္ တင္ထားေငြႏွင့္ပတ္သက္၍ ဦးေက်ာ္ႏို္င္ဦးက သတ္မွတ္ထားသည္ထက္ အခန္းပုိေဆာက္ထားသျဖင့္ ဒဏ္ေငြ က်ပ္သိန္း(၁၅၀) ေပးေဆာင္ရမည္ျဖစ္ရာ အာမခံစေပၚေငြအျပင္ က်ပ္သိန္း(၅၀) ထပ္မံေပးသြင္းရန္ က်န္ရိွေနေသးေၾကာင္း ေဂါပကအဖြဲ႕ထံမွ သိရသည္။

ဦးေက်ာ္ႏိုင္ဦးက အခန္းခေငြ က်ပ္(၉၆)သိန္းရလိုမႈ၊ အာမခံစေပၚေငြ က်ပ္သိန္း(၁၀၀) ျပန္လည္ရလိုမႈတို႔ျဖင့္ မင္းဘူးၿမိဳ႕နယ္တရားရံုးသို႔ တရားမႀကီးအမႈအမွတ္ ၉၀/၂၀၁၈ ျဖင့္လည္းေကာင္း၊ ၉၁/၂၀၁၈ ျဖင့္လည္းေကာင္း တရားစဲြဆိုထားသည့္အေပၚ ေဂါပကအဖဲြ႔ဥကၠဌ ဦးသိန္းလိႈင္က ေအာက္တိုဘာ(၈)ရက္ေန႔ရံုးခ်ိန္း၌ ေရွ႕ေနျဖင့္ ေခ်ပလႊာ ျပန္တင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
VIP အတွက်စီစဉ်ပေးရသည့်အခန်းခနှင့် အာမခံစပေါ်ငွေ ပြန်လည်ရလိုမှုဖြင့် နမ္မဒါတည်းခိုဆောင်လုပ်ငန်းရှင်က ရွှေစက်တော်ဘုရားဂေါပက ဥက္ကဋ္ဌအား တရားစွဲဆို
*************
ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌအား နမ္မဒါ(၁)တည်းခိုဆောင်လုပ်ငန်းရှင်တစ်ဦးက လုပ်ငန်းအာမခံ စပေါ်တင်သွင်းငွေ ကျပ်သိန်း(၁၀၀) နှင့် တည်းခိုခန်းခ ကျသင့်ငွေ ကျပ်(၉၆)သိန်းရလိုမှုဖြင့် မင်းဘူးမြို့နယ်တရား ရုံးတွင် တရားစွဲဆိုထားကြောင်းသိရသည်။

“ပြီးခဲ့တဲ့၂၀၁၈ ခုနှစ် ဘုရားပွဲတော်ရာသီမှာ နမ္မဒါ(၁)တည်းခိုဆောင်လုပ်ငန်းကို သတ်မှတ်စည်းကမ်းချက် တွေနဲ့အညီ သတ်မှတ်နှုန်းထားနဲ့ ရယူလုပ်ကိုင်ခဲ့တာပါ။ အဲဒီလိုရယူတဲ့နေရာမှာ စည်းကမ်းချက်ဖောက်ဖျက်ရင် ဒဏ်ငွေတပ်ရိုက်နိုင်ဖို့အတွက် အာမခံစပေါ်ငွေ ကျပ်သိန်း(၁၀၀) တင်ထားရပါတယ်။ ဘာစည်းကမ်း ဖောက်ဖျက်မှုမှ မရှိဘဲနဲ့ အာမခံစပေါ်ငွေကို ပြန်ထုတ်မပေးတာကြောင့်ရယ် ဘုရားပွဲတော်ရာသီအတွင်း ဂေါပကအဖွဲ့ဥက္ကဋ္ဌက ဖုန်းနဲ့တစ်မျိုး၊ စာနဲ့တစ်မျိုး လူကြီးတွေအတွက်ဆိုပြီး တည်းခိုခန်းစီစဉ်ပေးဖို့ တောင်းခံချက်အရ စီစဉ်ပေးခဲ့ရပါတယ်။ အဲဒီအခန်းတွေအတွက်အခန်းခကျသင့်ငွေ (၉၆)သိန်းကိုလည်း ပေးချေခြင်းမရှိခဲ့တဲ့အတွက် စက်တင်ဘာလ(၁၄) ရက်နေ့က တရားစွဲဆိုခဲ့ခြင်းဖြစ်ပါတယ်”ဟု နမ္မဒါတည်းခိုဆောင်လုပ်ငန်းရှင် ဦးကျော်နိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခင်ကတည်းက ရွှေစက်တော်ဘုရားပွဲတော်တွင် နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီးအဆင့်မှ တာဝန်ရှိသူများနှင့် မိသားစုများ လာရောက်ပါက နမ္မဒါတည်းခိုဆောင်၌ VIP အနေဖြင့် စီစဉ်ပေးရလေ့ရှိခဲ့သည်ဟု ရွှေစက်တော်ဘုရာဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းလှိုင်ကဆိုသည်။

“နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီးအဆင့်ကအစိုးရအဖွဲ့ အကြီးအကဲတွေ၊ ဝန်ကြီးအဆင့်နဲ့မိသားစုတွေလာရင် တည်းဖို့ခိုဖို့ ရှေးအစဉ်အဆက်ကအတိုင်း စီစဉ်ပေးကြရပါတယ်။ အခု၂၀၁၈ဘုရားပွဲတော်ရာသီမှာလည်း VIP အတွက် နမ္မဒါ(၁)က တည်းခိုဆောင်(၄)လုံး၊ နမ္မဒါ(၂)က (၄)လုံး ပေးဖို့ နှုတ်ကတိနဲ့ သဘောတူထားခဲ့ကြတာပါ။ အဲဒီ VIP တည်းခိုခန်းပေးရတာနဲ့ပတ်သက်ပြီး နမ္မဒါ(၂)က ဘာပြဿနာမှမလုပ်ခဲ့ဘဲ ဘုရားပွဲတော်မပြီးခင် ဧပြီလ (၆) ရက်နေ့မှာ နမ္မဒါ(၁)တည်းခိုဆောင်လုပ်ငန်းရှင် ဦးကျော်နိုင်ဦးက ဘုမသိဘမသိနဲ့ လူကြီးတွေတည်းခိုတဲ့ ကျသင့်ခ (၉၆)သိန်းပေးဖို့ လူမှုရေးဝန်ကြီးဒေါက်တာခင်မောင်အေးဆီကို တောင်းခံခဲ့ပြီး အာမခံစပေါ်တင်ထားငွေ ကျပ်သိန်း (၁၀၀)ကိုလည်း ပြန်ပေးဖို့ သြဂုတ်လ(၂၀)ရက်နေ့မှာ ဂေါပကဥက္ကဋ္ဌကိုလိပ်မူပြီး အဲဒီငွေကိုဥက္ကဋ္ဌက ပေးချေရမယ်ဆိုပြီး စာနဲ့ တောင်းခံခဲ့တာပါ။ အဲဒါမပေးလို့ဆိုပြီး တရားစွဲတာပါပဲ” ဟု ရွှေစက်တော်ဘုရာဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောသည်။

အာမခံစပေါ်ငွေ ပြန်မရခြင်းမှာ နမ္မဒါ(၁)ကို လုပ်ကိုင်ခဲ့သည့် တင်ထားငွေနှင့်ပတ်သက်၍ ဦးကျော်နိုင်ဦးက သတ်မှတ်ထားသည်ထက် အခန်းပိုဆောက်ထားသဖြင့် ဒဏ်ငွေ ကျပ်သိန်း(၁၅၀) ပေးဆောင်ရမည်ဖြစ်ရာ အာမခံစပေါ်ငွေအပြင် ကျပ်သိန်း(၅၀) ထပ်မံပေးသွင်းရန် ကျန်ရှိနေသေးကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ဦးကျော်နိုင်ဦးက အခန်းခငွေ ကျပ်(၉၆)သိန်းရလိုမှု၊ အာမခံစပေါ်ငွေ ကျပ်သိန်း(၁၀၀) ပြန်လည်ရလိုမှုတို့ဖြင့် မင်းဘူးမြို့နယ်တရားရုံးသို့ တရားမကြီးအမှုအမှတ် ၉၀/၂၀၁၈ ဖြင့်လည်းကောင်း၊ ၉၁/၂၀၁၈ ဖြင့်လည်းကောင်း တရားစွဲဆိုထားသည့်အပေါ် ဂေါပကအဖွဲ့ဥက္ကဌ ဦးသိန်းလှိုင်က အောက်တိုဘာ(၈)ရက်နေ့ရုံးချိန်း၌ ရှေ့နေဖြင့် ချေပလွှာ ပြန်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း#ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~