လားရိႈးႏွင့္ ေရပူေက်းရြာၾကား ျပည္ေထာင္စုလမ္းတြင္ ေရွာင္တခင္စစ္ေဆးရာ တရားမဝင္ သစ္တင္လာသည့္ ေမာ္ေတာ္ယာဥ္ (၁၁)စီး ပိုင္ရွင္မဲ့ဖမ္းမိ

လားရိႈးႏွင့္ ေရပူေက်းရြာၾကား ျပည္ေထာင္စုလမ္းတြင္ ေရွာင္တခင္စစ္ေဆးရာ တရားမဝင္ သစ္တင္လာသည့္ ေမာ္ေတာ္ယာဥ္ (၁၁)စီး ပိုင္ရွင္မဲ့ဖမ္းမိ
အောက်တိုဘာ 13, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ႏွင့္ ေရပူေက်းရြာအၾကား ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္တြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၃)ရက္ေန႔က ေရွာင္တခင္စစ္ေဆးမႈမ်ား လုပ္ေဆာင္ရာ တရားမဝင္ သစ္တင္လာသည့္ ေမာ္ေတာ္ယာဥ္မ်ိဳးစံု (၁၁)စီးကို ဖမ္းမိေၾကာင္း သိရသည္။

သိန္းနီၿမိဳ႕နယ္ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းမွ အေကာက္ခြန္အဖြဲ႕ႏွင့္ ျပည္သူ႔စစ္အဖြဲ႕တုိ႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္ ေရွာင္တခင္စစ္ေဆးမႈမ်ားေဆာင္ရြက္ေနစဥ္ နံနက္(၁၀)နာရီဝန္းက်င္၌ (၁၉၃)မုိင္ (၆)ဖာလံုခန္႔ရိွ မုိင္းလီေက်းရြာအေနာက္ဘက္ကြင္းျပင္တြင္ ရပ္တန္႔ထားသည့္ ေမာ္ေတာ္ယာဥ္(၆)စီးေပၚ၌ တရားမဝင္သစ္မ်ား တင္ထားသည္ကို စစ္ေဆးေတြ႔ရၿပီးေနာက္ နံနက္ (၁၁)နာရီဝန္းက်င္တြင္ အဆိုပါေနရာႏွင့္ (၂)မုိင္ခန္႔အကြာရိွ ေကာင္းဆာေက်းရြာအေနာက္ဘက္ ေဘာလံုးကြင္းတြင္ရပ္ထားသည့္ ေမာ္ေတာ္ယာဥ္ (၅)စီးတြင္လည္း တရားမဝင္ တင္လာသည့္ သစ္မ်ားကို ဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ သစ္မ်ားႏွင့္ ေမာ္ေတာ္ယာဥ္မ်ားကို သစ္ေတာဦးစီးဌာနသို႔ လႊဲေျပာင္းေပးထားၿပီး သစ္အမ်ိဳးအစားႏွင့္ သစ္တန္ခ်ိန္တို႔ကို စိစစ္တြက္ခ်က္မႈၿပီးပါက အမႈဖြင့္အေရးယူႏုိင္ေရး ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - အေကာက္ခြန္လႈပ္ရွားစစ္ေဆးေရးအဖြဲ႔

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးနှင့် ရေပူကျေးရွာကြား ပြည်ထောင်စုလမ်းတွင် ရှောင်တခင်စစ်ဆေးရာ တရားမဝင် သစ်တင်လာသည့် မော်တော်ယာဉ် (၁၁)စီး ပိုင်ရှင်မဲ့ဖမ်းမိ
*************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နှင့် ရေပူကျေးရွာအကြား ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့က ရှောင်တခင်စစ်ဆေးမှုများ လုပ်ဆောင်ရာ တရားမဝင် သစ်တင်လာသည့် မော်တော်ယာဉ်မျိုးစုံ (၁၁)စီးကို ဖမ်းမိကြောင်း သိရသည်။

သိန်းနီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းမှ အကောက်ခွန်အဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ပြည်ထောင်စုလမ်းမကြီးတလျှောက် ရှောင်တခင်စစ်ဆေးမှုများဆောင်ရွက်နေစဉ် နံနက်(၁၀)နာရီဝန်းကျင်၌ (၁၉၃)မိုင် (၆)ဖာလုံခန့်ရှိ မိုင်းလီကျေးရွာအနောက်ဘက်ကွင်းပြင်တွင် ရပ်တန့်ထားသည့် မော်တော်ယာဉ်(၆)စီးပေါ်၌ တရားမဝင်သစ်များ တင်ထားသည်ကို စစ်ဆေးတွေ့ရပြီးနောက် နံနက်(၁၁)နာရီဝန်းကျင်တွင် အဆိုပါနေရာနှင့် (၂)မိုင်ခန့်အကွာရှိ ကောင်းဆာကျေးရွာအနောက်ဘက် ဘောလုံးကွင်းတွင်ရပ်ထားသည့် မော်တော်ယာဉ် (၅)စီးတွင်လည်း တရားမဝင် တင်လာသည့် သစ်များကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် သစ်များနှင့် မော်တော်ယာဉ်များကို သစ်တောဦးစီးဌာနသို့ လွှဲပြောင်းပေးထားပြီး သစ်အမျိုးအစားနှင့် သစ်တန်ချိန်တို့ကို စိစစ်တွက်ချက်မှုပြီးပါက အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - အကောက်ခွန်လှုပ်ရှားစစ်ဆေးရေးအဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~