တာခ်ီလိတ္ၿမိဳ႕တြင္ အုတ္၊သဲ၊ေက်ာက္၊ထံုးႏွင့္ ေျမႀကီးသယ္ယာဥ္မ်ားကို ပညာေပးကာလစတင္ေနၿပီး ႏိုဝင္ဘာလလယ္မွစ၍ အေရးယူေတာ့မည္

တာခ်ီလိတ္ၿမိဳ႕တြင္ အုတ္၊သဲ၊ေက်ာက္၊ထံုးႏွင့္ ေျမႀကီးသယ္ယာဥ္မ်ားကို ပညာေပးကာလစတင္ေနၿပီး ႏိုဝင္ဘာလလယ္မွစ၍ အေရးယူေတာ့မည္
အောက်တိုဘာ 16, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ အုတ္၊သဲ၊ေက်ာက္၊ထုံးႏွင့္ ေျမႀကီးမ်ား တင္ေဆာင္သည့္ ယာဥ္မ်ား စည္းကမ္းတက်သယ္ေဆာင္ရန္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနႏွင့္  အမွတ္(၁၁၉) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(တာခ်ီလိတ္ခရိုင္) ပူးေပါင္းပညာေပးျခင္းကို ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၁၆)ရက္ေန႔တြင္ စတင္ေဆာင္ရြက္ေနၿပီး ႏိုဝင္ဘာလလယ္မွစ၍ အေရးယူေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

“အခု ပညာေပးအေနနဲ႔ (၃)ႀကိမ္ ေဆာင္ရြက္သြားၿပီးတာနဲ႔ အေရးယူမႈေတြကို ေရွ႕လလယ္ေလာက္ကစၿပီး လုပ္ေဆာင္သြားမွာပါ။ သတိေပးစာလည္းထုတ္ၿပီးၿပီ ပညာေပးကာလလည္းေက်ာ္ၿပီဆိုရင္ စည္ပင္သာယာေရးဥပေဒနဲ႔ အေရးယူေတာ့မွာပါ။ ဒါက သူတို႔စီးပြားေရးလုပ္ငန္းေတြကို ထိခိုက္ေအာင္ လုပ္ေနတာမဟုတ္ပါဘူး။ ကိုယ့္လုပ္ရပ္ေၾကာင့္ တစ္ပါးသူထိခိုက္မႈမရိွေအာင္ စည္းကမ္းလုိက္နာဖို႔ လုပ္ေနတာပါ”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးစိုင္းေအာင္လင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အုတ္၊သဲ၊ေက်ာက္ႏွင့္ ေျမႀကီးသယ္ယာဥ္ေမာင္းမ်ားအား စည္းကမ္းတက်သယ္ေဆာင္ေရး အသိပညာေပးျခင္းကို အဆိုပါယာဥ္မ်ား အမ်ားဆံုးျဖတ္သန္းသြားလာေနသည့္ ပုံလို႔လမ္းဆုံႏွင့္ ပါဆတ္ကားေလးကြင္းအနီးတြင္ ေအာက္တိုဘာလ (၁၆)ရက္ေန႔က ေဆာင္ရြက္ေနသည္ကို ေတြ႔ရသည္။

“စနစ္တက်မသယ္ေဆာင္တဲ့အတြက္ လမ္းေပၚဖိတ္စင္က်မႈေတြေၾကာင့္ ယာဥ္တုိက္မႈ၊ ယာဥ္တိမ္းေမွာက္မႈေတြ ျဖစ္ရတဲ့ သာဓကေတြလည္း ရိွေနပါတယ္။ အုတ္၊သဲ၊ေက်ာက္၊ ေျမႀကီးသယ္ယာဥ္ေတြ စနစ္တက် သယ္ေဆာင္ဖို႔က စည္ပင္ကေန ႀကီးၾကပ္ေဆာင္ရြက္ရၿပီး ကၽြန္ေတာ္တို႔က ပူးေပါင္းေဆာင္ရြက္ရတာပါ”ဟု တာခ်ီလိတ္ခရိုင္ ယာဥ္ထိန္းရဲတပ္ဖြဲ႕စု (၁၁၉)မွ ဒုရဲမွဴး ေဇာ္မင္းသိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပညာေပးေဆာင္ရြက္ျခင္းႏွင့္အတူ ေအာက္တိုဘာလ (၁၆)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕၏ အဓိကလမ္းမႀကီး ျဖစ္သည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘးရိွ ခရိုင္စုေပါင္းရံုးတည္ေဆာက္ေရးလုပ္ငန္းခြင္မွ ေျမသယ္ယာဥ္မ်ား စည္းကမ္းမလုိက္နာမႈျဖင့္ စည္ပင္သာယာေရးဌာနက ဒဏ္ရိုက္ အေရးယူလုိက္ေၾကာင္း သိရသည္။

အုတ္၊သဲ၊ေက်ာက္၊ ထံုး၊ ေျမသယ္ယာဥ္မ်ားအေနျဖင့္ ပစၥည္းမ်ားသယ္ေဆာင္ရာတြင္ လမ္းေပၚသို႔ ဖိတ္က်မႈမရိွေစရန္ အမိုးအကာမ်ား ျပဳလုပ္တင္ေဆာင္ရန္၊ ယာဥ္၏ေဘးေဘာင္သို႔ေက်ာ္၍ တင္ေဆာင္ျခင္း မျပဳရန္၊ ေနာက္ပိတ္တံခါးဖြင့္၍ ေမာင္းႏွင္ျခင္းမျပဳရန္တို႔ကို လိုက္နာေဆာင္ရြက္ၾကရျခင္းျဖစ္သည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ အုတ္၊သဲ၊ေက်ာက္၊ေျမသယ္ယာဥ္မ်ား ပစၥည္းသယ္ရာ၌ လမ္းေပၚဖိတ္က်မႈမရိွေစဘဲ သယ္ေဆာင္ရန္အျပင္ ယာဥ္စည္းကမ္း၊လမ္းစည္းကမ္းလိုက္နာေရးအတြက္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁)ရက္ေန႔မွ (၂၀)ရက္ေန႔အထိ ရက္ေပါင္း(၂၀)ပညာေပးေဆာင္ရြက္ၿပီးေနာက္ ရွမ္းျပည္နယ္ စည္ပင္သာယာေရး အက္ဥပေဒျဖင့္ အေရးယူမႈမ်ား လုပ္ေဆာင္ေနၿပီျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဇြဲဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့တွင် အုတ်၊သဲ၊ကျောက်၊ထုံးနှင့် မြေကြီးသယ်ယာဉ်များကို ပညာပေးကာလစတင်နေပြီး နိုဝင်ဘာလလယ်မှစ၍ အရေးယူတော့မည်
************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အုတ်၊သဲ၊ကျောက်၊ထုံးနှင့် မြကြေီးများ တင်ဆောင်သည့် ယာဉ်များ စည်းကမ်းတကျသယ်ဆောင်ရန် မြို့နယ်စည်ပင်သာယာရေးဌာနနှင့် အမှတ်(၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်ခရိုင်) ပူးပေါင်းပညာပေးခြင်းကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၆)ရက်နေ့တွင် စတင်ဆောင်ရွက်နပြေီး နိုဝင်ဘာလလယ်မှစ၍ အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။

“အခု ပညာပေးအနေနဲ့ (၃)ကြိမ် ဆောင်ရွက်သွားပြီးတာနဲ့ အရေးယူမှုတွေကို ရှေ့လလယ်လောက်ကစပြီး လုပ်ဆောင်သွားမှာပါ။ သတိပေးစာလည်းထုတ်ပြီးပြီ ပညာပေးကာလလည်းကျော်ပြီဆိုရင် စည်ပင်သာယာရေးဥပဒေနဲ့ အရေးယူတော့မှာပါ။ ဒါက သူတို့စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်အောင် လုပ်နေတာမဟုတ်ပါဘူး။ ကိုယ့်လုပ်ရပ်ကြောင့် တစ်ပါးသူထိခိုက်မှုမရှိအောင် စည်းကမ်းလိုက်နာဖို့ လုပ်နေတာပါ”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အုတ်၊သဲ၊ကျောက်နှင့် မြေကြီးသယ်ယာဉ်မောင်းများအား စည်းကမ်းတကျသယ်ဆောင်ရေး အသိပညာပေးခြင်းကို အဆိုပါယာဉ်များ အများဆုံးဖြတ်သန်းသွားလာနေသည့် ပုံလို့လမ်းဆုံနှင့် ပါဆတ်ကားလေးကွင်းအနီးတွင် အောက်တိုဘာလ (၁၆)ရက်နေ့က ဆောင်ရွက်နေသည်ကို တွေ့ရသည်။

“စနစ်တကျမသယ်ဆောင်တဲ့အတွက် လမ်းပေါ်ဖိတ်စင်ကျမှုတွေကြောင့် ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုတွေ ဖြစ်ရတဲ့ သာဓကတွေလည်း ရှိနေပါတယ်။ အုတ်၊သဲ၊ကျောက်၊ မြေကြီးသယ်ယာဉ်တွေ စနစ်တကျ သယ်ဆောင်ဖို့က စည်ပင်ကနေ ကြီးကြပ်ဆောင်ရွက်ရပြီး ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်ရတာပါ”ဟု တာချီလိတ်ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၁၉)မှ ဒုရဲမှူး ဇော်မင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပညာပေးဆောင်ရွက်ခြင်းနှင့်အတူ အောက်တိုဘာလ (၁၆)ရက်နေ့က တာချီလိတ်မြို့၏ အဓိကလမ်းမကြီး ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ခရိုင်စုပေါင်းရုံးတည်ဆောက်ရေးလုပ်ငန်းခွင်မှ မြေသယ်ယာဉ်များ စည်းကမ်းမလိုက်နာမှုဖြင့် စည်ပင်သာယာရေးဌာနက ဒဏ်ရိုက် အရေးယူလိုက်ကြောင်း သိရသည်။

အုတ်၊သဲ၊ကျောက်၊ ထုံး၊ မြေသယ်ယာဉ်များအနေဖြင့် ပစ္စည်းများသယ်ဆောင်ရာတွင် လမ်းပေါ်သို့ ဖိတ်ကျမှုမရှိစေရန် အမိုးအကာများ ပြုလုပ်တင်ဆောင်ရန်၊ ယာဉ်၏ဘေးဘောင်သို့ကျော်၍ တင်ဆောင်ခြင်း မပြုရန်၊ နောက်ပိတ်တံခါးဖွင့်၍ မောင်းနှင်ခြင်းမပြုရန်တို့ကို လိုက်နာဆောင်ရွက်ကြရခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အုတ်၊သဲ၊ကျောက်၊မြေသယ်ယာဉ်များ ပစ္စည်းသယ်ရာ၌ လမ်းပေါ်ဖိတ်ကျမှုမရှိစေဘဲ သယ်ဆောင်ရန်အပြင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလိုက်နာရေးအတွက် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့မှ (၂၀)ရက်နေ့အထိ ရက်ပေါင်း(၂၀)ပညာပေးဆောင်ရွက်ပြီးနောက် ရှမ်းပြည်နယ် စည်ပင်သာယာရေး အက်ဥပဒေဖြင့် အရေးယူမှုများ လုပ်ဆောင်နေပြီဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဇွဲမြတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~