ထုိင္းႏုိင္ငံတြင္း ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၉၀၈)ဦးကို (၉)လအတြင္း တာခ်ီလိတ္သို႔ လႊဲေျပာင္းထား

ထုိင္းႏုိင္ငံတြင္း ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသား (၉၀၈)ဦးကို (၉)လအတြင္း တာခ်ီလိတ္သို႔ လႊဲေျပာင္းထား
အောက်တိုဘာ 2, 2018
By 🌸
ထုိင္းႏုိင္ငံတြင္း ဖမ္းဆီးခံရသူ (၉၀၈)ဦးကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ (၉)လအတြင္း ထုိင္းတာဝန္ရိွသူမ်ားက လႊဲေျပာင္းေပးၿပီးေနာက္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၂) ရက္ေန႔က အမ်ိဳးသား(၂)ဦး ထပ္မံလႊဲေျပာင္းေပးေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံမွ လႊဲေျပာင္းလာသည့္ ျမန္မာႏုိင္ငံသားအေရအတြက္မွာ ၂၀၁၈ခုႏွစ္၊ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ေအာက္တုိဘာလ(၂)ရက္ေန႔အထိ အမ်ိဳးသား(၆၀၇)ဦး၊ အမ်ိဳးသမီး (၂၇၂) ဦးႏွင့္ ကေလး(၃၁) ဦး စုစုေပါင္း(၉၁၀) ဦး ရွိၿပီျဖစ္ေၾကာင္း သိရသည္။

လႊဲေျပာင္းေပးလာသည့္ ျမန္မာႏုိင္ငံသားမ်ားကို ျမန္မာ-ထုိင္း ခ်စ္ၾကည္ေရးတံတားအမွတ္(၂) တာခ်ီလိတ္ဘက္ျခမ္းတြင္  အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဆုိင္ရာဌာန ဦးစီးဌာန၊  ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ တာခ်ီလိတ္အေျခစိုက္ လူမႈကူညီေရးအဖြဲ႕တစ္ခုျဖစ္သည့္ ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညွိႏွိဳင္းေရး ေကာ္မတီ (CNCMC )တို႔က စိစစ္လက္ခံၾကျခင္းျဖစ္သည္။

ထိုင္းႏိုင္ငံတြင္း တရားမဝင္သြားေရာက္ျခင္း၊ နယ္ေျမေက်ာ္လြန္သြားလာျခင္း၊ ရက္ေက်ာ္ေနထုိင္ျခင္း မ်ားေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသားမ်ားကို ထုိင္းႏုိင္ငံက ျမန္မာဘက္သို႔ ျပန္လည္လႊဲေျပာင္းေပးၿပီး ျမန္မာႏုိင္ငံအတြင္းသို႔ တရားမဝင္ ဝင္ေရာက္သည့္ ထိုင္းႏုိင္ငံသားမ်ားအေနျဖင့္ အျခားျပစ္မႈမ်ား က်ဴးလြန္ျခင္းမရိွပါက ျပည္ႏွင္ဒဏ္ျဖင့္ ျမန္မာဘက္က ထိုင္းႏုိင္ငံသို႔ ျပန္လႊဲေပးေလ့ရိွေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု #CNCMC

~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၉၀၈)ဦးကို (၉)လအတွင်း တာချီလိတ်သို့ လွှဲပြောင်းထား
*****************
ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသူ (၉၀၈)ဦးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ (၉)လအတွင်း ထိုင်းတာဝန်ရှိသူများက လွှဲပြောင်းပေးပြီးနောက် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့က အမျိုးသား(၂)ဦး ထပ်မံလွှဲပြောင်းပေးကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသားအရေအတွက်မှာ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့မှ အောက်တိုဘာလ(၂)ရက်နေ့အထိ အမျိုးသား(၆၀၇)ဦး၊ အမျိုးသမီး (၂၇၂) ဦးနှင့် ကလေး(၃၁) ဦး စုစုပေါင်း(၉၁၀) ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသားများကို မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၂) တာချီလိတ်ဘက်ခြမ်းတွင်  အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန ဦးစီးဌာန၊  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် တာချီလိတ်အခြေစိုက် လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC )တို့က စိစစ်လက်ခံကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင်း တရားမဝင်သွားရောက်ခြင်း၊ နယ်မြေကျော်လွန်သွားလာခြင်း၊ ရက်ကျော်နေထိုင်ခြင်း များကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံက မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းပေးပြီး မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်သည့် ထိုင်းနိုင်ငံသားများအနေဖြင့် အခြားပြစ်မှုများ ကျူးလွန်ခြင်းမရှိပါက ပြည်နှင်ဒဏ်ဖြင့် မြန်မာဘက်က ထိုင်းနိုင်ငံသို့ ပြန်လွှဲပေးလေ့ရှိကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ #CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~