တာခ်ီလိတ္ ကုတင္(၁၀၀)ေဆးရံုႀကီးတြင္ လူအင္အား (၁၉၀)ျဖင့္ စုေပါင္းသန္႔ရွင္းေရးေဆာင္ရြက္

တာခ်ီလိတ္ ကုတင္(၁၀၀)ေဆးရံုႀကီးတြင္ လူအင္အား (၁၉၀)ျဖင့္ စုေပါင္းသန္႔ရွင္းေရးေဆာင္ရြက္
အောက်တိုဘာ 25, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပုိင္း) တာခ်ီလိတ္ၿမိဳ႕ ကုတင္(၁၀၀)ဆံ့ျပည္သူ႔ေဆးရံုႀကီးဝန္းအတြင္း စုေပါင္းသန္႔ရွင္းေရးကို ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၅)ရက္ေန႔ နံနက္ပိုင္းက ၾကက္ေျခနီတပ္ဖြဲ႕၊ မီးသတ္တပ္ဖြဲ႕ႏွင့္ မဇၨ်ိမလူမႈကူညီေရးအသင္းတို႔ပူးေပါင္းေဆာင္ရြက္ၾကသည္။

တာခ်ီလိတ္ျပည္သူ႔ေဆးရံုဝန္းအတြင္း သန္႔ရွင္းေရးကို ေဒသတြင္း လူမႈေရးအဖြဲ႕အစည္းမ်ား၊ အရပ္ဖက္အဖြဲ႕မ်ား၊ ဌာနဆုိင္ရာမ်ား ပူးေပါင္းရွင္းလင္းေလ့ရိွၿပီး ယေန႔စုေပါင္းရွင္းလင္းရာတြင္ ၾကက္ေျခနီတပ္ဖြဲ႕မွ အင္အား (၁၆၀)၊ မီးသတ္တပ္ဖြဲ႕က အင္အား (၂၀)ႏွင့္ မဇၨ်ိမလူမႈကူညီေရးအသင္းက (၁၀) ဦးတုိ႔ႏွင့္အတူ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္၊ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္၊ တာခ်ီလိတ္ၿမဳိ႕နယ္မီးသတ္ဦးစီးဌာနမွဴး ဦးေအာင္ေဇာ္လင္း၊ ခရိုင္ေဆးရံုအုပ္ႀကီး ေဒါက္တာ ေရႊဝင္းႏွင့္ က်န္းမာေရးဝန္ထမ္းမ်ားက ပူးေပါင္းေဆာင္ရြက္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

မဇၨ်ိမလူမႈကူညီေရးအသင္းႏွင့္ မီးသတ္တပ္ဖြဲ႕တို႔သည္ ေအာက္တိုဘာလ (၂၆)ရက္ေန႔ နံနက္ (၇)နာရီတြင္ တာခ်ီလိတ္ေရႊတိဂံုေစတီတြင္ သန္႔ရွင္းေရးျပဳလုပ္ၾကမည္ျဖစ္ေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု - UTS၊ USN

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ် ကုတင်(၁၀၀)ဆေးရုံကြီးတွင် လူအင်အား (၁၉၀)ဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
*********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့ နံနက်ပိုင်းက ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မဇ္ဇျိမလူမှုကူညီရေးအသင်းတို့ပူးပေါင်းဆောင်ရွက်ကြသည်။

တာချီလိတ်ပြည်သူ့ဆေးရုံဝန်းအတွင်း သန့်ရှင်းရေးကို ဒေသတွင်း လူမှုရေးအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့များ၊ ဌာနဆိုင်ရာများ ပူးပေါင်းရှင်းလင်းလေ့ရှိပြီး ယနေ့စုပေါင်းရှင်းလင်းရာတွင် ကြက်ခြေနီတပ်ဖွဲ့မှ အင်အား (၁၆၀)၊ မီးသတ်တပ်ဖွဲ့က အင်အား (၂၀)နှင့် မဇ္ဇျိမလူမှုကူညီရေးအသင်းက (၁၀) ဦးတို့နှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ တာချီလိတ်မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဇော်လင်း၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ရွှေဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

မဇ္ဇျိမလူမှုကူညီရေးအသင်းနှင့် မီးသတ်တပ်ဖွဲ့တို့သည် အောက်တိုဘာလ (၂၆)ရက်နေ့ နံနက် (၇)နာရီတွင် တာချီလိတ်ရွှေတိဂုံစေတီတွင် သန့်ရှင်းရေးပြုလုပ်ကြမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - UTS၊ USN

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~