အမွတ္(၂)ခ်စ္ၾကည္ေရးတံတားမွစ၍ မယ္ယန္း၊ ဖန္မင္၊ မိုင္းကိုး၊ မိုင္းဖုန္း(က)ႏွင့္ (ခ)ေက်းရြာ အုပ္စုမ်ားအထိ ေအာက္တိုဘာလ(၁၃)ရက္ေန႔တြင္ လွ်ပ္စစ္မီးျပတ္ေတာက္မည္

အမွတ္(၂)ခ်စ္ၾကည္ေရးတံတားမွစ၍ မယ္ယန္း၊ ဖန္မင္၊ မိုင္းကိုး၊ မိုင္းဖုန္း(က)ႏွင့္ (ခ)ေက်းရြာ အုပ္စုမ်ားအထိ ေအာက္တိုဘာလ(၁၃)ရက္ေန႔တြင္ လွ်ပ္စစ္မီးျပတ္ေတာက္မည္
အောက်တိုဘာ 12, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ဓါတ္တိုင္ကို ကားဝင္တုိက္၍ ဓါတ္တုိင္က်ိဳးကာ ထရန္စေဖာ္မာေလာင္ကၽြမ္းသြားသျဖင့္ ျပဳျပင္ေနရာ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ(၁၃)ရက္ေန႔ နံနက္ (၉)နာရီမွ ေန႔လယ္(၁)နာရီအခ်ိန္ထိ ခ်စ္ၾကည္ေရးတံတား(၂)မွ ၿမိဳ႕ျပင္ေက်းရြာမ်ားအထိ လွ်ပ္စစ္မီးျဖတ္ေတာက္ထားမည္ျဖစ္ေၾကာင္း သိရသည္။

အာခါေစ်းအနီးရိွ ဓာတ္တိုင္ကို ေအာက္တိုဘာလ(၁၂)ရက္ေန႔ နံနက္အေစာပိုင္းက ကားဝင္တုိက္သျဖင့္ ဓါတ္တုိင္က်ိဳးသြားကာ 160 KVA ထရန္စေဖာ္မာတစ္လံုးေလာင္ကၽြမ္းသြားရာ အစားထိုးလဲလွယ္ျခင္း ေဆာင္ရြက္မည္ျဖစ္သျဖင့္ အမွတ္(၂)ခ်စ္ၾကည္ေရးတံတားမွစ၍ မယ္ယန္းေက်းရြာအုပ္စု၊ ဖန္မင္ေက်းရြာအုပ္စု၊ မိုင္းကိုးေက်းရြာအုပ္စု၊ မိုင္းဖုန္း(က)(ခ)ေက်းရြာ အုပ္စုမ်ားအထိ လွ်ပ္စစ္မီးေခတၱျဖတ္ေတာက္မည္ျဖစ္ေၾကာင္း ၿမိဳ႕မီးလင္းေရးရံုးက ႀကိဳတင္အသိေပးထားသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
အမှတ်(၂)ချစ်ကြည်ရေးတံတားမှစ၍ မယ်ယန်း၊ ဖန်မင်၊ မိုင်းကိုး၊ မိုင်းဖုန်း(က)နှင့် (ခ)ကျေးရွာ အုပ်စုများအထိ အောက်တိုဘာလ(၁၃)ရက်နေ့တွင် လျှပ်စစ်မီးပြတ်တောက်မည်
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဓါတ်တိုင်ကို ကားဝင်တိုက်၍ ဓါတ်တိုင်ကျိုးကာ ထရန်စဖော်မာလောင်ကျွမ်းသွားသဖြင့် ပြုပြင်နေရာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ့ နံနက် (၉)နာရီမှ နေ့လယ်(၁)နာရီအချိန်ထိ ချစ်ကြည်ရေးတံတား(၂)မှ မြို့ပြင်ကျေးရွာများအထိ လျှပ်စစ်မီးဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။

အာခါဈေးအနီးရှိ ဓာတ်တိုင်ကို အောက်တိုဘာလ(၁၂)ရက်နေ့ နံနက်အစောပိုင်းက ကားဝင်တိုက်သဖြင့် ဓါတ်တိုင်ကျိုးသွားကာ 160 KVA ထရန်စဖော်မာတစ်လုံးလောင်ကျွမ်းသွားရာ အစားထိုးလဲလှယ်ခြင်း ဆောင်ရွက်မည်ဖြစ်သဖြင့် အမှတ်(၂)ချစ်ကြည်ရေးတံတားမှစ၍ မယ်ယန်းကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဖုန်း(က)(ခ)ကျေးရွာ အုပ်စုများအထိ လျှပ်စစ်မီးခေတ္တဖြတ်တောက်မည်ဖြစ်ကြောင်း မြို့မီးလင်းရေးရုံးက ကြိုတင်အသိပေးထားသည်။

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~