ကျောက်မဲမြို့လယ်တွင် ဆရာတော်တစ်ပါး ပစ်သတ်ခံရမှုမှာ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကို ပြသနေကြောင်း SSJAC ထုတ်ပြန်ကြေညာ

ကျောက်မဲမြို့လယ်တွင် ဆရာတော်တစ်ပါး ပစ်သတ်ခံရမှုမှာ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကို ပြသနေကြောင်း SSJAC ထုတ်ပြန်ကြေညာ
အောကျတိုဘာ 7, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့လယ်ရှိ ကျောင်းတိုက်အတွင်း သာသနာ့ဝန်ဆောင် ဆရာတော်တစ်ပါးအား ဝင်ရောက်ပစ်သတ်သွားမှုမှာ ဒေသတွင်း တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကို လှစ်ဟပြနေခြင်းဖြစ်သည်ဟု SSJAC က ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။

အဆိုပါ ကိစ္စအား အမှုမှန်ဖေါ်ထုတ်နိုင်ခြင်း မရှိပါက ဒေသတွင်း တိုင်းရင်းသားများ အချင်းချင်း အထင်အမြင် လွဲမှားစေပြီး မလိုလားအပ်သည့် ပြဿနာများ ပေါ်လာနိုင်သည်ဟုလည်း ရှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (Shan State Joint Action Committee, SSJAC)၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့လယ်ရှိ ဓမ္မမေဒနီ ရွှေကျင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကလျာဏဘိဝံသကို ကျောင်းဝင်းအတွင်း သေနတ်ဖြင့် ဝင်ရောက်ပစ်သတ်သွားမှုမှာ လွန်စွာစ က်ဆုပ်ဖွယ်ကောင်းသည့် အကြမ်းဖက်မှုဖြစ်ပြီး ပါဝင်ပတ်သက်သူများ၊ အဖွဲ့အစည်းများအား ရှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီအနေဖြင့် အပြင်းအထန်ရှုံ့ချကြောင်းနှင့် သေနတ် ပစ်ခတ်ခံရ၍ ဆရာတော် ဘဝနတ်ထံပျံလွန်တော်မူသွားခြင်းကို SSJAC အနေဖြင့် အလွန်ထိတ်လန့် တုန်လှုပ် ဝမ်းနည်းကြေကွဲရပါသည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။

ရှမ်းပြည်အရေးအရာများနှင့် သက်ဆိုင်သောကိစ္စရပ်များကို ပူးပေါင်းဖြေရှင်းရန်အတွက် ရည်ရွယ်ချက်ဖြင့် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Shan State Joint Action Committee, SSJAC)ကို ၁၉၉၆ ခုနှစ်၌ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ ရှမ်းပြည်တပ်မတော် (SSA) နှင့် ရှမ်းပြည်အမျိုးသားတပ်မတော် (SSNA) တို့ ပူးပေါင်းဖွဲ့စည်းခဲ့ကာ နောက်ပိုင်းတွင် ရှမ်းပြည် တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် SSA အသွင်ပြောင်း ဆင်ကျော့ ဌာနေပြည်သူ့စစ် တို့လည်း ပူးပေါင်းပါဝင်လာခြင်းဖြစ်သည်။


Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့လယ်ရှိ ကျောင်းတိုက်အတွင်း သာသနာ့ဝန်ဆောင် ဆရာတော်တစ်ပါးအား ဝင်ရောက်ပစ်သတ်သွားမှုမှာ ဒေသတွင်း တရားဥပဒေစိုးမိုးမှု အားနည်းခြင်းကို လှစ်ဟပြနခြေင်းဖြစ်သည်ဟု SSJAC က ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၇)ရက်နေ့တွင် ထုတ်ပြန် ကြေညာလိုက်သည်။

အဆိုပါ ကိစ္စအား အမှုမှန်ဖော်ထုတ်နိုင်ခြင်း မရှိပါက ဒေသတွင်း တိုင်းရင်းသားများ အချင်းချင်း အထင်အမြင် လွဲမှားစပြေီး မလိုလားအပ်သည့် ပြဿနာများ ပေါ်လာနိုင်သည်ဟုလည်း ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (Shan State Joint Action Committee, SSJAC)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့လယ်ရှိ ဓမ္မမေဒနီ ရွှေကျင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ကလျာဏဘိဝံသကို ကျောင်းဝင်းအတွင်း သေနတ်ဖြင့် ဝင်ရောက်ပစ်သတ်သွားမှုမှာ လွန်စွာစ က်ဆုပ်ဖွယ်ကောင်းသည့် အကြမ်းဖက်မှုဖြစ်ပြီး ပါဝင်ပတ်သက်သူများ၊ အဖွဲ့အစည်းများအား ရှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီအနဖြေင့် အပြင်းအထန်ရှုံ့ချကြောင်းနှင့် သေနတ် ပစ်ခတ်ခံရ၍ ဆရာတော် ဘဝနတ်ထံပျံလွန်တော်မူသွားခြင်းကို SSJAC အနဖြေင့် အလွန်ထိတ်လန့် တုန်လှုပ် ဝမ်းနည်းကြေကွဲရပါသည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။

ရှမ်းပြည်အရေးအရာများနှင့် သက်ဆိုင်သောကိစ္စရပ်များကို ပူးပေါင်းဖြေရှင်းရန်အတွက် ရည်ရွယ်ချက်ဖြင့် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Shan State Joint Action Committee, SSJAC)ကို ၁၉၉၆ ခုနှစ်၌ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းပြည်တပ်မတော် (SSA) နှင့် ရှမ်းပြည်အမျိုးသားတပ်မတော် (SSNA) တို့ ပူးပေါင်းဖွဲ့စည်းခဲ့ကာ နောက်ပိုင်းတွင် ရှမ်းပြည် တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် SSA အသွင်ပြောင်း ဆင်ကျော့ ဌာနပြေည်သူ့စစ် တို့လည်း ပူးပေါင်းပါဝင်လာခြင်းဖြစ်သည်။

ရှမ်းပြည်ငြိမ်းချမ်းရေးကောင်စီ (Shan State Peace Council –SSPC)အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီးနောက် ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Shan State Joint Action Committee - SSJAC ) ဟု ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့၊ SSJAC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~