လူမႈေရးပင္စင္အတြက္ လာမည့္ ဒီဇင္ဘာလတြင္ ၈၅ ႏွစ္ျပည့္မည့္ ဘိုးဘြားမ်ားမွစ၍ ၈၅ ႏွစ္ႏွင့္အထက္မ်ား စာရင္းေပးႏုိင္

လူမႈေရးပင္စင္အတြက္ လာမည့္ ဒီဇင္ဘာလတြင္ ၈၅ ႏွစ္ျပည့္မည့္ ဘိုးဘြားမ်ားမွစ၍ ၈၅ ႏွစ္ႏွင့္အထက္မ်ား စာရင္းေပးႏုိင္
အောက်တိုဘာ 1, 2018
By 🌸
လူမႈေရးပင္စင္ခံစားခြင့္ အသက္ကန္႔သတ္ခ်က္ေလွ်ာ့ခ်ထားရာ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလတြင္ အသက္(၈၅)ျပည့္မည့္ ဘိုးဘြားမ်ားစာရင္းေကာက္ယူေနၿပီး ရပ္ကြက္၊ ေက်းရြာအုပ္ခ်ဳပ္ေရးရံုး မ်ားတြင္လည္း စာရင္းေပးသြင္းႏိုင္ေၾကာင္း သိရသည္။

“၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ကစတင္ၿပီး အသက္ကန္႔သတ္ခ်က္ကို ေလွ်ာ့ခ်ၿပီး (၈၅)ႏွစ္နဲ႔အထက္ ဘိုး ဘြားမ်ားကို ေထာက္ပံ့ႏိုင္ဖို႔အတြက္ စာရင္းေကာက္ယူေနပါတယ္။ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလမွာ အသက္ (၈၅)ႏွစ္ ျပည့္သူမ်ား အက်ံဳးဝင္မွာျဖစ္ပါတယ္”ဟု မေကြးတိုင္းေဒသႀကီး လူမႈဝန္ထမ္းဦးစီးဌာန ညႊန္ ၾကားေရးမွဴး ေဒၚနႏၵာႏြယ္ဟန္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မေကြးတိုင္း လူမႈဝန္ထမ္းဦးစီးဌာနက လူမႈေရးပင္စင္အေနနဲ႔ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္ အစပိုင္း ကစၿပီး အသက္ (၉၀)ႏွစ္နဲ႔အထက္ ဘိုးဘြား(၄၂၁၀)ဦးကို တစ္လ က်ပ္(၁)ေသာင္းႏွဳန္းနဲ႔ (၃)လ တစ္ ႀကိမ္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနရဲ႕ အကူအညီနဲ႔ အိမ္တိုင္ရာေရာက္ ေထာက္ပံ့ေပးအပ္ခဲ့ပါတယ္။

လူမႈဝန္ထမ္းဦးစီးဌာနက ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္မွစ၍ အသက္(၉၀)ႏွစ္ႏွင့္အထက္ဘိုးဘြားမ်ားကို တစ္လလွ်င္ က်ပ္(၁)ေသာင္းႏွဳန္းျဖင့္ (၃)လတစ္ႀကိမ္ လူမႈေရးပင္စင္မ်ား ေထာက္ပံ့ေပးေနၿပီး ဘိုးဘြားစာရင္းေကာက္ယူျခင္းႏွင့္ ေထာက္ပံ့ေငြေပးအပ္ျခင္းအတြက္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ပူးေပါင္းကူညီေပးျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၇-၂၀၁၈ ခုႏွစ္ ျမန္မာႏိုင္ငံ၏ ခန္႔မွန္းေျခလူဦးေရစာရင္းအရ ႏိုင္ငံ၏ စုစုေပါင္းလူဦးေရ (၅၃)သန္းခန္႔ အနက္ (၉.၂)ရာခိုင္ႏွဳန္းျဖစ္သည့္ (၄.၉)သန္းသည္ အသက္(၆၀)ႏွစ္ႏွင့္အထက္ သက္ႀကီးရြယ္ အိုမ်ားျဖစ္ရာ လူ(၁၁)ဦးတြင္ (၁)ဦးသည္ သက္ႀကီးရြယ္အိုျဖစ္ေၾကာင္း သိရသည္။

ေအာက္တိုဘာလ(၁)ရက္ေန႔တြင္ က်ေရာက္သည့္ အျပည္ျပည္ဆုိင္ရာသက္ႀကီးရြယ္အိုမ်ားေန႔ အထိမ္းအမွတ္အျဖစ္ မေကြးၿမိဳ႕တြင္ သက္ႀကီးဘိုးဘြားမ်ားပူေဇာ္ကန္ေတာ့ပြဲက်င္းပခဲ့ၿပီး မေကြးတုိင္းအတြင္း လူမႈေရးပင္စင္ခံစားေနသည့္  အသက္ (၉၀)ႏွစ္ႏွင့္အထက္ ဘိုးဘြား(၄၂၁၀)ဦးရိွေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
လူမှုရေးပင်စင်အတွက် လာမည့် ဒီဇင်ဘာလတွင် ၈၅ နှစ်ပြည့်မည့် ဘိုးဘွားများမှစ၍ ၈၅ နှစ်နှင့်အထက်များ စာရင်းပေးနိုင်
***************
လူမှုရေးပင်စင်ခံစားခွင့် အသက်ကန့်သတ်ချက်လျှော့ချထားရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အသက်(၈၅)ပြည့်မည့် ဘိုးဘွားများစာရင်းကောက်ယူနေပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးရုံး များတွင်လည်း စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

“၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ကစတင်ပြီး အသက်ကန့်သတ်ချက်ကို လျှော့ချပြီး (၈၅)နှစ်နဲ့အထက် ဘိုး ဘွားများကို ထောက်ပံ့နိုင်ဖို့အတွက် စာရင်းကောက်ယူနေပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ အသက် (၈၅)နှစ် ပြည့်သူများ အကျုံးဝင်မှာဖြစ်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန် ကြားရေးမှူး ဒေါ်နန္ဒာနွယ်ဟန်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်း လူမှုဝန်ထမ်းဦးစီးဌာနက လူမှုရေးပင်စင်အနေနဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အစပိုင်း ကစပြီး အသက် (၉၀)နှစ်နဲ့အထက် ဘိုးဘွား(၄၂၁၀)ဦးကို တစ်လ ကျပ်(၁)သောင်းနှုန်းနဲ့ (၃)လ တစ် ကြိမ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရဲ့ အကူအညီနဲ့ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနက ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ အသက်(၉၀)နှစ်နှင့်အထက်ဘိုးဘွားများကို တစ်လလျှင် ကျပ်(၁)သောင်းနှုန်းဖြင့် (၃)လတစ်ကြိမ် လူမှုရေးပင်စင်များ ထောက်ပံ့ပေးနေပြီး ဘိုးဘွားစာရင်းကောက်ယူခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပူးပေါင်းကူညီပေးခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ခုနှစ် မြန်မာနိုင်ငံ၏ ခန့်မှန်းခြေလူဦးရေစာရင်းအရ နိုင်ငံ၏ စုစုပေါင်းလူဦးရေ (၅၃)သန်းခန့် အနက် (၉.၂)ရာခိုင်နှုန်းဖြစ်သည့် (၄.၉)သန်းသည် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးရွယ် အိုများဖြစ်ရာ လူ(၁၁)ဦးတွင် (၁)ဦးသည် သက်ကြီးရွယ်အိုဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် မကွေးမြို့တွင် သက်ကြီးဘိုးဘွားများပူဇော်ကန်တော့ပွဲကျင်းပခဲ့ပြီး မကွေးတိုင်းအတွင်း လူမှုရေးပင်စင်ခံစားနေသည့်  အသက် (၉၀)နှစ်နှင့်အထက် ဘိုးဘွား(၄၂၁၀)ဦးရှိကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~