ရာဇဝတ္မႈက်ဴးလြန္သူမ်ားကို ျပည္သူလူထုအေနျဖင့္လည္း ဖမ္းဆီးခြင့္ရိွသျဖင့္ ရဲလုပ္ငန္းစဥ္တြင္ ျပည္သူမ်ား ပူးေပါင္းပါဝင္ရန္ တိုက္တြန္း

ရာဇဝတ္မႈက်ဴးလြန္သူမ်ားကို ျပည္သူလူထုအေနျဖင့္လည္း ဖမ္းဆီးခြင့္ရိွသျဖင့္ ရဲလုပ္ငန္းစဥ္တြင္ ျပည္သူမ်ား ပူးေပါင္းပါဝင္ရန္ တိုက္တြန္း
အောက်တိုဘာ 1, 2018
By 🌸
ရာဇဝတ္မႈက်ဴးလြန္သူမ်ားကို ရဲတပ္ဖြဲ႔သာမက ျပည္သူလူထုကပါ ဖမ္းဆီးမႈျပဳလုပ္ႏိုင္ေၾကာင္း ေက်ာက္မဲၿမိဳ႕ ၿမိဳ႕မရဲစခန္းတြင္ ျပဳလုပ္သည့္ (၅၄)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ေန႔ အခမ္းအနားတြင္ ေက်ာက္မဲၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴး ရဲမွဴးသန္းထြန္းဝင္းက ေျပာၾကားလိုက္သည္။

“ကၽြန္ေတာ္တို႔ရဲတပ္ဖြဲ႔လုပ္ငန္းစဥ္မွာ ရဲတပ္ဖြဲ႔ခ်ည္းပဲလုပ္ေနလို႔ အကုန္မေအာင္ျမင္ပါဘူး။ ျပည္သူကို ဗဟိုျပဳတဲ့ ရဲလုပ္ငန္းစနစ္က အရမ္းအေရးႀကီးပါတယ္။ ျပည္သူေတြရဲ့ ပူးေပါင္းပါဝင္မႈက ရဲလုပ္ငန္းမွာ အေရးပါပါတယ္။ ရာဇဝတ္မႈက်ဴးလြန္တာကို ေတြ႔ႀကံဳၿပီဆိုရင္ ျပည္သူလူထုက ဖမ္းဆီးလို႔ရပါတယ္။ အဲဒီလို ဝိုင္းဝန္းဖမ္းဆီးၿပီးရင္ အေရးႀကီးဆံုးအခ်က္ကေတာ့ ရဲတပ္ဖြဲ႔ကိုအျမန္ဆံုး ဆက္သြယ္ၿပီး ရဲတပ္ဖြဲ႔ထံ လႊဲေျပာင္းေပးဖို႔ပါပဲ”ဟု ေက်ာက္မဲၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴး သန္းထြန္းဝင္းက ေျပာသည္။

၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ(၁)ရက္ေန႔တြင္ က်ေရာက္သည့္ (၅၄)ႏွစ္ေျမာက္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႕ေန႔ အခမ္းအနားကို ေက်ာက္မဲခရိုင္ရဲတပ္ဖြဲ႕ကဦးစီးက်င္းပသည့္အခမ္းအနားကိုလည္း ေက်ာက္မဲၿမိဳ႕ ၿမိဳ႕က်က္သေရေဆာင္ခန္းမတြင္က်င္းပရာ ရဲတပ္ဖြဲ႔၏ လုပ္ငန္းစဥ္မ်ား၌ ပါဝင္ကူညီခဲ့ၾကသည့္ ေဒသခံမ်ားကိုလည္း ဂုဏ္ျပဳဆုမ်ား ခ်ီးျမႇင့္ခဲ့သည္။

ရဲလုပ္ငန္း ထူးခၽြန္ဆုရ ရဲတပ္ဖြဲ႕ဝင္မ်ားအား ဂုဏ္ျပဳခ်ီးျမႇင့္ရာတြင္ လူသတ္မႈမ်ားမွ တရားခံမ်ားအား အခ်ိန္တိုအတြင္း ေဖၚထုတ္ဖမ္းဆီးႏုိင္ခဲ့သည့္ ေက်ာက္မဲၿမိဳ႕မရဲတပ္ဖြဲ႔ႏွင့္ ေနာင္ခ်ိဳၿမိဳ႕နယ္ရဲတပ္ဖြဲ႔၊ တရားမဝင္သစ္ အမ်ားဆံုး ဖမ္းဆီးႏိုင္သည့္ သီေပါၿမိဳ႕ နယ္ရဲတပ္ဖြဲ႔၊ တရားမဝင္ သယ္ေဆာင္သည့္ ေက်ာက္မ်က္ရတနာႏွင့္ မူးယစ္ေဆးဝါးအမ်ားဆံုး ဖမ္းဆီးရမိသည့္ ေနာင္ခ်ဳိၿမိဳ႕နယ္ ရဲတပ္ဖြဲ႔၊ တရားမဝင္ သယ္ေဆာင္သည့္ ကၽြဲႏြား အမ်ားဆံုး ဖမ္းဆီးရမိသည့္ ေက်ာက္မဲၿမိဳ႕နယ္ရဲတပ္ဖြဲ႔၊ ေျပး(၄)ေျပး ဖမ္းဆီးရမိမႈ အမ်ားဆံုးျဖစ္သည့္ သီေပါၿမိဳ႕နယ္ရဲတပ္ဖြဲ႔တို႔ကို ဂုဏ္ျပဳခ်ီးျမႇင့္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရာဇဝတ်မှုကျူးလွန်သူများကို ပြည်သူလူထုအနေဖြင့်လည်း ဖမ်းဆီးခွင့်ရှိသဖြင့် ရဲလုပ်ငန်းစဉ်တွင် ပြည်သူများ ပူးပေါင်းပါဝင်ရန် တိုက်တွန်း
*************
ရာဇဝတ်မှုကျူးလွန်သူများကို ရဲတပ်ဖွဲ့သာမက ပြည်သူလူထုကပါ ဖမ်းဆီးမှုပြုလုပ်နိုင်ကြောင်း ကျောက်မဲမြို့ မြို့မရဲစခန်းတွင် ပြုလုပ်သည့် (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ကျောက်မဲမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းဝင်းက ပြောကြားလိုက်သည်။

“ကျွန်တော်တို့ရဲတပ်ဖွဲ့လုပ်ငန်းစဉ်မှာ ရဲတပ်ဖွဲ့ချည်းပဲလုပ်နေလို့ အကုန်မအောင်မြင်ပါဘူး။ ပြည်သူကို ဗဟိုပြုတဲ့ ရဲလုပ်ငန်းစနစ်က အရမ်းအရေးကြီးပါတယ်။ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုက ရဲလုပ်ငန်းမှာ အရေးပါပါတယ်။ ရာဇဝတ်မှုကျူးလွန်တာကို တွေ့ကြုံပြီဆိုရင် ပြည်သူလူထုက ဖမ်းဆီးလို့ရပါတယ်။ အဲဒီလို ဝိုင်းဝန်းဖမ်းဆီးပြီးရင် အရေးကြီးဆုံးအချက်ကတော့ ရဲတပ်ဖွဲ့ကိုအမြန်ဆုံး ဆက်သွယ်ပြီး ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးဖို့ပါပဲ”ဟု ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းထွန်းဝင်းက ပြောသည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သည့် (၅၄)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ကျောက်မဲခရိုင်ရဲတပ်ဖွဲ့က ဦးစီး၍ ကျောက်မဲမြို့တွင်ကျင်းပရာ ရဲတပ်ဖွဲ့၏ လုပ်ငန်းစဉ်များ၌ ပါဝင်ကူညီခဲ့ကြသည့် ဒေသခံများကိုလည်း ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။

ရဲလုပ်ငန်း ထူးချွန်ဆုရ ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ရာတွင် လူသတ်မှုများမှ တရားခံများအား အချိန်တိုအတွင်း ဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် ကျောက်မဲမြို့မရဲတပ်ဖွဲ့နှင့် နောင်ချိုမြို့နယ်ရဲတပ်ဖွဲ့၊ တရားမဝင်သစ် အများဆုံး ဖမ်းဆီးနိုင်သည့် သီပေါမြို့ နယ်ရဲတပ်ဖွဲ့၊ တရားမဝင် သယ်ဆောင်သည့် ကျောက်မျက်ရတနာနှင့် မူးယစ်ဆေးဝါးအများဆုံး ဖမ်းဆီးရမိသည့် နောင်ချိုမြို့နယ် ရဲတပ်ဖွဲ့၊ တရားမဝင် သယ်ဆောင်သည့် ကျွဲနွား အများဆုံး ဖမ်းဆီးရမိသည့် ကျောက်မဲမြို့နယ်ရဲတပ်ဖွဲ့၊ ပြေး(၄)ပြေး ဖမ်းဆီးရမိမှု အများဆုံးဖြစ်သည့် သီပေါမြို့နယ်ရဲတပ်ဖွဲ့တို့ကို ဂုဏ်ပြုချီးမြှင့်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~