က်ိဳင္းတံု ေနာင္တံုကန္ကို စည္ပင္သာယာေရးဌာနကလႊဲယူၿပီး ပထမဆံုးအျဖစ္ ငါးဖမ္းခြင့္ တင္ဒါေခၚယူ

က်ိဳင္းတံု ေနာင္တံုကန္ကို စည္ပင္သာယာေရးဌာနကလႊဲယူၿပီး ပထမဆံုးအျဖစ္ ငါးဖမ္းခြင့္ တင္ဒါေခၚယူ
အောက်တိုဘာ 12, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပုိင္း) က်ိဳင္းတံုရိွ ေနာင္တုံကန္ငါးဖမ္းျခင္းလုပ္ငန္းလိုင္စင္ကို ၿမိဳ႕နယ္စည္ပင္သာယာေရး ေကာ္မတီက ပထမဆံုးအႀကိမ္အျဖစ္ တင္ဒါေခၚယူထားၿပီး၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၉)ရက္ေန႔၌ က်ိဳင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးဌာနအစည္းအေဝးခန္းမတြင္ တင္ဒါေရာင္းခ်မည္ျဖစ္ေၾကာင္း သိရသည္။

“လြန္ခဲ့တဲ့ႏွစ္ႏွစ္ကအထိ ေထြအုပ္က ကိုင္ထားၿပီး ငါးဖမ္းခြင့္ေပးထားခဲ့တာကေန မႏွစ္ကေန စည္ပင္ကို လႊဲတာပါ။ စည္ပင္ကိုလႊဲတဲ့အခ်ိန္ ငါးဖမ္းခြင့္က ျပႆနာေလးေတြေပၚေနေတာ့ ႀကိဳက္တဲ့သူဖမ္းဆိုၿပီး ဒီတုိင္းပဲ ခြင့္ျပဳေပးထားတာပါ။ အခုက်ေတာ့ ဝင္ေငြရေအာင္ ငါးဖမ္းခြင့္နဲဲ႔ျပန္လုပ္မွာပါ”ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးမ်ိဳးျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေနာင္တံုကန္ငါးဖမ္းျခင္းလုပ္ငန္းလုိင္စင္ကို ၂၀၁၆ - ၂၀၁၇ ဘ႑ာႏွစ္အထိ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနက ခြင့္ျပဳေပးေနခဲ့ျခင္းျဖစ္ၿပီး ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္တြင္ စည္ပင္သာယာေရးဌာနသို႔  လႊဲေျပာင္းေပးခဲ့ျဖစ္ေသာ္လည္း ငါးဖမ္းျခင္းလုပ္ငန္းလုိင္စင္ကို ၂၀၁၈ -၂၀၁၉ ဘ႑ာေရးႏွစ္တြင္ စတင္ေခၚယူလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

အမ်ားျပည္သူအပန္းေျဖနားေနရာလည္းျဖစ္သည့္ ေနာင္တံုကန္တြင္ ငါးဖမ္းခြင့္လုပ္ငန္းလုိင္စင္ေပးရာ၌ အမ်ားျပည္သူအေႏွာင့္အယွက္မျဖစ္ေစေရး စည္းကမ္းသတ္မွတ္ခ်က္မ်ားျဖင့္ ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

“အခုက ငါးေမြးခြင့္ျပဳတာမဟုတ္ဘူး။ ငါးဖမ္းခြင့္ျပဳတာ။ ကန္ထဲမွာရိွတဲ့ ဆလားဗီးယားငါးေတြက ေပါက္ပြားမႈႏႈန္းျမင့္တယ္။ မဖမ္းဘဲထားရင္ ကန္ၾကပ္ၿပီး ငါးေသမယ္။ ေသရင္ အုပ္စုလုိက္ႀကီးေသမယ္။ ဒါေၾကာင့္ ငါးဖမ္းခြင့္ျပဳရတာ။ အရင္ေထြအုပ္တုန္းကေတာ့ ငါးေမြးခြင့္ပါေပးတယ္။ ကၽြန္ေတာ္တို႔က ငါးေမြးခြင့္မျပဳဘူး။ ငါးဖမ္းခြင့္ပဲျပဳမွာကေတာ့  အရင္ကနဲ႔ ကြာျခားသြားမယ္။ ဒီလို ငါးဖမ္းရာမွာလည္း အမ်ားျပည္သူ အပန္းေျဖအနားယူရာမွာ အေႏွာင့္အယွက္မျဖစ္ေစေရး စည္းကမ္းသတ္မွတ္ခ်က္ေတြ ထည့္သြင္းထားမွာပါ”ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးမ်ိဳးျမင့္ေအာင္က ေျပာသည္။

၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္ ငါးဖမ္းလုပ္ငန္းလုပ္ကိုင္ခြင့္ကို ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ(၁)ရက္ေန႔မွ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ (၃၀) ရက္ေန႔အထိ လုပ္ကိုင္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #အင္မိုင္ခ
ဓါတ္ပံု -က်ိဳင္းတံုစည္ပင္

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံ နောင်တုံကန်ကို စည်ပင်သာယာရေးဌာနကလွှဲယူပြီး ပထမဆုံးအဖြစ် ငါးဖမ်းခွင့် တင်ဒါခေါ်ယူ
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံရှိ နောင်တုံကန်ငါးဖမ်းခြင်းလုပ်ငန်းလိုင်စင်ကို မြို့နယ်စည်ပင်သာယာရေး ကော်မတီက ပထမဆုံးအကြိမ်အဖြစ် တင်ဒါခေါ်ယူထားပြီး၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့၌ ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနအစည်းအဝေးခန်းမတွင် တင်ဒါရောင်းချမည်ဖြစ်ကြောင်း သိရသည်။

“လွန်ခဲ့တဲ့နှစ်နှစ်ကအထိ ထွေအုပ်က ကိုင်ထားပြီး ငါးဖမ်းခွင့်ပေးထားခဲ့တာကနေ မနှစ်ကနေ စည်ပင်ကို လွှဲတာပါ။ စည်ပင်ကိုလွှဲတဲ့အချိန် ငါးဖမ်းခွင့်က ပြဿနာလေးတွေပေါ်နေတော့ ကြိုက်တဲ့သူဖမ်းဆိုပြီး ဒီတိုင်းပဲ ခွင့်ပြုပေးထားတာပါ။ အခုကျတော့ ဝင်ငွေရအောင် ငါးဖမ်းခွင့်နဲ့ပြန်လုပ်မှာပါ”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နောင်တုံကန်ငါးဖမ်းခြင်းလုပ်ငန်းလိုင်စင်ကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အထိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ခွင့်ပြုပေးနေခဲ့ခြင်းဖြစ်ပြီး ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် စည်ပင်သာယာရေးဌာနသို့  လွှဲပြောင်းပေးခဲ့ဖြစ်သော်လည်း ငါးဖမ်းခြင်းလုပ်ငန်းလိုင်စင်ကို ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် စတင်ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အများပြည်သူအပန်းဖြေနားနေရာလည်းဖြစ်သည့် နောင်တုံကန်တွင် ငါးဖမ်းခွင့်လုပ်ငန်းလိုင်စင်ပေးရာ၌ အများပြည်သူအနှောင့်အယှက်မဖြစ်စေရေး စည်းကမ်းသတ်မှတ်ချက်များဖြင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

“အခုက ငါးမွေးခွင့်ပြုတာမဟုတ်ဘူး။ ငါးဖမ်းခွင့်ပြုတာ။ ကန်ထဲမှာရှိတဲ့ ဆလားဗီးယားငါးတွေက ပေါက်ပွားမှုနှုန်းမြင့်တယ်။ မဖမ်းဘဲထားရင် ကန်ကြပ်ပြီး ငါးသေမယ်။ သေရင် အုပ်စုလိုက်ကြီးသေမယ်။ ဒါကြောင့် ငါးဖမ်းခွင့်ပြုရတာ။ အရင်ထွေအုပ်တုန်းကတော့ ငါးမွေးခွင့်ပါပေးတယ်။ ကျွန်တော်တို့က ငါးမွေးခွင့်မပြုဘူး။ ငါးဖမ်းခွင့်ပဲပြုမှာကတော့  အရင်ကနဲ့ ကွာခြားသွားမယ်။ ဒီလို ငါးဖမ်းရာမှာလည်း အများပြည်သူ အပန်းဖြေအနားယူရာမှာ အနှောင့်အယှက်မဖြစ်စေရေး စည်းကမ်းသတ်မှတ်ချက်တွေ ထည့်သွင်းထားမှာပါ”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က ပြောသည်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ခွင့်ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့အထိ လုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #အင်မိုင်ခ
ဓါတ်ပုံ -ကျိုင်းတုံစည်ပင်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~