ႏုိင္ငံေရးေဆြးေႏြးမႈပုံစံ ပိုမိုရွင္းလင္းလြယ္ကူေစရန္ႏွင့္ NCA လက္မွတ္မထိုးေသးသည့္အဖြဲ႕မ်ား ပါဝင္လာရန္ ေနျပည္ေတာ္အစည္းအေဝးတြင္ ႏွစ္ဖက္ထိပ္သီးေခါင္းေဆာင္မ်ား သေဘာတူ

ႏုိင္ငံေရးေဆြးေႏြးမႈပုံစံ ပိုမိုရွင္းလင္းလြယ္ကူေစရန္ႏွင့္ NCA လက္မွတ္မထိုးေသးသည့္အဖြဲ႕မ်ား ပါဝင္လာရန္ ေနျပည္ေတာ္အစည္းအေဝးတြင္ ႏွစ္ဖက္ထိပ္သီးေခါင္းေဆာင္မ်ား သေဘာတူ
အောက်တိုဘာ 17, 2018
By 🌸
ႏုိင္ငံေရးေဆြးေႏြးမႈပံုစံ ပိုမိုရွင္းလင္းလြယ္ကူေစရန္ႏွင့္ ေဆြးေႏြးပြဲတြင္ NCA လက္မွတ္မထိုးရေသးသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားအားလံုး ပါဝင္လာေရးအပါအဝင္ အစိုးရႏွင့္ NCA –SEAO ေခါင္းေဆာင္မ်ားသီးသန္႔အစည္းအေဝးက အခ်က္(၃)ခ်က္ပါသည့္ ထုတ္ျပန္ခ်က္ကို ထုတ္ျပန္လိုက္သည္။

တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (Nationwide Ceasefire Agreement - NCA) သံုးႏွစ္ျပည့္ျဖစ္သည့္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၁၅)ရက္ေန႔မွစ၍ (၂)ရက္တာ ေနျပည္ေတာ္၌ က်င္းပသည့္ အစိုးရႏွင့္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္မ်ား၏ သီးသန္႔အစည္းအေဝးအၿပီးတြင္ ပူးတြဲထုတ္ျပန္လုိက္ျခင္းျဖစ္သည္။

အဆိုပါေၾကညာခ်က္တြင္ ၂၀၂၀ ျပည့္ႏွစ္မတိုင္မီ က်င္းပရန္ ရည္မွန္းထားသည့္ ညီလာခံ(၃)ႀကိမ္တြင္ အေရးႀကီးသည့္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္ဆိုင္ရာ အေျခခံမူမ်ား ခ်မွတ္ႏိုင္ေရးအတြက္ လိုအပ္သည့္ အခ်ိန္ဇယားႏွင့္ ဦးစားေပးလုပ္ငန္းစဥ္မ်ားလုပ္ေဆာင္ရန္၊ ႏိုင္ငံေရးေဆြးေႏြးပြဲမ်ားတြင္ သေဘာတူညီမႈရရွိရန္ လိုအပ္ေနသည့္ ကိစၥရပ္မ်ားႏွင့္  လက္ရွိ ႏိုင္ငံေရးေဆြးေႏြးမႈပုံစံကို ပိုမိုရွင္းလင္းလြယ္ကူေအာင္ လုပ္ေဆာင္ရန္၊ ေခါင္းေဆာင္မ်ားအၾကား သေဘာတူညီခ်က္မ်ားရယူၿပီး အေကာင္ထည္ေဖာ္ရန္၊ NCA စာခ်ဳပ္ အခန္း (၅) တြင္ပါဝင္သည့္ ႏုိင္ငံေရးလမ္းျပေျမပုံ ခ်မွတ္ျခင္း၊ အပုိဒ္ ၂ဝ (ဂ) ပါ လုံၿခံဳေရးဆုိင္ရာ ျပန္လည္ေပါင္းစည္းျခင္းကိစၥမ်ားစတင္ရန္ လုပ္ငန္းစဥ္ ညႇိႏိႈင္းေဆြးေႏြးျခင္းမ်ား ျပဳလုပ္ရန္၊ NCA လက္မွတ္ မထုိးရေသးသည့္ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔အစည္းမ်ား အားလုံးပါဝင္ေရး ဆက္လက္ ေဆာင္ရြက္သြားရန္တို႔ကို ျပဳလုပ္ရန္ ႏွစ္ဖက္ထိပ္သီးေခါင္းေဆာင္မ်ားက သေဘာတူညီခဲ့ေၾကာင္း သိရသည္။

ယခုက်င္းပသည့္ အစည္းအေဝးမွာ ယခင္က်င္းပေနက်ပံုစံအတုိင္းမဟုတ္ဘဲ ၿငိမ္းခ်မ္းေရးအတြက္ အႏွစ္သာရ အက်ဳိးရလဒ္ရရိွထြက္ေပၚႏိုင္မည့္ ေခါင္းေဆာင္မ်ား ေတြ႔ဆုံေဆြးေႏြးႏိုင္ရန္၊ ျပည္ေထာင္စုၿငိမ္းခ်မ္းေရး ညီလာခံ (၂၁)ရာစု ပင္လုံတတိယအစည္းအေဝးတြင္ ဘေဘာမတူညီႏိုင္ေသးသည့္ ကိစၥရပ္မ်ားအား ေခါင္ေဆာင္မ်ား၏ ႏိုင္ငံေရး သေဘာတူညီခ်က္မ်ားျဖင့္ေျဖရွင္းရန္၊  (NCA) အေကာင္အထည္ေဖာ္မႈအျဖစ္ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္တို႔ကို အေျခခံေသာ ျပည္ေထာင္စု တည္ေဆာက္ေရး အတြက္ အေရးႀကီးသည့္ အေျခခံမူမ်ား ခ်မွတ္ႏိုင္ရန္ ရည္ရြယ္ခ်က္မ်ားျဖင့္ က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ႏိုင္ငံေတာ္အစိုးရႏွင့္ NCA လက္မွတ္ေရးထိုးထားသည့္ တိုင္းရင္းသားလက္နက္ကိုင္ေခါင္းေဆာင္မ်ား၏ သီးသန္႔အစည္းအေဝး ပထမေန႔တြင္ ႏွစ္ဖက္ ထိပ္သီးေခါင္းေဆာင္မ်ားျဖစ္သည့္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ႏွင့္ NCA လက္မွတ္ေရးထိုးထားသည့္  တိုင္းရင္းသားလက္နက္ကိုင္မ်ားအဖြဲ႕မွ KNU ဥကၠ႒ မူတူးေဆးဖိုးႏွင့္ RCSS/SSA ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ယြက္ဆစ္တို႔ တက္ေရာက္ခဲ့ေသာ္လည္း အစည္းေဝး ပထမေန႕ ေန႔လယ္ပိုင္းတြင္ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္ ဒုတိယကာကြယ္ေရးဦးစီးခ်ဳပ္၊ RCSS/SSA ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီး ယြက္ဆစ္ကလည္း အစည္းအေဝးတက္ေရာက္ခဲ့ျခင္းမရိွဘဲ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ တိုင္းရင္းသား လက္နက္ကိုင္မ်ားအဖြဲ႕မွ ေခါင္ေဆာင္မ်ားသာ ႏွစ္ရက္တာေတြ႕ဆုံေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (Nationwide Ceasefire Agreement - NCA) ကို တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားျဖစ္သည့္ KNU၊ RCSS၊ PNO၊ ABSDF၊ CNF၊ NMSP၊ LDU၊  ALP၊  DKBA ႏွင့္ KNU/KNLA Peace Council တို႔က လက္မွတ္ေရးထိုးထားျခင္းျဖစ္သည္။
သတင္း #ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - Myanmar State Counsellor Office

~~~~~~~~⊰❂ unicode ~~~~~~~~
နိုင်ငံရေးဆွေးနွေးမှုပုံစံ ပိုမိုရှင်းလင်းလွယ်ကူစေရန်နှင့် NCA လက်မှတ်မထိုးသေးသည့်အဖွဲ့များ ပါဝင်လာရန် နေပြည်တော်အစည်းအဝေးတွင် နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ သဘောတူ
**************
နိုင်ငံရေးဆွေးနွေးမှုပုံစံ ပိုမိုရှင်းလင်းလွယ်ကူစေရန်နှင့် ဆွေးနွေးပွဲတွင် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ပါဝင်လာရေးအပါအဝင် အစိုးရနှင့် NCA –SEAO ခေါင်းဆောင်များသီးသန့်အစည်းအဝေးက အချက်(၃)ချက်ပါသည့် ထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement - NCA) သုံးနှစ်ပြည့်ဖြစ်သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့မှစ၍ (၂)ရက်တာ နေပြည်တော်၌ ကျင်းပသည့် အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးအပြီးတွင် ပူးတွဲထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါကြေညာချက်တွင် ၂၀၂၀ ပြည့်နှစ်မတိုင်မီ ကျင်းပရန် ရည်မှန်းထားသည့် ညီလာခံ(၃)ကြိမ်တွင် အရေးကြီးသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ချမှတ်နိုင်ရေးအတွက် လိုအပ်သည့် အချိန်ဇယားနှင့် ဦးစားပေးလုပ်ငန်းစဉ်များလုပ်ဆောင်ရန်၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် သဘောတူညီမှုရရှိရန် လိုအပ်နေသည့် ကိစ္စရပ်များနှင့်  လက်ရှိ နိုင်ငံရေးဆွေးနွေးမှုပုံစံကို ပိုမိုရှင်းလင်းလွယ်ကူအောင် လုပ်ဆောင်ရန်၊ ခေါင်းဆောင်များအကြား သဘောတူညီချက်များရယူပြီး အကောင်ထည်ဖော်ရန်၊ NCA စာချုပ် အခန်း (၅) တွင်ပါဝင်သည့် နိုင်ငံရေးလမ်းပြမြေပုံ ချမှတ်ခြင်း၊ အပိုဒ် ၂ဝ (ဂ) ပါ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စများစတင်ရန် လုပ်ငန်းစဉ် ညှိနှိုင်းဆွေးနွေးခြင်းများ ပြုလုပ်ရန်၊ NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးပါဝင်ရေး ဆက်လက် ဆောင်ရွက်သွားရန်တို့ကို ပြုလုပ်ရန် နှစ်ဖက်ထိပ်သီးခေါင်းဆောင်များက သဘောတူညီခဲ့ကြောင်း သိရသည်။

ယခုကျင်းပသည့် အစည်းအဝေးမှာ ယခင်ကျင်းပနေကျပုံစံအတိုင်းမဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် အနှစ်သာရ အကျိုးရလဒ်ရရှိထွက်ပေါ်နိုင်မည့် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနိုင်ရန်၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁)ရာစု ပင်လုံတတိယအစည်းအဝေးတွင် ဘဘောမတူညီနိုင်သေးသည့် ကိစ္စရပ်များအား ခေါင်ဆောင်များ၏ နိုင်ငံရေး သဘောတူညီချက်များဖြင့်ဖြေရှင်းရန်၊  (NCA) အကောင်အထည်ဖော်မှုအဖြစ် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေး အတွက် အရေးကြီးသည့် အခြေခံမူများ ချမှတ်နိုင်ရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေး ပထမနေ့တွင် နှစ်ဖက် ထိပ်သီးခေါင်းဆောင်များဖြစ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် NCA လက်မှတ်ရေးထိုးထားသည့်  တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့မှ KNU ဥက္ကဋ္ဌ မူတူးဆေးဖိုးနှင့် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ တက်ရောက်ခဲ့သော်လည်း အစည်းဝေး ပထမနေ့ နေ့လယ်ပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်ဆစ်ကလည်း အစည်းအဝေးတက်ရောက်ခဲ့ခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအဖွဲ့မှ ခေါင်ဆောင်များသာ နှစ်ရက်တာတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement - NCA) ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် KNU၊ RCSS၊ PNO၊ ABSDF၊ CNF၊ NMSP၊ LDU၊  ALP၊  DKBA နှင့် KNU/KNLA Peace Council တို့က လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။
သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ - Myanmar State Counsellor Office

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~