NCA သုံးနှစ်ပြည့် နေပြည်တော်တွေ့ဆုံပွဲတွင် အပြုသဘောဆောင်သည့် ရလဒ်များ မျှော်လင့်ကြောင်းနှင့် FPNCC အနေဖြင့်လည်း ညှိနှိုင်း ဆွေးနွေးမှုများအတွက် အသင့်ရှိကြောင်း သဘောထားထုတ်ပြန်
NCA သုံးနှစ်ပြည့် နေပြည်တော်တွေ့ဆုံပွဲတွင် အပြုသဘောဆောင်သည့် ရလဒ်များ မျှော်လင့်ကြောင်းနှင့် FPNCC အနေဖြင့်လည်း ညှိနှိုင်း ဆွေးနွေးမှုများအတွက် အသင့်ရှိကြောင်း သဘောထားထုတ်ပြန်
အောကျတိုဘာ 13, 2018
By Tachileik News Agency
အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများ နေပြည်တော်တွင် တွေ့ဆုံမည့် ဆွေးနွေးပွဲမှနေ၍ ပြည်သူများ မျှော်လင့်ချက် အတိုင်း အပြုသဘောဆောင်သည့် ရလဒ်များရရှိရန် မျှော်လင့်ပါကြောင်း FPNCC က ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ့တွင် သဘောထားထုတ်ပြန် ကြေညာလိုက်သည်။
FPNCC အနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း၏ ငြိမ်းချမ်းရေးကို ထိထိရောက်ရောက် ဖေါ်ဆောင်နိုင်ရန် အတွက် သင့်တော်သည့် လမ်းကြောင်းကို အစိုးရ၊ တပ်မတော်တို့နှင့် သုံးပွင့်ဆိုင်ထိပ်သီးအစည်းအဝေး ညှိနှိုင်းကျင်းပဆွေးနွေးနိုင်ရန် အချိန်မရွေးအဆင်သင့်ရှိနေကြောင်း ကြေညာချက်တွင် ဖေါ်ပြထားသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement - NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့တွင် ကနဦး လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖွဲ့ရှိနေခြင်းဖြစ်သည်။
NCA လက်မှတ်ရေးထိုးခြင်း (၃) နှစ်ပြည့်အဖြစ် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့တွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အစိုးရ၊ တပ်မတော် နှင့် လွှတ်တော်အဖွဲ့အစည်းတို့ နေပြည်တော်တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများ နပြေည်တော်တွင် တွေ့ဆုံမည့် ဆွေးနွေးပွဲမှနေ၍ ပြည်သူများ မျှော်လင့်ချက် အတိုင်း အပြုသဘောဆောင်သည့် ရလဒ်များရရှိရန် မျှော်လင့်ပါကြောင်း FPNCC က ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ့တွင် သဘောထားထုတ်ပြန် ကြေညာလိုက်သည်။
“အဖက်ဖက်က ထုတ်ပြန်ချက်တွေမှာ စစ်မြပြေင်မှာ ထိပ်တိုက်တွေ့ဆုံမှုထက် ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံရေး အရ များများ တွေ့ဆုံဖို့ အားလုံးက တောင်းဆိုနေတဲ့ဟာကိုကြညြ့်ခင်းအားဖြင့် တွေ့ဆုံ ညှိနှိုင်းခြင်းက သာလျှင် အကောင်းဆုံးနည်းလမ်း ရှိသမျှ နည်းလမ်းတွေထဲက အကောင်းဆုံး နည်းလမ်းပဲ။ မြောက်ပိုင်းမဟာမိတ်တွေကလည်း ပါဝင်ချင်နေတာပဲ။ ဒါပေမဲ့ ရှမ်းပြည်နယ်လွှတ်တော်က သူတို့ကို အကြမ်းဖက်အဖွဲ့ဆိုပြီး လုပ်လိုက်တော့ ဆွေးနွေးမယ့် လမ်းကြောင်းက အခြေအနေက ပြောင်းသွားတာပဲ။ အဲဒီလိုဖြစ်အောင်လည်း လုပ်နေတယ်လို့ မြင်တယ်။ အားလုံးပူးပေါင်း ပါဝင်မှသာလျှင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်။ ကျွန်တော်တို့ “ဝ”အဖွဲ့အနေနဲ့ကလည်း ဒီပစ်ခတ် တို်က်ခို်က်နေတဲ့ အဖွဲ့တွေနဲ့ တပ်မတော်ကြားမှာ ပေါင်းကူးတံတားအနေနဲ့ ကြားဝင် လက်တွဲခေါ်နေတာပဲ။ ကျွန်တော်တို့ရဲ့ ခင်မင်မှုကို အသုံးချပြီးတော့ပေါ့”ဟု UWSA/UWSP၏ လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
FPNCC အနဖြေင့် မြန်မာနိုင်ငံမြောက်ပိုင်း၏ ငြိမ်းချမ်းရေးကို ထိထိရောက်ရောက် ဖော်ဆောင်နိုင်ရန် အတွက် သင့်တော်သည့် လမ်းကြောင်းကို အစိုးရ၊ တပ်မတော်တို့နှင့် သုံးပွင့်ဆိုင်ထိပ်သီးအစည်းအဝေး ညှိနှိုင်းကျင်းပဆွေးနွေးနိုင်ရန် အချိန်မရွေးအဆင်သင့်ရှိနေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
FPNCC - Federal Political Negotiation and Consultative Committee (တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီ ) တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် UWSA၊ NDAA၊ SSPP၊ TNLA၊ MNDAA၊ AA နှင့် KIA တို့ ပါဝင်ဖွဲ့စည်းထားခြင်း ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၈)ဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement - NCA)ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့တွင် ကနဦး လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး လက်ရှိတွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖွဲ့ရှိနခြေင်းဖြစ်သည်။
NCA လက်မှတ်ရေးထိုးခြင်း (၃) နှစ်ပြည့်အဖြစ် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့တွင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အစိုးရ၊ တပ်မတော် နှင့် လွှတ်တော်အဖွဲ့အစည်းတို့ နပြေည်တော်တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~