တာခ်ီလိတ္တြင္ ပထမဆံုးက်င္းပမည့္ Mister World Tachileik ၿပိဳင္ပြဲဝင္လိုသူမ်ား ေအာက္တိုဘာ (၂၃) ရက္ေန႔အထိ ေလွ်ာက္ထားႏုိင္

တာခ်ီလိတ္တြင္ ပထမဆံုးက်င္းပမည့္ Mister World Tachileik ၿပိဳင္ပြဲဝင္လိုသူမ်ား ေအာက္တိုဘာ (၂၃) ရက္ေန႔အထိ ေလွ်ာက္ထားႏုိင္
အောက်တိုဘာ 21, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ Mister World Tachileik Organization က ႀကီးမွဴးက်င္းပသည့္ Mister World Tachileik ၿပိဳင္ပြဲဝင္လိုသူမ်ားအေနျဖင့္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၂၃)ရက္ေန႔အထိ စာရင္းေပးသြင္းႏုိင္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲေလွ်ာက္လႊာမ်ားကို တာခ်ီလိတ္ၿမိဳ႕ရိွ Jezz Café တြင္ လာေရာက္ ေလွ်ာက္ထားႏုိင္ၿပီး ၿပိဳင္ပြဲႏွင့္ပတ္သက္၍ အေသးစိတ္ သိရိွလိုသည္မ်ားရိွပါက ဖုန္း 09456150715 ႏွင့္ 09974089336 တုိ႔သို႔ ဆက္သြယ္ေမးျမန္းေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။

Mister World Tachileik အေနျဖင့့္ မိမိတို႔လူမ်ိဳးႏွင့္ ယဥ္ေက်းမႈဂုဏ္ကို ေဖာ္ေဆာင္ႏုိင္ရန္၊ လူငယ္မ်ား၏ စံျပလူငယ္ျဖစ္ေစရန္၊ ၿမိဳ႕ဂုဏ္ေဆာင္ ၿမိဳ႕နယ္၏ ဖြံ႕ၿဖိဳးမႈက႑မ်ားတြင္ ပါဝင္ဦးေဆာင္သူျဖစ္ရန္ရည္ရြယ္ က်င္းပျခင္းျဖစ္ေၾကာင္း Mister World Tachileik Organization ေဖၚျပထားသည္။

Mister World Myanmar International Organization က ႀကီးမွဴးက်င္းပသည့္ အဆိုပါၿပိဳင္ပြဲ၏ Grand final ၿပိဳင္ပြဲကို ႏိုဝင္ဘာလ  (၄) ရက္ေန႔၌ ေအာင္ျမတ္ခန္းမတြင္ က်င္းပမည္ျဖစ္ၿပီး ေရြးခ်ယ္ခံရသည့္ Mister အေနျဖင့္ ရန္ကုန္တြင္ က်င္းပမည့္ Mister World Myanmar တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရၾကမည္ျဖစ္ေၾကာင္း သိရသည္။
ဓါတ္ပံု - Mister World Tachileik

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် ပထမဆုံးကျင်းပမည့် Mister World Tachileik ပြိုင်ပွဲဝင်လိုသူများ အောက်တိုဘာ (၂၃) ရက်နေ့အထိ လျှောက်ထားနိုင်
****************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် Mister World Tachileik Organization က ကြီးမှူးကျင်းပသည့် Mister World Tachileik ပြိုင်ပွဲဝင်လိုသူများအနေဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၃)ရက်နေ့အထိ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ပြိုင်ပွဲလျှောက်လွှာများကို တာချီလိတ်မြို့ရှိ Jezz Café တွင် လာရောက် လျှောက်ထားနိုင်ပြီး ပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုသည်များရှိပါက ဖုန်း 09456150715 နှင့် 09974089336 တို့သို့ ဆက်သွယ်မေးမြန်းလျှောက်ထားနိုင်ကြောင်း သိရသည်။

Mister World Tachileik အနေဖြင့် မိမိတို့လူမျိုးနှင့် ယဉ်ကျေးမှုဂုဏ်ကို ဖော်ဆောင်နိုင်ရန်၊ လူငယ်များ၏ စံပြလူငယ်ဖြစ်စေရန်၊ မြို့ဂုဏ်ဆောင် မြို့နယ်၏ ဖွံ့ဖြိုးမှုကဏ္ဍများတွင် ပါဝင်ဦးဆောင်သူဖြစ်ရန်ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း Mister World Tachileik Organization ဖေါ်ပြထားသည်။

Mister World Myanmar International Organization က ကြီးမှူးကျင်းပသည့် အဆိုပါပြိုင်ပွဲ၏ Grand final ပြိုင်ပွဲကို နိုဝင်ဘာလ  (၄) ရက်နေ့၌ အောင်မြတ်ခန်းမတွင် ကျင်းပမည်ဖြစ်ပြီး ရွေးချယ်ခံရသည့် Mister အနေဖြင့် ရန်ကုန်တွင် ကျင်းပမည့် Mister World Myanmar တွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရကြမည်ဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ - Mister World Tachileik

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~