Update News

မင္းဘူးစကုၿမိဳ႕နယ္ႏွင့္ ငဖဲၿမိဳ႕နယ္တို႔မွ စစ္မႈထမ္းေဟာင္း (၂၀၀)ခန္႔ တပ္မေတာ္ေထာက္ခံပဲြျပဳလုပ္

မေကြးတိုင္းေဒသႀကီး မင္းဘူး/စကုၿမိဳ႕နယ္ႏွင့္ ငဖဲၿမိဳ႕နယ္တို႔ရိွ စစ္မႈထမ္းေဟာင္း (၂၀၀)ခန္႔က ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာ(၉)ရက္ နံနက္ပိုင္းတြင္ တပ္မေတာ္ကို ေထာက္ခံသည့္ ဆႏၵထုတ္ေဖၚပြဲ ျပဳလုပ္ေၾကာင္း သိရသည္။

 “ႏိုင္ငံတကာကေန ကၽြန္ေတာ္တို႔ တပ္မေတာ္အေပၚမွာ ဖိအားေတြ အမ်ိဳးမ်ိဳးေပးေနတယ္။ ေနာက္ ျပင္ပ စြက္ဖက္မႈေတြကလည္း အမ်ိဳးမ်ိဳးလာေနတဲ့အေပၚ ကၽြန္ေတာ္တို႔စစ္မႈထမ္းေဟာင္းအဖဲြ႔ေတြက တပ္မေတာ္ဘက္ကေနၿပီး ခိုင္ခိုင္မာမာရပ္တည္ေနတယ္ဆိုတဲ့အေၾကာင္း ျပသျခင္းျဖစ္ပါတယ္”ဟု မင္းဘူး/ စကုၿမိဳ႕နယ္ စစ္မႈထမ္းေဟာင္းအဖဲြ႔ ဥကၠဌ ဗိုလ္မွဴးေမာင္သိန္း(ၿငိမ္း)က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ တပ္မေတာ္ေထာက္ခံပဲြတြင္ စစ္မႈထမ္းေဟာင္းမ်ားက ျပည္ေထာင္စုမၿပိဳကဲြေရး၊ တိုင္းရင္းသား စည္းလံုး ညီညြတ္မႈ မၿပိဳကဲြေရး၊ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရးတို႔ကို ေၾကြးေၾကာ္ခဲ့ၾကေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္




~~~~~~~~⊰❂ unicode ~~~~~~~~
မင်းဘူးစကုမြို့နယ်နှင့် ငဖဲမြို့နယ်တို့မှ စစ်မှုထမ်းဟောင်း (၂၀၀)ခန့် တပ်မတော်ထောက်ခံပွဲပြုလုပ်
*************
မကွေးတိုင်းဒေသကြီး မင်းဘူး/စကုမြို့နယ်နှင့် ငဖဲမြို့နယ်တို့ရှိ စစ်မှုထမ်းဟောင်း (၂၀၀)ခန့်က ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ(၉)ရက် နံနက်ပိုင်းတွင် တပ်မတော်ကို ထောက်ခံသည့် ဆန္ဒထုတ်ဖေါ်ပွဲ ပြုလုပ်ကြောင်း သိရသည်။

 “နိုင်ငံတကာကနေ ကျွန်တော်တို့ တပ်မတော်အပေါ်မှာ ဖိအားတွေ အမျိုးမျိုးပေးနေတယ်။ နောက် ပြင်ပ စွက်ဖက်မှုတွေကလည်း အမျိုးမျိုးလာနေတဲ့အပေါ် ကျွန်တော်တို့စစ်မှုထမ်းဟောင်းအဖွဲ့တွေက တပ်မတော်ဘက်ကနေပြီး ခိုင်ခိုင်မာမာရပ်တည်နေတယ်ဆိုတဲ့အကြောင်း ပြသခြင်းဖြစ်ပါတယ်”ဟု မင်းဘူး/ စကုမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဌ ဗိုလ်မှူးမောင်သိန်း(ငြိမ်း)က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

အဆိုပါ တပ်မတော်ထောက်ခံပွဲတွင် စစ်မှုထမ်းဟောင်းများက ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကြွေးကြော်ခဲ့ကြကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~


« PREV
NEXT »

No comments

Post a Comment

:::::::::: လႈိက္လွဲစြာ ေက်းဇုူးတင္ရွိပါသည္ ::::::::::