မေကြးၿမိဳ႕နယ္ စစ္မႈထမ္းေဟာင္းမ်ားက တပ္မေတာ္ကို ေထာက္ခံေၾကာင္း ဆႏၵထုတ္ေဖၚ

မေကြးၿမိဳ႕နယ္ စစ္မႈထမ္းေဟာင္းမ်ားက တပ္မေတာ္ကို ေထာက္ခံေၾကာင္း ဆႏၵထုတ္ေဖၚ
အောက်တိုဘာ 16, 2018
By 🌸
မေကြးတိုင္းေဒသႀကီး မေကြးၿမိဳ႕နယ္စစ္မႈထမ္းေဟာင္းမ်ားက တပ္မေတာ္ကိုေထာက္ခံေၾကာင္း ဆႏၵထုတ္ေဖၚမႈကို ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာ(၁၆)ရက္ နံနက္ပိုင္းက မေကြးၿမိဳ႕ ကန္သာကန္ႀကီးအနီး၌ လုပ္ေဆာင္ၾကသည္။

“တပ္မေတာ္ဟာ ဖိအားေတြအမ်ိဳးမ်ိဳး ေပးခံေနရတယ္။  ျပင္ပစြက္ဖက္မႈေတြကလည္း အမ်ိဳးမ်ိဳးလာေနတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔စစ္မႈထမ္းေဟာင္းအဖဲြ႔ေတြက တပ္မေတာ္ဘက္က ရပ္တည္ေၾကာင္း ျပသၾကျခင္း ျဖစ္ပါတယ္” ဟု ျမန္မာႏိုင္ငံစစ္မႈထမ္းေဟာင္းအဖဲြ႔ မေကြးၿမိဳ႕နယ္ ဥကၠဌ အၿငိမ္းစား ဗိုလ္ႀကီးလွဝင္းေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါေထာက္ခံပြဲတြင္ မေကြးၿမိဳ႕နယ္အတြင္းရိွ စစ္မႈထမ္းေဟာင္း အဖြဲ႕ဝင္မ်ား၊ အရန္အဖြဲ႕ဝင္မ်ားအျပင္ အဖြဲ႕ဝင္မဟုတ္သူလည္း ပူးေပါင္းပါဝင္သည္ဟု ဦးေဆာင္သူမ်ားထံမွ သိရသည္။

အဆိုပါ ဆႏၵထုတ္ေဖၚပြဲကို ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးရံုးမွ ခြင့္ျပဳခ်က္ရယူလုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရၿပီး ျပည္ေထာင္စုမၿပိဳကဲြေရး၊ တိုင္းရင္းသား စည္းလံုး ညီညြတ္မႈ မၿပိဳကဲြေရး၊ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲေရးတို႔ကို ေၾကြးေၾကာ္သံအျဖစ္ ေၾကြးေၾကာ္ခဲ့ၾကသည္ကို ေတြ႔ရသည္။

သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးမြို့နယ် စစ်မှုထမ်းဟောင်းများက တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖေါ် ***************
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်စစ်မှုထမ်းဟောင်းများက တပ်မတော်ကိုထောက်ခံကြောင်း ဆန္ဒထုတ်ဖေါ်မှုကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ(၁၆)ရက် နံနက်ပိုင်းက မကွေးမြို့ ကန်သာကန်ကြီးအနီး၌ လုပ်ဆောင်ကြသည်။

“တပ်မတော်ဟာ ဖိအားတွေအမျိုးမျိုး ပေးခံနေရတယ်။  ပြင်ပစွက်ဖက်မှုတွေကလည်း အမျိုးမျိုးလာနေတယ်။ ဒါကြောင့် ကျွန်တော်တို့စစ်မှုထမ်းဟောင်းအဖွဲ့တွေက တပ်မတော်ဘက်က ရပ်တည်ကြောင်း ပြသကြခြင်း ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ မကွေးမြို့နယ် ဥက္ကဌ အငြိမ်းစား ဗိုလ်ကြီးလှဝင်းမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါထောက်ခံပွဲတွင် မကွေးမြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ အရန်အဖွဲ့ဝင်များအပြင် အဖွဲ့ဝင်မဟုတ်သူလည်း ပူးပေါင်းပါဝင်သည်ဟု ဦးဆောင်သူများထံမှ  သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖေါ်ပွဲကို မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ခွင့်ပြုချက်ရယူလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကြွေးကြော်သံအဖြစ် ကြွေးကြော်ခဲ့ကြသည်ကို တွေ့ရသည်။

သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~