စီးပြားေရးႏွင့္ ရင္းႏွီးျမဳပ္ႏွံအခြင့္အလမ္းမ်ားကိုေဆြးေႏြးမည့္ မႏၱေလးစီးပြားေရးဖိုရမ္အတြက္ ႀကိဳတင္စာရင္းေပးသြင္းႏုိင္

စီးပြားေရးႏွင့္ ရင္းႏွီးျမဳပ္ႏွံအခြင့္အလမ္းမ်ားကိုေဆြးေႏြးမည့္ မႏၱေလးစီးပြားေရးဖိုရမ္အတြက္ ႀကိဳတင္စာရင္းေပးသြင္းႏုိင္
အောက်တိုဘာ 10, 2018
By 🌸
မႏၲေလးတိုင္းေဒသႀကီးအတြင္းရိွ စီးပြားေရးႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈဆိုင္ရာအခြင့္အလမ္းမ်ား ေဆြးေႏြးၾကမည့္ Mandalay Business Forum 2018 ကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၉) ရက္ေန႔မွ (၁၁)ရက္ေန႔အထိ မႏၲေလးၿမိဳ႕ Mandalay Convention Centre တြင္ က်င္းပသြားမည္ျဖစ္ရာ လူဦးေရကန္႔သတ္ထားသျဖင့္ ႀကိဳတင္စာရင္း ေပးသြင္းႏုိင္ေၾကာင္း သိရသည္။

အဆိုပါ စီးပြားေရးဖိုရမ္ကို (၃)ရက္ၾကာ က်င္းပမည္ျဖစ္ၿပီး ျမန္မာႏုိင္ငံႏွင့္ ႏုိင္ငံတကာမွ စီးပြားေရးလုပ္ငန္းရွင္မ်ား တက္ေရာက္ေဆြးေႏြးၾကမည္ျဖစ္ေၾကာင္း သိရသည္။

လူဦးေရ (၁.၇) သန္းခန္႔ရိွၿပီး အထက္ျမန္မာႏုိင္ငံ၏ အဓိက စီးပြားေရးအခ်က္အခ်ာၿမိဳ႕ေတာ္ မႏၱေလးတြင္ ကုန္သြယ္ေရးႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈတိုးတက္ေစေရး၊ ႏိုင္ငံျခားရင္းႏွီးျမွဳပ္္ႏွံသူမ်ားႏွင့္ ေဒသခံစီးပြားေရး လုပ္ငန္းရွင္မ်ားအၾကား ရင္းႏွီးမႈရရွိေစေရး၊ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈမ်ား ရရိွေစေရးႏွင့္ မႏၱေလးတုိင္းေဒသႀကီး၏ စီးပြားေရးျမႇင့္တင္ႏုိင္ေရးအတြက္ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

မႏၱေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္၊ မႏၱေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ဝင္ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ႀကီး ဦးျမတ္သူ၊ ျမန္မာႏိုင္ငံရင္းႏွီးျမွဳပ္ႏွံမႈဆိုင္ရာေကာ္မရွင္အတြင္းေရးမွဴး ၊ ရင္းႏွီးျမဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားဆိုင္ရာစိီမံခန္႕ခြဲမႈဌာနမွ ညႊန္ၾကားေရးမွဴး ဦးေအာင္ႏိုင္ဦး၊
လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ကူညီေစာင့္ေရွာက္ေရးအသင္းဥကၠ႒ ၊ ရခိုင္ျပည္နယ္ဖြံၿဖိဳးတိုးတက္ေရး UEHRD Professor ေဒါက္တာေအာင္ထြန္းသက္၊ Sandanila မွ စီမံခန္႔ခြဲမႈအႀကံေပး ေဒၚသီရိသန္႔မြန္ New Starlight Group of Companies မွ ဥကၠ႒ ဦးေက်ာ္ေက်ာ္ဝင္း ၊ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ၿမိဳ႕ျပႏွင့္အိုးအိမ္ဖြံ႕ၿဖ္ိဳးတိုးတက္ေရးဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ေဒၚမိုးသီတာ၊ Mandalay Myotha Industrial Development Public Co.Ltd မွ မန္ေနးဂ်င္းဒါရိုက္တာ ေဒါက္တာဦးထြန္းထြန္းေအာင္၊ Mango Group မႏၱေလးမွ ဥကၠ႒ ေဒၚသန္းသန္းေဆြတို႔ ပါဝင္ေဆြးေႏြးၾကမည္ျဖစ္ေၾကာင္း သိရသည္။

စီးပြားေရးဖိုရမ္တက္ေရာက္လိုသူမ်ားအေနျဖင့္ https://www.gevme.com/Mandalay-Business-Forum-2018 တြင္ စာရင္းေပးသြင္းထားႏုိင္ေၾကာင္း သိရသည္။

အဆိုပါ ဖိုရမ္အား ျမန္မာ့ရင္းႏွီးျမွဳပ္္ႏွံမႈေကာ္မရွင္ (MIC)၊ စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္မႈဝန္ႀကီးဌာန (MOC) ၊ မႏၱေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ မႏၱေလးတိုင္းေဒသႀကီး ရင္းႏွီးျမဳပ္္ႏွံမႈေကာ္မတီႏွင့္ New StarLight Group Of Companies မ်ားမွ ပူးေပါင္းက်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #အင္မိုင္ခ

~~~~~~~~⊰❂ unicode ~~~~~~~~
စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံအခွင့်အလမ်းများကိုဆွေးနွေးမည့် မန္တလေးစီးပွားရေးဖိုရမ်အတွက် ကြိုတင်စာရင်းပေးသွင်းနိုင်
**********
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများ ဆွေးနွေးကြမည့် Mandalay Business Forum 2018 ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့မှ (၁၁)ရက်နေ့အထိ မန္တလေးမြို့ Mandalay Convention Centre တွင် ကျင်းပသွားမည်ဖြစ်ရာ လူဦးရေကန့်သတ်ထားသဖြင့် ကြိုတင်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။

အဆိုပါ စီးပွားရေးဖိုရမ်ကို (၃)ရက်ကြာ ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

လူဦးရေ (၁.၇) သန်းခန့်ရှိပြီး အထက်မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးအချက်အချာမြို့တော် မန္တလေးတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှုတိုးတက်စေရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ဒေသခံစီးပွားရေး လုပ်ငန်းရှင်များအကြား ရင်းနှီးမှုရရှိစေရေး၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ရရှိစေရေးနှင့် မန္တလေးတိုင်းဒေသကြီး၏ စီးပွားရေးမြှင့်တင်နိုင်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာကော်မရှင်အတွင်းရေးမှူး ၊ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦး၊
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ၊ ရခိုင်ပြည်နယ်ဖွံဖြိုးတိုးတက်ရေး UEHRD Professor ဒေါက်တာအောင်ထွန်းသက်၊ Sandanila မှ စီမံခန့်ခွဲမှုအကြံပေး ဒေါ်သီရိသန့်မွန် New Starlight Group of Companies မှ ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း ၊ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိုးအိမ်ဖွံ့ြဖိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာ၊ Mandalay Myotha Industrial Development Public Co.Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာဦးထွန်းထွန်းအောင်၊ Mango Group မန္တလေးမှ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ ပါဝင်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

စီးပွားရေးဖိုရမ်တက်ရောက်လိုသူများအနေဖြင့် https://www.gevme.com/Mandalay-Business-Forum-2018 တွင် စာရင်းပေးသွင်းထားနိုင်ကြောင်း သိရသည်။

အဆိုပါ ဖိုရမ်အား မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်မှုဝန်ကြီးဌာန (MOC) ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီနှင့် New StarLight Group Of Companies များမှ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #အင်မိုင်ခ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~