လားရိႈးၿမိဳ႕ဌာနဆိုင္ရာမ်ားႏွင့္ လူထုေတြ႔ဆံုပြဲ (၆)ႀကိမ္ေျမာက္တြင္ ေျမယာျပႆနာ အမ်ားဆံုးတင္ျပ

လားရိႈးၿမိဳ႕ဌာနဆိုင္ရာမ်ားႏွင့္ လူထုေတြ႔ဆံုပြဲ (၆)ႀကိမ္ေျမာက္တြင္ ေျမယာျပႆနာ အမ်ားဆံုးတင္ျပ
အောက်တိုဘာ 12, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕ တြင္ (၆)ႀကိမ္ေျမာက္ ဌာနဆိုင္ရာမ်ားႏွင့္ လူထုေတြ႔ဆံုပြဲကို ၂၀၁၈ ခုနွစ္၊ ေအာက္တိုဘာလ (၁၂) ရက္ေန႔က ၿမိဳ႕ေတာ္ခန္းမတြင္က်င္းပရာ လားရႈိးၿမိဳ႕နယ္အတြင္း ေျမယာျပႆနာမ်ားကို အမ်ားဆံုးတင္ျပေဆြးေႏြးၾကသည္။

ေျမယာက်ဴးေက်ာ္ေနထုိင္ျခင္း၊ လမ္းေျမအား ေနအိမ္ၿခံဝန္းအတြင္းထည့္၍ ၿခံခတ္ျခင္းမ်ားႏွင့္ ေျမယာကိစၥမ်ားအားေျဖရွင္းေပးရန္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနအပါအဝင္ သက္ဆုိင္ရာဌာနမ်ားသို႔ တုိင္ၾကားရာ၌ ကြင္းဆင္းစစ္ေဆးမႈ အားနည္းကာ ေျဖရွင္းေပးႏုိင္မႈမရိွျခင္းတုိ႔ကို လားရိႈးၿမိဳ႕ အမွတ္(၁)ရပ္ကြက္မွလူထုက အမ်ားဆံုး တင္ျပခဲ့ၾကသည္။

လားရႈိးျပည္သူ႔ေဆးရံုႀကီးသို႔ အေရးေပၚ လူနာမ်ားတင္ပို႔ရာတြင္ ေသြးလိုအပ္သည့္အခါမ်ား၌ ေဆးရံုရွိ ေသြးလွဴဘဏ္မွ အလြယ္တကူ ထုတ္မေပးႏုိင္ျခင္းႏွင့္ ေသြးလွဴဘဏ္အတြက္ ေသြးအစားထိုးထည့္ေပးရန္ ေသြးလွဴရွင္ထပ္မံရွာရျခင္းတို႔ေၾကာင့္ အခက္အခဲျဖစ္ရသည့္ကိစၥမ်ားကို တင္ျပၾကေၾကာင္း သိရသည္။

(၅)ႀကိမ္ေျမာက္လူထုေတြ႔ဆံုပြဲျဖစ္သည့္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၉) ရက္ေန႔က ျပဳလုပ္ေသာ လူထုေတြ႔ဆံုပြဲတြင္ လူထုကတင္ျပေမးျမန္းခဲ့သည့္ လမ္းျပႆနာ၊ ေျမယာျပႆနာမ်ားႏွင့္ တံတားလိုအပ္ခ်က္မ်ားကို လားရိႈးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ဌာနဆိုင္ရာမ်ားကိုယ္စားျပဳကာ ဆဌမအႀကိမ္၌ ျပန္လည္ေျဖၾကားခ့ဲသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးမြို့ဌာနဆိုင်ရာများနှင့် လူထုတွေ့ဆုံပွဲ (၆)ကြိမ်မြောက်တွင် မြေယာပြဿနာ အများဆုံးတင်ပြ
*************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ တွင် (၆)ကြိမ်မြောက် ဌာနဆိုင်ရာများနှင့် လူထုတွေ့ဆုံပွဲကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့က မြို့တော်ခန်းမတွင်ကျင်းပရာ လားရှိုးမြို့နယ်အတွင်း မြေယာပြဿနာများကို အများဆုံးတင်ပြဆွေးနွေးကြသည်။

မြေယာကျူးကျော်နေထိုင်ခြင်း၊ လမ်းမြေအား နေအိမ်ခြံဝန်းအတွင်းထည့်၍ ခြံခတ်ခြင်းများနှင့် မြေယာကိစ္စများအားဖြေရှင်းပေးရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် သက်ဆိုင်ရာဌာနများသို့ တိုင်ကြားရာ၌ ကွင်းဆင်းစစ်ဆေးမှု အားနည်းကာ ဖြေရှင်းပေးနိုင်မှုမရှိခြင်းတို့ကို လားရှိုးမြို့ အမှတ်(၁)ရပ်ကွက်မှလူထုက အများဆုံး တင်ပြခဲ့ကြသည်။

လားရှိုးပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် လူနာများတင်ပို့ရာတွင် သွေးလိုအပ်သည့်အခါများ၌ ဆေးရုံရှိ သွေးလှူဘဏ်မှ အလွယ်တကူ ထုတ်မပေးနိုင်ခြင်းနှင့် သွေးလှူဘဏ်အတွက် သွေးအစားထိုးထည့်ပေးရန် သွေးလှူရှင်ထပ်မံရှာရခြင်းတို့ကြောင့် အခက်အခဲဖြစ်ရသည့်ကိစ္စများကို တင်ပြကြကြောင်း သိရသည်။

(၅)ကြိမ်မြောက်လူထုတွေ့ဆုံပွဲဖြစ်သည့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၉) ရက်နေ့က ပြုလုပ်သော လူထုတွေ့ဆုံပွဲတွင် လူထုကတင်ပြမေးမြန်းခဲ့သည့် လမ်းပြဿနာ၊ မြေယာပြဿနာများနှင့် တံတားလိုအပ်ချက်များကို လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူးက ဌာနဆိုင်ရာများကိုယ်စားပြုကာ ဆဌမအကြိမ်၌ ပြန်လည်ဖြေကြားခဲ့သည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~