ကယားျပည္နယ္တြင္ ႏွစ္လအတြင္း ႏုိင္ငံျခားသားခရီးသြား (၁၄၀၀)နီးပါးဝင္ေရာက္ၿပီး အီတလီႏွင့္ တရုတ္မွ အမ်ားဆံုးလာေရာက္

ကယားျပည္နယ္တြင္ ႏွစ္လအတြင္း ႏုိင္ငံျခားသားခရီးသြား (၁၄၀၀)နီးပါးဝင္ေရာက္ၿပီး အီတလီႏွင့္ တရုတ္မွ အမ်ားဆံုးလာေရာက္
အောက်တိုဘာ 23, 2018
By 🌸
ကယားျပည္နယ္တြင္ ၾသဂုတ္လမွ စက္တင္ဘာလအတြင္း ႏိုင္ငံျခားသား ခရီးသြား (၁၄၀၀) နီးပါး ဝင္ေရာက္ လည္ပတ္သည့္အနက္ အမ်ားစုမွာ အီတလီႏွင့္ တရုတ္ႏုိင္ငံသားမ်ားျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္အတြင္း ႏိုင္ငံျခားသား ခရီးသြားမ်ား စိတ္ဝင္စားႏုိင္သည့္ေနရာမ်ားတြင္ လူထုအေျချပဳ ခရီးသြားလုပ္ငန္းမ်ားေဖၚေဆာင္ေနရာ လက္ရိွတြင္ လိြဳင္ေကာ္ၿမိဳ႕နယ္ႏွင့္ ဒီးေမာ့ဆိုၿမိဳ႕နယ္တို႔တြင္ အဓိကလုပ္ကိုင္ေနျခင္းျဖစ္သည္။

ကယားျပည္နယ္တြင္း လာေရာက္လည္ပတ္သည့္  ႏိုင္ငံျခားသားခရီးသြားအေရအတြက္မွာ ၾသဂုတ္လအတြင္းက (၈၈၁)ဦး ဝင္ေရာက္လည္ပတ္သည့္အနက္ (၂၄၁)ဦးမွာ အီတလီမွျဖစ္ေၾကာင္း သိရၿပီး စက္တင္ဘာလအတြင္း ဝင္ေရာက္လည္ပတ္သူ(၅၁၂)ဦးတြင္ အမ်ားစုမွာ တရုတ္မွ (၂၂၆) ဦးရိွေၾကာင္း သိရသည္။
ကယားျပည္နယ္တြင္း အဆိုပါ(၂)လတာကာလအတြင္း ႏုိင္ငံေပါင္း (၂၁)ႏိုင္ငံမွ လာေရာက္ လည္ပတ္ၾကေၾကာင္း ကယားျပည္နယ္ဟိုတယ္ႏွင့္ ခရီးသြားညႊန္ၾကားမႈဦးစီးဌာန၏ စာရင္းအရ သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်တွင် နှစ်လအတွင်း နိုင်ငံခြားသားခရီးသွား (၁၄၀၀)နီးပါးဝင်ရောက်ပြီး အီတလီနှင့် တရုတ်မှ အများဆုံးလာရောက်
****************

ကယားပြည်နယ်တွင် သြဂုတ်လမှ စက်တင်ဘာလအတွင်း နိုင်ငံခြားသား ခရီးသွား (၁၄၀၀) နီးပါး ဝင်ရောက် လည်ပတ်သည့်အနက် အများစုမှာ အီတလီနှင့် တရုတ်နိုင်ငံသားများဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်အတွင်း နိုင်ငံခြားသား ခရီးသွားများ စိတ်ဝင်စားနိုင်သည့်နေရာများတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်းများဖေါ်ဆောင်နေရာ လက်ရှိတွင် လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် အဓိကလုပ်ကိုင်နေခြင်းဖြစ်သည်။

ကယားပြည်နယ်တွင်း လာရောက်လည်ပတ်သည့်  နိုင်ငံခြားသားခရီးသွားအရေအတွက်မှာ သြဂုတ်လအတွင်းက (၈၈၁)ဦး ဝင်ရောက်လည်ပတ်သည့်အနက် (၂၄၁)ဦးမှာ အီတလီမှဖြစ်ကြောင်း သိရပြီး စက်တင်ဘာလအတွင်း ဝင်ရောက်လည်ပတ်သူ(၅၁၂)ဦးတွင် အများစုမှာ တရုတ်မှ (၂၂၆) ဦးရှိကြောင်း သိရသည်။
ကယားပြည်နယ်တွင်း အဆိုပါ(၂)လတာကာလအတွင်း နိုင်ငံပေါင်း (၂၁)နိုင်ငံမှ လာရောက် လည်ပတ်ကြကြောင်း ကယားပြည်နယ်ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရ သိရသည်။

သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ - Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~