ကယားျပည္နယ္ေန႔အခမ္းအနားက်င္းပရာ ေျမေနရာအား အမ်ားျပည္သူပိုင္ေျမေနရာအျဖစ္ ထားရွိေရးအဆို လႊတ္ေတာ္တြင္ အတည္ျပဳ

ကယားျပည္နယ္ေန႔အခမ္းအနားက်င္းပရာ ေျမေနရာအား အမ်ားျပည္သူပိုင္ေျမေနရာအျဖစ္ ထားရွိေရးအဆို လႊတ္ေတာ္တြင္ အတည္ျပဳ
အောက်တိုဘာ 6, 2018
By 🌸
ကယားျပည္နယ္  လိြဳင္ေကာ္ၿမိဳ႕ရိွ ကယားျပည္နယ္ေန႔ အခမ္းအနား ႏွစ္စဥ္က်င္းပသည့္ေျမေနရာအား ပုဂၢလိကစီးပြားေရး လုပ္ငန္းမ်ား၊ အပန္းေျဖလုပ္ငန္းမ်ားအတြက္ ေျမေနရာခ်ထားေပးမႈရပ္တန္႔၍  ျပည္နယ္ေန႔ပြဲေတာ္အတြက္ သီးသန္႔ျပည္သူပိုင္ေျမအျဖစ္ထားရွိေရး လႊတ္ေတာ္က အတည္ျပဳလုိက္ေၾကာင္း သိရသည္။

အဆိုပါ ေျမေနရာတြင္ ျပည္နယ္အစိုးရရန္ပံုေငြအျဖစ္  ေရလႊာေလွ်ာစီး၊ ဟုိတယ္ႏွင့္ စားေသာက္ဆိုင္လုပ္ငန္း မ်ားအတြက္ ေျမေနရာခ်ထားေပးမႈမ်ားရိွေနသျဖင့္ အမ်ားျပည္သူပိုင္ေျမေနရာအလြတ္္အျဖစ္ထားရိွရန္ ဖရူဆိုၿမိဳ႕နယ္ မဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္ထြန္းက ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၅) ရက္ေန႔တြင္ ျပဳလုပ္သည့္ ဒုတိယအႀကိမ္ ကယားျပည္နယ္ လႊတ္ေတာ္(၁၁)ႀကိမ္ေျမာက္ပုံမွန္အစည္းအေဝး ဒုတိယေန႔တြင္ အဆိုတင္သြင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“အဆိုပါလုပ္ငန္းသည္ ေျမပုံစံမက်ေသးမီ လုပ္ငန္းလုပ္ေဆာင္ေနျခင္း ၊ အမ်ားျပည္သူအပန္းေျဖျခင္းကိစၥဟု အေၾကာင္းျပကာ အမ်ားျပည္သူ အစဥ္အဆက္သုံးသည့္ေျမေနရာကို ေလွ်ာက္ထားျခင္း၊ လြတ္လပ္စြာ အပန္းေျဖျခင္းမ်ိဳးမဟုတ္ဘဲ အခေၾကးေငြေပး၍ အပန္းေျဖျခင္းမ်ိဳးျဖစ္သည့္ေၾကာင့္ ျပည္သူမ်ားအတြက္ စဥ္းစား၍ ယခုလို လႊတ္ေတာ္သို႔တင္ျပရျခင္း ျဖစ္ပါတယ္ " ဟု ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ေမာင္ထြန္းက ဆိုသည္။

၎တင္သြင္းသည့္အဆိုအား ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ (၄)ဦးက ေထာက္ခံေဆြးေႏြးခဲ့ၿပီး လိွ်ဳ႕ဝွက္ ဆႏၵမဲေပး၍ မဲခြဲဆုံးျဖတ္ရာ မဲေပးခြင့္ရွိသည့္ ကိုယ္စားလွယ္ (၁၉) ဦးအနက္ ဆႏၵမဲေပးသူ (၁၇ )ဦးက ေထာက္ခံမဲ (၁၀) မဲ ၊ ကန္႔ကြက္မဲ (၂) မဲ ၊ ပယ္မဲ (၅) ျဖင့္ အတည္ျပဳႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်နေ့အခမ်းအနားကျင်းပရာ မြေနေရာအား အများပြည်သူပိုင်မြေနေရာအဖြစ် ထားရှိရေးအဆို လွှတ်တော်တွင် အတည်ပြု
**************
ကယားပြည်နယ်  လွိုင်ကော်မြို့ရှိ ကယားပြည်နယ်နေ့ အခမ်းအနား နှစ်စဉ်ကျင်းပသည့်မြေနေရာအား ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများ၊ အပန်းဖြေလုပ်ငန်းများအတွက် မြေနေရာချထားပေးမှုရပ်တန့်၍  ပြည်နယ်နေ့ပွဲတော်အတွက် သီးသန့်ပြည်သူပိုင်မြေအဖြစ်ထားရှိရေး လွှတ်တော်က အတည်ပြုလိုက်ကြောင်း သိရသည်။

အဆိုပါ မြေနေရာတွင် ပြည်နယ်အစိုးရရန်ပုံငွေအဖြစ်  ရေလွှာလျှောစီး၊ ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်း များအတွက် မြေနေရာချထားပေးမှုများရှိနေသဖြင့် အများပြည်သူပိုင်မြေနေရာအလွတ်အဖြစ်ထားရှိရန် ဖရူဆိုမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထွန်းက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် အဆိုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဆိုပါလုပ်ငန်းသည် မြေပုံစံမကျသေးမီ လုပ်ငန်းလုပ်ဆောင်နေခြင်း ၊ အများပြည်သူအပန်းဖြေခြင်းကိစ္စဟု အကြောင်းပြကာ အများပြည်သူ အစဉ်အဆက်သုံးသည့်မြေနေရာကို လျှောက်ထားခြင်း၊ လွတ်လပ်စွာ အပန်းဖြေခြင်းမျိုးမဟုတ်ဘဲ အခကြေးငွေပေး၍ အပန်းဖြေခြင်းမျိုးဖြစ်သည့်ကြောင့် ပြည်သူများအတွက် စဉ်းစား၍ ယခုလို လွှတ်တော်သို့တင်ပြရခြင်း ဖြစ်ပါတယ် " ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထွန်းက ဆိုသည်။

၎င်းတင်သွင်းသည့်အဆိုအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၄)ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး လိျှု့ဝှက် ဆန္ဒမဲပေး၍ မဲခွဲဆုံးဖြတ်ရာ မဲပေးခွင့်ရှိသည့် ကိုယ်စားလှယ် (၁၉) ဦးအနက် ဆန္ဒမဲပေးသူ (၁၇ )ဦးက ထောက်ခံမဲ (၁၀) မဲ ၊ ကန့်ကွက်မဲ (၂) မဲ ၊ ပယ်မဲ (၅) ဖြင့် အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~