အစိုးရဌာနက ဦးေဆာင္က်င္းပသည့္ ပထမဆံုးအျပည္ျပည္ဆုိင္ရာကုန္စည္ျပပြဲတြင္ ရွမ္းျပည္နယ္မွ ျပခန္း (၁၂)ခန္း ပါဝင္ျပသမည္

အစိုးရဌာနက ဦးေဆာင္က်င္းပသည့္ ပထမဆံုးအျပည္ျပည္ဆုိင္ရာကုန္စည္ျပပြဲတြင္ ရွမ္းျပည္နယ္မွ ျပခန္း (၁၂)ခန္း ပါဝင္ျပသမည္
အောက်တိုဘာ 2, 2018
By 🌸
အစိုးရဌာနက ဦးေဆာင္က်င္းပသည့္ ပထမဆံုး အျပည္ျပည္ဆုိင္ရာကုန္စည္ျပပြဲကို ရွမ္းျပည္နယ္အစိုးရ၏ ပံ့ပိုးမႈျဖင့္ ေတာင္ႀကီးၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ(၅)ရက္ေန႔မွစ၍ (၄)ရက္ၾကာက်င္းပမည္ျဖစ္ၿပီး ျမန္မာအပါအဝင္ ႏုိင္ငံေပါင္း (၇)ႏုိင္ငံမွ ျပခန္းေပါင္း (၉၀)ေက်ာ္ပါဝင္ျပသမည္ျဖစ္ေၾကာင္း သိရသည္။

“ဒါက စီးပြားကူးသန္းကဦးေဆာင္ၿပီး ရွမ္းျပည္နယ္အစိုးရက ပံ့ပိုးေပးတယ္။ အစိုးရဌာနက ဦးေဆာင္ၿပီးလုပ္တဲ့ အျပည္အျပည္ဆုိင္ရာကုန္စည္ျပပြဲဆိုရင္ ဒါက တစ္ႏုိင္ငံလံုးမွာ ပထမဆံုးအႀကိမ္ပါပဲ။ ျပပြဲမွာ ရွမ္းျပည္နယ္အတြက္ကေတာ့ ျပခန္း(၁၂)ခန္းကို အခမဲ့ေပးထားပါတယ္။ ရွမ္းျပည္နယ္က အဓိက ထြက္ကုန္ေတြျဖစ္တဲ့ စားေသာက္ကုန္၊ အင္းထဲက ထြက္ကုန္ေတြ၊ သစ္သီးဝလံအသင္းက ျပခန္းေတြ ပါပါမယ္။ က်န္တဲ့ေဒသေတြကျပခန္းေတြစာရင္းကေတာ့ စီးပြားကူးသန္းရံုးခ်ဳပ္က တုိက္ရိုက္ကိုင္တြယ္ပါတယ္”ဟု ျမန္မာ့ကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕ တာဝန္ခံ၊ ကေမၻာဇကုန္သြယ္မႈဗဟိုဌာနမွ ဦးေစာဝင္းေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါကုန္စည္ျပပြဲအား ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျမန္မာ့ကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနႏွင့္ Fenix Hub Exhibition Co.,Ltd တို႔ ပူးေပါင္းစီစဥ္ျခင္းျဖစ္ေၾကာင္း သိရၿပီး ေတာင္ႀကီးၿမိဳ႕ မိုးလုံေလလုံအားကစားကြင္းတြင္ ေအာက္တိုဘာလ (၅) ရက္ေန႔မွ (၈)ရက္ေန႔အထိက်င္းပမည့္ျပပြဲတြင္ ထိုင္းႏုိင္ငံ၊ မေလးရွားႏုိင္ငံ၊ ထုိင္ဝမ္၊ ဗီယက္နမ္ႏုိင္ငံ၊ တရုတ္ႏုိင္ငံ၊ ကိုရီးယားႏုိင္ငံ၊ ဂ်ပန္ႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံတို႔မွ ထုတ္ကုန္မ်ား ဝင္ေရာက္ျပသၾကမည္ျဖစ္ေၾကာင္း သိရသည္။

ျပပြဲကာလအတြင္း ေအာက္တိုဘာလ (၆)ရက္ေန႔တြင္ ေတာင္ႀကီးပို႔ကုန္မ်ားျမႇင့္တင္ေရးဖိုရမ္ကို ထည့္သြင္းက်င္းပမည္ျဖစ္ၿပီး အဆိုပါဖိုရမ္တြင္ ျမန္မာ့ကုန္သြယ္မႈျမႇင့္တင္ေရးအဖြဲ႕မွ ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာသက္လြင္ဦး၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနႏွင့္ MOU ထိုးထားသည့္  PSI သင္တန္းေက်ာင္းမွ ေဒါက္တာမ်ိဳးမင္း၊ ေကာ္ဖီအသင္းႏွင့္ သီိဟိုအသင္းတို႔မွ ဦးေဆာင္ေဆြးေႏြးၾကမည္ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါျပပြဲတြင္ လယ္ယာထြက္ကုန္ပစၥည္းမ်ား၊ စားေသာက္ကုန္ႏွင့္ အေဖ်ာ္ယာမကာမ်ား၊ ေကာ္ဖီ၊ အဝတ္အထည္၊ အမွတ္တရလက္ေဆာင္ပစၥည္းအေရာင္းဆုိင္မ်ား၊ ေက်ာက္မ်က္ရတနာႏွင့္ အလွဆင္ပစၥည္းမ်ား၊ တုိင္းရင္းေဆး၀ါး၊ စကၠဴႏွင့္ စာေရးကိရိယာမ်ား၊ ေက်ာင္းသုံးသင္ေထာက္ကူပစၥည္းမ်ား၊ အိမ္သုံးလွ်ပ္စစ္ပစၥည္းမ်ား၊ ကားအလွဆင္ပစၥည္းမ်ား၊ လူသုံးကုန္ပစၥည္းမ်ား၊ အေျခာက္ခံစက္မ်ား၊ ေရသန္႔ပစၥည္းမ်ား၊ GPS ႏွင့္ Mobile Phone ဆက္စပ္ပစၥည္းမ်ား၊ အပူေပးအိပ္ရာခင္းမ်ား၊ ဝန္ေဆာင္မႈလုပ္ငန္းမ်ားႏွင့္ ရွမ္းျပည္နယ္ထြက္ကုန္ပစၥည္းမ်ားအပါအဝင္ ျပခန္းေပါင္း (၉၀) ခန္႔ျဖင့္ ပါဝင္ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
အစိုးရဌာနက ဦးဆောင်ကျင်းပသည့် ပထမဆုံးအပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲတွင် ရှမ်းပြည်နယ်မှ ပြခန်း (၁၂)ခန်း ပါဝင်ပြသမည်
*******************
အစိုးရဌာနက ဦးဆောင်ကျင်းပသည့် ပထမဆုံး အပြည်ပြည်ဆိုင်ရာကုန်စည်ပြပွဲကို ရှမ်းပြည်နယ်အစိုးရ၏ ပံ့ပိုးမှုဖြင့် တောင်ကြီးမြို့တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့မှစ၍ (၄)ရက်ကြာကျင်းပမည်ဖြစ်ပြီး မြန်မာအပါအဝင် နိုင်ငံပေါင်း (၇)နိုင်ငံမှ ပြခန်းပေါင်း (၉၀)ကျော်ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။

“ဒါက စီးပွားကူးသန်းကဦးဆောင်ပြီး ရှမ်းပြည်နယ်အစိုးရက ပံ့ပိုးပေးတယ်။ အစိုးရဌာနက ဦးဆောင်ပြီးလုပ်တဲ့ အပြည်အပြည်ဆိုင်ရာကုန်စည်ပြပွဲဆိုရင် ဒါက တစ်နိုင်ငံလုံးမှာ ပထမဆုံးအကြိမ်ပါပဲ။ ပြပွဲမှာ ရှမ်းပြည်နယ်အတွက်ကတော့ ပြခန်း(၁၂)ခန်းကို အခမဲ့ပေးထားပါတယ်။ ရှမ်းပြည်နယ်က အဓိက ထွက်ကုန်တွေဖြစ်တဲ့ စားသောက်ကုန်၊ အင်းထဲက ထွက်ကုန်တွေ၊ သစ်သီးဝလံအသင်းက ပြခန်းတွေ ပါပါမယ်။ ကျန်တဲ့ဒေသတွေကပြခန်းတွေစာရင်းကတော့ စီးပွားကူးသန်းရုံးချုပ်က တိုက်ရိုက်ကိုင်တွယ်ပါတယ်”ဟု မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ တာဝန်ခံ၊ ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာနမှ ဦးစောဝင်းကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါကုန်စည်ပြပွဲအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် Fenix Hub Exhibition Co.,Ltd တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ကြောင်း သိရပြီး တောင်ကြီးမြို့ မိုးလုံလေလုံအားကစားကွင်းတွင် အောက်တိုဘာလ (၅) ရက်နေ့မှ (၈)ရက်နေ့အထိကျင်းပမည့်ပြပွဲတွင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ထိုင်ဝမ်၊ ဗီယက်နမ်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့မှ ထုတ်ကုန်များ ဝင်ရောက်ပြသကြမည်ဖြစ်ကြောင်း သိရသည်။

ပြပွဲကာလအတွင်း အောက်တိုဘာလ (၆)ရက်နေ့တွင် တောင်ကြီးပို့ကုန်များမြှင့်တင်ရေးဖိုရမ်ကို ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အဆိုပါဖိုရမ်တွင် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် MOU ထိုးထားသည့်  PSI သင်တန်းကျောင်းမှ ဒေါက်တာမျိုးမင်း၊ ကော်ဖီအသင်းနှင့် သီဟိုအသင်းတို့မှ ဦးဆောင်ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် လယ်ယာထွက်ကုန်ပစ္စည်းများ၊ စားသောက်ကုန်နှင့် အဖျော်ယာမကာများ၊ ကော်ဖီ၊ အဝတ်အထည်၊ အမှတ်တရလက်ဆောင်ပစ္စည်းအရောင်းဆိုင်များ၊ ကျောက်မျက်ရတနာနှင့် အလှဆင်ပစ္စည်းများ၊ တိုင်းရင်းဆေးဝါး၊ စက္ကူနှင့် စာရေးကိရိယာများ၊ ကျောင်းသုံးသင်ထောက်ကူပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ ကားအလှဆင်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အခြောက်ခံစက်များ၊ ရေသန့်ပစ္စည်းများ၊ GPS နှင့် Mobile Phone ဆက်စပ်ပစ္စည်းများ၊ အပူပေးအိပ်ရာခင်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ရှမ်းပြည်နယ်ထွက်ကုန်ပစ္စည်းများအပါအဝင် ပြခန်းပေါင်း (၉၀) ခန့်ဖြင့် ပါဝင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~