မီးေသြးအိတ္မ်ားျဖင့္ဖံုး၍ သစ္ခိုးတင္လာသည့္ ေမာ္ေတာ္ယာဥ္ (၃)စီး လမ္းတြင္ရပ္ထားစဥ္ဖမ္းမိ

မီးေသြးအိတ္မ်ားျဖင့္ဖံုး၍ သစ္ခိုးတင္လာသည့္ ေမာ္ေတာ္ယာဥ္ (၃)စီး လမ္းတြင္ရပ္ထားစဥ္ဖမ္းမိ
အောက်တိုဘာ 3, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း ) လားရိႈးၿမိဳ႕ႏွင့္ ေရပူစစ္ေဆးေရးစခန္းအၾကား ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ရပ္ထားသည့္ ေမာ္ေတာ္ယာဥ္ (၃)စီးတြင္ မီးေသြးအိတ္မ်ားဖံုးကာ သစ္မ်ားတင္ထားသည္ကို ေရွာင္တခင္စစ္ေဆးေရးအဖြဲ႕က စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

သိန္းနီၿမိဳ႕နယ္၊ ေရပူေက်းရြာအနီး ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္ (၁၉၈/၈)တြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၃)ရက္ေန႔ နံနက္ (၅)နာရီေက်ာ္က ရပ္တန္႔ထားေသာ (၆)ဘီးယာဥ္တစ္စီးႏွင့္ (၁၂)ဘီးယာဥ္တစ္စီးတို႔ကို ေရပူစစ္ေဆးေရးစခန္းမွ စစ္ေဆးေရးအဖြဲ႔ႏွင့္ ျပည္သူ႔စစ္အဖြဲ႔တို႔က ေတြ႔ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ သစ္အမ်ိဳးအစားႏွင့္ သစ္တန္ခ်ိန္တုိ႔ကို စိစစ္ေနဆဲျဖစ္ၿပီး သစ္ခုိးသယ္လာသူမ်ားအား ဥပဒအရ အေရးယူႏုိင္ရန္ သက္ဆုိင္ရာက စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု - စစ္ေဆးေရးအဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
မီးသွေးအိတ်များဖြင့်ဖုံး၍ သစ်ခိုးတင်လာသည့် မော်တော်ယာဉ် (၃)စီး လမ်းတွင်ရပ်ထားစဉ်ဖမ်းမိ
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း ) လားရှိုးမြို့နှင့် ရေပူစစ်ဆေးရေးစခန်းအကြား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရပ်ထားသည့် မော်တော်ယာဉ် (၃)စီးတွင် မီးသွေးအိတ်များဖုံးကာ သစ်များတင်ထားသည်ကို ရှောင်တခင်စစ်ဆေးရေးအဖွဲ့က စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

သိန်းနီမြို့နယ်၊ ရေပူကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၉၈/၈)တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့ နံနက် (၅)နာရီကျော်က ရပ်တန့်ထားသော (၆)ဘီးယာဉ်တစ်စီးနှင့် (၁၂)ဘီးယာဉ်တစ်စီးတို့ကို ရေပူစစ်ဆေးရေးစခန်းမှ စစ်ဆေးရေးအဖွဲ့နှင့် ပြည်သူ့စစ်အဖွဲ့တို့က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် သစ်အမျိုးအစားနှင့် သစ်တန်ချိန်တို့ကို စိစစ်နေဆဲဖြစ်ပြီး သစ်ခိုးသယ်လာသူများအား ဥပဒအရ အရေးယူနိုင်ရန် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ - စစ်ဆေးရေးအဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~