ေမာ္ေတာ္ယာဥ္အမိုးေပၚ ေက်ာက္စိမ္းတံုး ခိုးသယ္လာသည့္ ယာဥ္ေမာင္း စစ္ေဆးေနစဥ္ထြက္ေျပးလြတ္ေျမာက္

ေမာ္ေတာ္ယာဥ္အမိုးေပၚ ေက်ာက္စိမ္းတံုး ခိုးသယ္လာသည့္ ယာဥ္ေမာင္း စစ္ေဆးေနစဥ္ထြက္ေျပးလြတ္ေျမာက္
အောက်တိုဘာ 23, 2018
By 🌸
ေက်ာက္စိမ္းတံုးကို အမိုးေပၚဖံုးအုပ္၍တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးကို ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) သိန္းနီၿမိဳ႕နယ္ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ စစ္ေဆးေနစဥ္ ယာဥ္ေမာင္းထြက္ေျပးသြားေၾကာင္း သိရသည္။

ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းရိွ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕က ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၃)ရက္ေန႔ နံနက္(၄)နာရီအခ်ိန္တြင္ မူဆယ္ဘက္သို႔အတက္ယာဥ္မ်ားအား စစ္ေဆးေနစဥ္ အမိုးေပၚတြင္ ပစၥည္းမ်ားတင္လာၿပီး ခရီးသည္(၂)ဦးတင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္တစ္စီးအား စစ္ေဆးရာ ယာဥ္ေမာင္းထြက္ေျပးတိမ္းေရွာင္သြားေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္အမိုးေပၚတြင္ အခ်ိဳရည္ႏွင့္ ဆပ္ျပာေမႊးရည္ပံုးမ်ားျဖင့္ ဖံုးကြယ္သယ္ေဆာင္လာသည့္ ေက်ာက္စိမ္းတံုးဆိုဒ္စံုကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

ျမန္မာ - တရုတ္နယ္စပ္ကုန္သြယ္ေရးလမ္းျဖစ္သည့္ မႏၱေလး - မူဆယ္ျပည္ေထာင္စုလမ္းမႀကီးတြင္ တရားမဝင္ကုန္စည္သယ္ယူပို႔ေဆာင္မႈမ်ားအား သိန္းနီၿမိဳ႕နယ္ရိွ ေရပူအၿမဲတမ္းစစ္ေဆးေရးစခန္းတြင္ ပူးေပါင္းစစ္ေဆးေရးအဖြဲ႕ျဖင့္ စစ္ေဆးဖမ္းဆီးမႈမ်ား လုပ္ေဆာင္ေနျခင္းျဖစ္သည္။

ဖမ္းဆီးရမိသည့္ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ တရားမဝင္သယ္ေဆာင္လာသည့္ပစၥည္းမ်ားကို သက္ဆုိင္ရာဌာနမ်ားက အမႈဖြင့္အေရးယူရန္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ဓါတ္ပံု - အေကာက္ခြန္ဦးစီးဌာန

~~~~~~~~⊰❂ unicode ~~~~~~~~
မော်တော်ယာဉ်အမိုးပေါ် ကျောက်စိမ်းတုံး ခိုးသယ်လာသည့် ယာဉ်မောင်း စစ်ဆေးနေစဉ်ထွက်ပြေးလွတ်မြောက်
************
ကျောက်စိမ်းတုံးကို အမိုးပေါ်ဖုံးအုပ်၍တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးကို ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် စစ်ဆေးနေစဉ် ယာဉ်မောင်းထွက်ပြေးသွားကြောင်း သိရသည်။

ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းရှိ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့ နံနက်(၄)နာရီအချိန်တွင် မူဆယ်ဘက်သို့အတက်ယာဉ်များအား စစ်ဆေးနေစဉ် အမိုးပေါ်တွင် ပစ္စည်းများတင်လာပြီး ခရီးသည်(၂)ဦးတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးအား စစ်ဆေးရာ ယာဉ်မောင်းထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

မော်တော်ယာဉ်အမိုးပေါ်တွင် အချိုရည်နှင့် ဆပ်ပြာမွှေးရည်ပုံးများဖြင့် ဖုံးကွယ်သယ်ဆောင်လာသည့် ကျောက်စိမ်းတုံးဆိုဒ်စုံကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်သည့် မန္တလေး - မူဆယ်ပြည်ထောင်စုလမ်းမကြီးတွင် တရားမဝင်ကုန်စည်သယ်ယူပို့ဆောင်မှုများအား သိန်းနီမြို့နယ်ရှိ ရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ဖမ်းဆီးရမိသည့် မော်တော်ယာဉ်များနှင့် တရားမဝင်သယ်ဆောင်လာသည့်ပစ္စည်းများကို သက်ဆိုင်ရာဌာနများက အမှုဖွင့်အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

ဓါတ်ပုံ - အကောက်ခွန်ဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~