လားရိႈးၿမိဳ႕နယ္အတြင္း တုိက္ပြဲမ်ားေၾကာင့္ ေဒသခံ (၁၅၀)ေက်ာ္ အီနိုင္းရြာသို႔ တိမ္းေရွာင္လာ

လားရိႈးၿမိဳ႕နယ္အတြင္း တုိက္ပြဲမ်ားေၾကာင့္ ေဒသခံ (၁၅၀)ေက်ာ္ အီနိုင္းရြာသို႔ တိမ္းေရွာင္လာ
အောက်တိုဘာ 27, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕နယ္ မန္ပိန္းရြာ အနီးတြင္ ေအာက္တိုဘာလ (၂၆)ရက္ေန႔ ညေနပိုင္းက စတင္၍ တို္က္ပြဲမ်ားျဖစ္ပြားေန၍ ေဒသခံ (၁၅၀) ေက်ာ္သည္ အီႏိုင္းေက်းရြာသို႔ တိမ္းေရွာင္လာေၾကာင္း သိရသည္။

“(၁၂)မိုင္ရြာလို႔ေခၚတဲ့ မန္ပိန္းရြာ အေပၚရြာနဲ႔ေအာက္ရြာေတြက ေဒသခံေတြေျပးလာၾကတာပါ။ သက္ႀကီး ရြယ္အိုေတြ၊ (၅) ႏွစ္ေအာက္ကေလးေတြနဲ႔ ကိုယ္ဝန္ေဆာင္အခ်ိဳ႕လည္း ပါတယ္။ အဲဒီရြာနားမွာ သြားၿပီး ႀကိဳလာခဲ့ေပးပါတယ္။ သူတို႔ေျပာတာကေတာ့ SSPP တပ္ဖြဲ႔နဲ႔ RCSS တပ္ဖြဲ႔တို႔ ထိေတြ႔ပစ္ခတ္မႈေတြျဖစ္ေနၾကၿပီး မန္ပိန္းရြာထဲမွာ အဲဒီႏွစ္ဖြဲ႔ထဲက တစ္ဖြဲ႔ကေနရာဝင္ယူလာတဲ့အတြက္ ေဒသခံေတြက ထြက္ေျပးလာၾကတယ္လို႔ သိရတယ္” ဟု တိုက္ပြဲ တိမ္းေရွာင္လာသူမ်ားကို အီႏိုင္းေက်းရြာထိပို႔ေဆာင္ေပးခဲ့သည့္ ေပးေသာလက္လူငယ္ပရဟိတအဖြဲ႔မွ ကိုျမင့္ေမာ္က တာခ်ီလိတ္သတင္းေအဂ်င္စီ သုိ႔ ေျပာသည္။

အေပၚမန္ပိန္းရြာႏွင့္ ေအာက္မန္ပိန္းရြာတို႔မွ တုိက္ပြဲေရွာင္လာသည့္ လူဦးေရ (၁၅၈)ဦးတြင္ ( ၅) ႏွစ္ေအာက္ကေလး (၁၃) ဦး၊ သက္ႀကီးရြယ္အို (၈) ဦး၊ ကိုယ္ဝန္ေဆာင္ (၁)ဦး ႏွင့္ ကေလးေမြးဖြားထားသူ (၁)ဦးတို႔ ပါဝင္ေၾကာင္း သိရသည္။

“လားရိႈးၿမိဳ႕ေပၚအထိ ေခၚလာေပးဖို႔စီစဥ္ထားတာ။ သူတို႔က သူတို႔ရြာနဲ႔ပိုနီးတဲ့ အီႏိုင္းရြာမွာပဲ ယာယီေနၿပီး အေျခအေနေကာင္းတာနဲ႔ ေနရပ္ျပန္မွာျဖစ္တယ္လို႔ သိရတယ္။ တိုက္ပြဲအေျခအေနအရ တိမ္းေရွာင္သူ အေရအတြက္က တိုးလာႏိုင္ပါတယ္။ ေလာေလာဆယ္ကေတာ့ အေရးေပၚ လိုအပ္တာမရွိေသးပါဘူး” ဟု ေပးေသာလက္လူငယ္အသင္းမွ ကိုျမင့္ေမာ္က ေျပာသည္။

တိုက္ပြဲတိမ္းေရွာင္လာသူမ်ားကို လားရိႈးၿမိဳ႕မွ ပရဟိတအဖြဲ႔မ်ားျဖစ္သည့္ ကေမၻာဇလူမႈကူညီေရး၊ ကရုဏာရွင္ လူမႈကူညီေရးႏွင့္ လားရိႈးလူငယ္မ်ားလူမႈကူညီေရးအသင္းတို႔က သြားေရာက္ေခၚေဆာင္ေပးၿပီး လားရိႈးၿမိဳ႕ နယ္ အီႏိုင္းေက်းရြာရွိ ကခ်င္ႏွစ္ျခင္း ခရစ္ယာန္ေက်ာင္းသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲခရိုင္ နမၼတူၿမိဳ႕နယ္အတြင္းရွိ ေက်းရြာေပါင္း (၉)ခုတို႔မွ လူဦးေရ (၂၀၀၀) နီးပါးမွာလည္း ေအာက္တိုဘာလ (၂၄)ရက္ေန႔က နမၼတူၿမိဳ႕ေပၚရွိ ဘုန္းေတာ္ႀကီးေက်ာင္း(၂)ခုသို႔ တုိက္ပြဲေရွာင္လာသည္ကို ေတြ႔ရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု -ထက္ေအာင္ေက်ာ္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံ (၁၅၀)ကျော် အီနိုင်းရွာသို့ တိမ်းရှောင်လာ
*****************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် မန်ပိန်းရွာ အနီးတွင် အောက်တိုဘာလ (၂၆)ရက်နေ့ ညနေပိုင်းက စတင်၍ တိုက်ပွဲများဖြစ်ပွားနေ၍ ဒေသခံ (၁၅၀) ကျော်သည် အီနိုင်းကျေးရွာသို့ တိမ်းရှောင်လာကြောင်း သိရသည်။

“(၁၂)မိုင်ရွာလို့ခေါ်တဲ့ မန်ပိန်းရွာ အပေါ်ရွာနဲ့အောက်ရွာတွေက ဒေသခံတွေပြေးလာကြတာပါ။ သက်ကြီး ရွယ်အိုတွေ၊ (၅) နှစ်အောက်ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်အချို့လည်း ပါတယ်။ အဲဒီရွာနားမှာ သွားပြီး ကြိုလာခဲ့ပေးပါတယ်။ သူတို့ပြောတာကတော့ SSPP တပ်ဖွဲ့နဲ့ RCSS တပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုတွေဖြစ်နေကြပြီး မန်ပိန်းရွာထဲမှာ အဲဒီနှစ်ဖွဲ့ထဲက တစ်ဖွဲ့ကနေရာဝင်ယူလာတဲ့အတွက် ဒေသခံတွေက ထွက်ပြေးလာကြတယ်လို့ သိရတယ်” ဟု တိုက်ပွဲ တိမ်းရှောင်လာသူများကို အီနိုင်းကျေးရွာထိပို့ဆောင်ပေးခဲ့သည့် ပေးသောလက်လူငယ်ပရဟိတအဖွဲ့မှ ကိုမြင့်မော်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

အပေါ်မန်ပိန်းရွာနှင့် အောက်မန်ပိန်းရွာတို့မှ တိုက်ပွဲရှောင်လာသည့် လူဦးရေ (၁၅၈)ဦးတွင် ( ၅) နှစ်အောက်ကလေး (၁၃) ဦး၊ သက်ကြီးရွယ်အို (၈) ဦး၊ ကိုယ်ဝန်ဆောင် (၁)ဦး နှင့် ကလေးမွေးဖွားထားသူ (၁)ဦးတို့ ပါဝင်ကြောင်း သိရသည်။

“လားရှိုးမြို့ပေါ်အထိ ခေါ်လာပေးဖို့စီစဉ်ထားတာ။ သူတို့က သူတို့ရွာနဲ့ပိုနီးတဲ့ အီနိုင်းရွာမှာပဲ ယာယီနေပြီး အခြေအနေကောင်းတာနဲ့ နေရပ်ပြန်မှာဖြစ်တယ်လို့ သိရတယ်။ တိုက်ပွဲအခြေအနေအရ တိမ်းရှောင်သူ အရေအတွက်က တိုးလာနိုင်ပါတယ်။ လောလောဆယ်ကတော့ အရေးပေါ် လိုအပ်တာမရှိသေးပါဘူး” ဟု ပေးသောလက်လူငယ်အသင်းမှ ကိုမြင့်မော်က ပြောသည်။

တိုက်ပွဲတိမ်းရှောင်လာသူများကို လားရှိုးမြို့မှ ပရဟိတအဖွဲ့များဖြစ်သည့် ကမ္ဘောဇလူမှုကူညီရေး၊ ကရုဏာရှင် လူမှုကူညီရေးနှင့် လားရှိုးလူငယ်များလူမှုကူညီရေးအသင်းတို့က သွားရောက်ခေါ်ဆောင်ပေးပြီး လားရှိုးမြို့ နယ် အီနိုင်းကျေးရွာရှိ ကချင်နှစ်ခြင်း ခရစ်ယာန်ကျောင်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၉)ခုတို့မှ လူဦးရေ (၂၀၀၀) နီးပါးမှာလည်း အောက်တိုဘာလ (၂၄)ရက်နေ့က နမ္မတူမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၂)ခုသို့ တိုက်ပွဲရှောင်လာသည်ကို တွေ့ရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ -ထက်အောင်ကျော်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~