အရပ္သားတစ္ဦးအပါအဝင္ လူ(၃)ဦးေသဆံုးသြားသည့္ တုိက္ေလယာဥ္(၂)စီးပ်က္က်မႈ စံုစမ္းဆဲျဖစ္ၿပီး မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႕က ေသဆံုးသူမ်ားအတြက္ ဂရုဏာေထာက္ပံ့မႈေပးရန္စီစဥ္ေန

အရပ္သားတစ္ဦးအပါအဝင္ လူ(၃)ဦးေသဆံုးသြားသည့္ တုိက္ေလယာဥ္(၂)စီးပ်က္က်မႈ စံုစမ္းဆဲျဖစ္ၿပီး မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႕က ေသဆံုးသူမ်ားအတြက္ ဂရုဏာေထာက္ပံ့မႈေပးရန္စီစဥ္ေန
အောက်တိုဘာ 16, 2018
By 🌸
မေကြးတိုင္းေဒသႀကီး၊ မင္းဘူး(စကု)ၿမိဳ႕နယ္အတြင္း ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၆)ရက္ေန႔ နံနက္ (၇)နာရီေက်ာ္က တိုက္ေလယာဥ္(၂)စီးပ်က္က်သည့္ေနရာအား တုိင္းေဒသႀကီးအစိုးရအဖြဲ႕၊
တပ္ေတာ္(ေလ)ႏွင့္ ဌာနဆိုင္ရာတာဝန္ရိွသူမ်ားအဖြဲ႕က စစ္ေဆးေနၿပီး ေသဆံုးသြားသူ(၃)ဦးကို မေကြးတုိင္းေဒသႀကီးအစိုးရအဖြဲ႕က ဂရုဏာ ေထာက္ပံ့မႈအျဖစ္ ေငြက်ပ္(၁၀)သိန္းစီေပးအပ္သြားရန္ စီစဥ္ေနေၾကာင္း သိရသည္။

“တုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ေရာ၊ နယ္လံုဝန္ႀကီး၊ ေထြအုပ္၊ ရဲတပ္ဖြဲ႕ သက္ဆုိင္ရာအစံုအလင္ပါတဲ့အဖြဲ႕နဲ႔ မနက္(၈)နာရီကတည္းက အခင္းျဖစ္ေနရာ (၂)ခုကို သြားၾကည့္ေနပါတယ္။ ေသဆံုးသြားသူေတြကို ေထာက္ပံ့ေၾကး (၁၀)သိန္းစီ ဒီညေနပိုင္းမွာ သြားေပးႏုိင္ေအာင္ ျပင္ဆင္ေနပါတယ္”ဟု မေကြးတုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ရံုးအဖြဲ႕ ဦးစီးအရာရိွ ဦးစိုးေက်ာ္ထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မင္းဘူး(စကု)ၿမိဳ႕နယ္၊ သနပၸင္စုေက်းရြာ အေနာက္ဘက္ ကြင္းအမွတ္ (၁၂၂၀ - A)တြင္  နံနက္ (၇) နာရီ  (၂၅) မိနစ္ဝန္းက်င္က ေလယာဥ္မွဴး ဗိုလ္ႀကီး ၿဖိဳးေမာင္ေမာင္ေမာင္းႏွင္သည့္ တပ္မေတာ္တုိက္ေလယာဥ္ တစ္စီးပ်က္က်ခဲ့ၿပီးေနာက္ နံနက္ (၇)နာရီ (၄၅)မိနစ္ဝန္းက်င္တြင္ မင္းဘူးၿမိဳ႕ အမွတ္(၁)ရပ္ကြက္ႏွင့္ တပင္ရြာၾကား ဆားပြက္ေခ်ာင္းတံတား၏ ကိုက္(၅၀၀)ခန္႔ဝန္းက်င္တြင္ ေလယာဥ္မွဴး ဗုိလ္ႀကီးဟိန္းသူေအာင္ ေမာင္းႏွင္သည့္ တုိက္ေလယာဥ္ ေလယာဥ္အမွတ္ (၁၆၄၀) ပ်က္က်သြားျခင္းျဖစ္ေၾကာင္း သိရသည္။

အမွတ္(၁)ရပ္ကြက္ႏွင့္ တပင္ေက်းရြာအၾကား ပ်က္က်သည့္ေလယာဥ္သည္ တပင္ရြာ စႀကၤန္ေတာင္ေပၚရိွ MPT ထပ္ဆင့္လႊင့္တာဝါတိုင္အား တိုက္မိခဲ့ၿပီး ေလယာဥ္ပ်က္အပိုင္းအစမ်ား ထိမွန္သျဖင့္ မင္းဘူးၿမိဳ႕၊ ေအာင္ေျမရပ္၊ အမွတ္(၁)ရပ္ကြက္ရိွေနအိမ္မွ အသက္(၁၀)ႏွစ္အရြယ္ မသြယ္ဇင္ၿငိမ္းမွာ ခါးႏွင့္တင္ပါးတုိ႔တြင္ ဒဏ္ရာမ်ားရသြားၿပီး မင္းဘူးခရိုင္ျပည္သူ႔ေဆးရံုသို႔ တင္ပို႔ထားစဥ္ ေသဆံုးသြားေၾကာင္း သိရသည္။

ေလယာဥ္ပ်က္က်မႈျဖစ္ပြားရာေနရာမ်ားသို႔ မေကြးတုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳ၊ လံုၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မွဴးႀကီးမင္းဦး၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးစန္းေဌး၊ ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ညီဝင္း၊ ခရို္င္အဆင့္ ဌာနဆုိင္ရာအရာရိွမ်ား၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသိန္းေဇာ္ကံ၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးဝင္းထိန္ႏွင့္ ၿမိဳ႕နယ္အဆင့္ တာဝန္ရိွသူမ်ား၊ ၿမိဳ႕မစခန္းမွဴး ဒုရဲမွဴးျမင့္ေဇာ္ႏွင့္ တပ္ဖြဲ႕ဝင္မ်ား၊ မေကြးၿမိဳ႕ တပ္မေတာ္ေလတပ္မွ ဒုဗိုလ္မွဴးႀကီး ျပည့္ၿဖိဳးႏွင့္အဖြဲ႕တုိ႔က နံနက္ (၈)နာရီ (၁၅)မိနစ္တြင္ ေရာက္ရိွ စစ္ေဆးခဲ့ၾကေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ပ်က္က်ေလယာဥ္မွ ေလယာဥ္မွဴးမ်ား ေသဆံုးခဲ့ရသည့္ အခင္းျဖစ္ေနရာမ်ားအား စစ္ေဆးေတြ႔ရိွခ်က္မ်ား၊ ေလယာဥ္ပ်က္က်သည့္ အေၾကာင္းရင္းမ်ားႏွင့္ ပတ္သက္၍ တာဝန္ရိွသူမ်ားက ေန႔လယ္ပိုင္းအခ်ိန္ထိ ထုတ္ေဖၚေျပာၾကားျခင္း မရိွေသးဘဲ စစ္ေဆးေနဆဲျဖစ္ေၾကာင္း သိရသည္။
တပ္မေတာ္သံုးေလယာဥ္ပ်က္က်မႈမ်ားအျဖစ္ ၂၀၁၆ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁ဝ) ရက္ေန႔တြင္ ေနျပည္ေတာ္ေလဆိပ္မွ အတက္တြင္ စက္ခ်ိဳ႕ယြင္းၿပီး ပ်က္က်ခဲ့သျဖင့္ ေလယာဥ္ေပၚ လုိက္ပါလာသူ (၅)ဦး ေသဆံုးမႈ၊ ၂၀၁၇ ခုႏွစ္ ဇြန္လ(၇)ရက္ေန႔က ၿမိတ္မွရန္ကုန္သို႔ လူ(၁၀၀)ေက်ာ္ တင္ေဆာင္လာသည့္ Y-8 ေလယာဥ္ ထားဝယ္ကမ္းရိုးတန္း ေက်ာက္နီေမာ္အနီးပ်က္က်သျဖင့္ လိုက္ပါလာသူအားလံုး ေသဆံုးမႈႏွင့္ ၂၀၁၈ ခုႏွစ္၊ ဧၿပီလ(၃)ရက္ေန႔က ေတာင္ငူၿမိဳ႕နယ္ ေလတပ္စခန္းဌာနခ်ဳပ္မွ F 7 ေလယာဥ္ ေလ့က်င့္ပ်ံသန္းစဥ္ ဇီးကုန္းေက်းရြာအနီး ပ်က္က်သျဖင့္ ေလယာဥ္မွဴး ေသဆံုးမႈတို႔ ျဖစ္ပြားခဲ့ဖူးသည္ကို ေတြ႔ရသည္။
သတင္း၊ဓါတ္ပံု #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
အရပ်သားတစ်ဦးအပါအဝင် လူ(၃)ဦးသေဆုံးသွားသည့် တိုက်လေယာဉ်(၂)စီးပျက်ကျမှု စုံစမ်းဆဲဖြစ်ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က သေဆုံးသူများအတွက် ဂရုဏာထောက်ပံ့မှုပေးရန်စီစဉ်နေ
***********
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့ နံနက် (၇)နာရီကျော်က တိုက်လေယာဉ်(၂)စီးပျက်ကျသည့်နေရာအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊
တပ်တော်(လေ)နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့က စစ်ဆေးနေပြီး သေဆုံးသွားသူ(၃)ဦးကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဂရုဏာ ထောက်ပံ့မှုအဖြစ် ငွေကျပ်(၁၀)သိန်းစီပေးအပ်သွားရန် စီစဉ်နေကြောင်း သိရသည်။

“တိုင်းဒေသကြီးဝန်ကြီးချုပ်ရော၊ နယ်လုံဝန်ကြီး၊ ထွေအုပ်၊ ရဲတပ်ဖွဲ့ သက်ဆိုင်ရာအစုံအလင်ပါတဲ့အဖွဲ့နဲ့ မနက်(၈)နာရီကတည်းက အခင်းဖြစ်နေရာ (၂)ခုကို သွားကြည့်နေပါတယ်။ သေဆုံးသွားသူတွေကို ထောက်ပံ့ကြေး (၁၀)သိန်းစီ ဒီညနေပိုင်းမှာ သွားပေးနိုင်အောင် ပြင်ဆင်နေပါတယ်”ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ရုံးအဖွဲ့ ဦးစီးအရာရှိ ဦးစိုးကျော်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မင်းဘူး(စကု)မြို့နယ်၊ သနပ္ပင်စုကျေးရွာ အနောက်ဘက် ကွင်းအမှတ် (၁၂၂၀ - A)တွင်  နံနက် (၇) နာရီ  (၂၅) မိနစ်ဝန်းကျင်က လေယာဉ်မှူး ဗိုလ်ကြီး ဖြိုးမောင်မောင်မောင်းနှင်သည့် တပ်မတော်တိုက်လေယာဉ် တစ်စီးပျက်ကျခဲ့ပြီးနောက် နံနက် (၇)နာရီ (၄၅)မိနစ်ဝန်းကျင်တွင် မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက်နှင့် တပင်ရွာကြား ဆားပွက်ချောင်းတံတား၏ ကိုက်(၅၀၀)ခန့်ဝန်းကျင်တွင် လေယာဉ်မှူး ဗိုလ်ကြီးဟိန်းသူအောင် မောင်းနှင်သည့် တိုက်လေယာဉ် လေယာဉ်အမှတ် (၁၆၄၀) ပျက်ကျသွားခြင်းဖြစ်ကြောင်း သိရသည်။

အမှတ်(၁)ရပ်ကွက်နှင့် တပင်ကျေးရွာအကြား ပျက်ကျသည့်လေယာဉ်သည် တပင်ရွာ စြင်္ကန်တောင်ပေါ်ရှိ MPT ထပ်ဆင့်လွှင့်တာဝါတိုင်အား တိုက်မိခဲ့ပြီး လေယာဉ်ပျက်အပိုင်းအစများ ထိမှန်သဖြင့် မင်းဘူးမြို့၊ အောင်မြေရပ်၊ အမှတ်(၁)ရပ်ကွက်ရှိနေအိမ်မှ အသက်(၁၀)နှစ်အရွယ် မသွယ်ဇင်ငြိမ်းမှာ ခါးနှင့်တင်ပါးတို့တွင် ဒဏ်ရာများရသွားပြီး မင်းဘူးခရိုင်ပြည်သူ့ဆေးရုံသို့ တင်ပို့ထားစဉ် သေဆုံးသွားကြောင်း သိရသည်။

လေယာဉ်ပျက်ကျမှုဖြစ်ပွားရာနေရာများသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ညီဝင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာအရာရှိများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းထိန်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မြို့မစခန်းမှူး ဒုရဲမှူးမြင့်ဇော်နှင့် တပ်ဖွဲ့ဝင်များ၊ မကွေးမြို့ တပ်မတော်လေတပ်မှ ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးနှင့်အဖွဲ့တို့က နံနက် (၈)နာရီ (၁၅)မိနစ်တွင် ရောက်ရှိ စစ်ဆေးခဲ့ကြကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပျက်ကျလေယာဉ်မှ လေယာဉ်မှူးများ သေဆုံးခဲ့ရသည့် အခင်းဖြစ်နေရာများအား စစ်ဆေးတွေ့ရှိချက်များ၊ လေယာဉ်ပျက်ကျသည့် အကြောင်းရင်းများနှင့် ပတ်သက်၍ တာဝန်ရှိသူများက နေ့လယ်ပိုင်းအချိန်ထိ ထုတ်ဖေါ်ပြောကြားခြင်း မရှိသေးဘဲ စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
တပ်မတော်သုံးလေယာဉ်ပျက်ကျမှုများအဖြစ် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁ဝ) ရက်နေ့တွင် နေပြည်တော်လေဆိပ်မှ အတက်တွင် စက်ချို့ယွင်းပြီး ပျက်ကျခဲ့သဖြင့် လေယာဉ်ပေါ် လိုက်ပါလာသူ (၅)ဦး သေဆုံးမှု၊ ၂၀၁၇ ခုနှစ် ဇွန်လ(၇)ရက်နေ့က မြိတ်မှရန်ကုန်သို့ လူ(၁၀၀)ကျော် တင်ဆောင်လာသည့် Y-8 လေယာဉ် ထားဝယ်ကမ်းရိုးတန်း ကျောက်နီမော်အနီးပျက်ကျသဖြင့် လိုက်ပါလာသူအားလုံး သေဆုံးမှုနှင့် ၂၀၁၈ ခုနှစ်၊ ဧပြီလ(၃)ရက်နေ့က တောင်ငူမြို့နယ် လေတပ်စခန်းဌာနချုပ်မှ F 7 လေယာဉ် လေ့ကျင့်ပျံသန်းစဉ် ဇီးကုန်းကျေးရွာအနီး ပျက်ကျသဖြင့် လေယာဉ်မှူး သေဆုံးမှုတို့ ဖြစ်ပွားခဲ့ဖူးသည်ကို တွေ့ရသည်။
သတင်း၊ဓါတ်ပုံ #ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~