F 7 ေလယာဥ္ပ်က္ အပိုင္းအစထိမွန္ ေသဆံုးခဲ့ရသည့္ ပဥၥမတန္းေက်ာင္းသူ၏ မိသားစုထံ ႏိုင္ငံေတာ္အတိုင္ပင္ခံထံမွ ဝမ္းနည္းေၾကကြဲေၾကာင္း ကရုဏာစကားေပးပို႔

F 7 ေလယာဥ္ပ်က္ အပိုင္းအစထိမွန္ ေသဆံုးခဲ့ရသည့္ ပဥၥမတန္းေက်ာင္းသူ၏ မိသားစုထံ ႏိုင္ငံေတာ္အတိုင္ပင္ခံထံမွ ဝမ္းနည္းေၾကကြဲေၾကာင္း ကရုဏာစကားေပးပို႔
အောက်တိုဘာ 19, 2018
By Tachileik News Agency

မေကြးတုိင္းေဒႀကီး မင္းဘူးၿမိဳ႕တြင္ ရာသီဥတုေၾကာင့္ ပ်က္က်သြားသည့္ F 7 ေလယာဥ္အပိုင္းအစ ထိမွန္၍ ေသဆံုးသြားခဲ့ရသည့္ ပဥၥမတန္းေက်ာင္းသူ မသြယ္ဇင္ၿငိမ္း၏ က်န္ရစ္သည့္ မိသားစုထံ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံ ပုဂၢိဳလ္က ေပးပို႔သည့္ ကရုဏာစကားကို တိုင္းေဒသႀကီးအစိုးရအဖြဲ႕ရံုးက ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၉)ရက္ေန႔ ညပိုင္းတြင္ သြားေရာက္ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

“အတုိင္ပင္ခံ ဆီကေန သမီးေလးရဲ႕မိသားစုဆီပို႔တဲ့ ကရုဏာစကားစာက ေခ်ာနဲ႔ပို႔ေပးတာ ဒီေန႔ေရာက္တာနဲ႔ မိသားစုဆီ သြားေရာက္ၿပီး ေပးဖို႔နဲ႔ အားေပးစကားေျပာဖို႔ပါ ညႊန္ၾကားထားတာေၾကာင့္ သြားေပးခဲ့ပါတယ္။ တုိင္းေဒသႀကီးအစိုးရအဖြဲ႕အေနနဲ႔ကေတာ့ ျဖစ္တဲ့ညေနမွာပဲ သူတို႔မိသားစုဆီကို ကရုဏာလူမႈေထာက္ပံ့မႈအျဖစ္ ေပးပို႔ထားၿပီးျဖစ္သလို ပညာေရးဝန္ႀကီးဌာနနဲ႔ က်န္တဲ့ဌာနေတြကလည္း လူမႈကရုဏာေထာက္ပံ့မႈေတြ ေပးပို႔ထားတာလည္း ေတြ႔ရပါတယ္”ဟု မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ရံုး ညႊန္ၾကားေရးမွဴး ဦးတင္ဝင္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သမီးေလး မသြယ္ဇင္ၿငိမ္းသည္ ေကာင္းရာမြန္ရာသို႔ ေရာက္ရွိမည္ဟု ယံုၾကည္ပါေၾကာင္းႏွင့္ က်န္ရစ္သူ မိဘႏွစ္ပါးႏွင့္အတူ ထပ္တူထပ္မွ် နည္းေၾကကြဲပါေၾကာင္း ကရုဏာစကား ေပးပို႔ပါသည္ဟု
၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၈)ရက္ေန႔ ေန႔စြဲျဖင့္ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္က ေပးပို႔သည့္စာတြင္ ေဖၚျပထားသည္ကို ေတြ႔ရသည္။

အတုိင္ပင္ခံပုဂၢိဳလ္၏ ကရုဏာစကားေပးပို႔မႈကို မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ရံုး ညႊန္ၾကားေရးမွဴး ဦးတင္ဝင္းေရႊႏွင့္ မင္းဘူးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးသိန္းေဇာ္ကံႏွင့္ တာဝန္ရိွသူမ်ားပါဝင္သည့္အဖြဲ႕က ည(၈)နာရီအခ်ိန္တြင္ မသြယ္ဇင္ၿငိမ္း၏ မိဘမ်ားျဖစ္သည့္ ဦးခင္ေမာင္ျဖဴႏွင့္ ေဒၚႏွင္းေအးတို႔ထံ သြားေရာက္ ေပးပို႔ၿပီး မေကြးတိုင္းအေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ လူမႈကရုဏာပံ့ပိုးမႈကိုလည္း ေပးအပ္ခဲ့ေၾကာင္း သိရသည္။

F 7 ေလယာဥ္ႏွစ္စီးပ်က္က်မႈမွ ေသဆံုးခဲ့သည့္ မေကြးေလတပ္စခန္းဌာနခ်ဳပ္မွ တုိက္ေလယာဥ္မွဴးမ်ား ျဖစ္သည့္ ဗိုလ္ႀကီးၿဖိဳး ေမာင္ေမာင္ႏွင့္ ဗုိလ္ႀကီးဟိန္းသူေအာင္တို႔၏ က်န္ခဲ့သည့္မိသားစုမ်ားထံ ကရုဏာစကားေပးပို႔သည့္စာ(၂)ေစာင္ကို ေအာက္တိုဘာလ (၁၈)ရက္ေန႔က ႏုိင္ငံေတာ္ အတုိင္ပင္ခံ ပုဂၢိဳလ္၏ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေဖၚျပခဲ့ေသာ္လည္း မသြယ္ဇင္ၿငိမ္းအတြက္ ေရးသားသည့္ စာပါဝင္လာျခင္း မရိွသျဖင့္ လူထုအၾကားေဝဖန္မႈမ်ားစြာ ထြက္ေပၚခဲ့ျခင္းျဖစ္သည္။

 “ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္အေနနဲ႔ ေလယာဥ္မွဴးႏွစ္ေယာက္ရဲ႕ မိသားစုဆီကို ဝမ္းနည္းေၾကာင္း ေပးပို႔စာနဲ႔ အတူ ထုတ္ျပန္လိုက္တာျဖစ္ေပမဲ့ သမီးေလးအတြက္က ေခ်ာစာနဲ႔လာတာမို႔ ေနာက္က်သြားတာပါ”ဟု မေကြးတိုင္းေဒသႀကီးအစိုးရ ဝန္ႀကီးခ်ဳပ္ရံုးအဖဲြ႔ ဦးစီးအရာရိွ ဦးစိုးေက်ာ္ထြန္းက တာခ်ီလိတ္ ေအဂ်င္စီသို႔ ေျပာၾကားသည္။

မသြယ္ဇင္ၿငိမ္းမိသားစုအတြက္ လူမႈကရုဏာပံ့ပိုးမႈအျဖစ္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က က်ပ္ (၁၀) သိန္း၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္က က်ပ္ (၁၀) သိန္း၊ လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ ေနရာခ်ထားေရး၀န္ႀကီးဌာနက က်ပ္ (၃) သိန္း၊ မေကြးတိုင္းေဒသႀကီး လံုၿခံဳေရးႏွင့္ နယ္စပ္ေရးရာ ဝန္ႀကီးဌာန ဝန္ႀကီးက က်ပ္ (၁) သိန္းႏွင့္ တုိင္းေဒသႀကီးအေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက က်ပ္(၁)သိန္း ေပးပို႔ထားေၾကာင္း သိရသည္။

မေကြးေလတပ္စခန္းဌာနခ်ဳပ္မွ F 7 တိုက္ေလယာဥ္(၂)စီးမွာ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၆) ရက္ေန႔ နံနက္က မင္းဘူး(စကု)ၿမိဳ႕နယ္၊ သနပၸင္စုေက်းရြာအနီးႏွင့္ မင္းဘူး ၿမိဳ႕ အမွတ္(၁)ရပ္ကြက္ႏွင့္ တပင္ရြာၾကား ဆားပြက္ေခ်ာင္းတံတားအနီးတို႔တြင္ ပ်က္က်ခဲ့သျဖင့္ ေလယာဥ္မွဴး(၂)ဦးႏွင့္အတူ ပဥၥမတန္းေက်ာင္းသူတစ္ဦးတို႔ ေသဆုံုးခဲ့ျခင္းျဖစ္သည္။

သတင္း - ဖီးနစ္ ၊ Tachileik News Agency
ဓါတ္ပံု - UTWS



~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒကြေီး မင်းဘူးမြို့တွင် ရာသီဥတုကြောင့် ပျက်ကျသွားသည့် F 7 လေယာဉ်အပိုင်းအစ ထိမှန်၍ သေဆုံးသွားခဲ့ရသည့် ပဉ္စမတန်းကျောင်းသူ မသွယ်ဇင်ငြိမ်း၏ ကျန်ရစ်သည့် မိသားစုထံ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပေးပို့သည့် ကရုဏာစကားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့ ညပိုင်းတွင် သွားရောက်ပို့ဆောင်ပေးထားကြောင်း သိရသည်။

“အတိုင်ပင်ခံ ဆီကနေ သမီးလေးရဲ့မိသားစုဆီပို့တဲ့ ကရုဏာစကားစာက ချောနဲ့ပို့ပေးတာ ဒီနေ့ရောက်တာနဲ့ မိသားစုဆီ သွားရောက်ပြီး ပေးဖို့နဲ့ အားပေးစကားပြောဖို့ပါ ညွှန်ကြားထားတာကြောင့် သွားပေးခဲ့ပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ကတော့ ဖြစ်တဲ့ညနေမှာပဲ သူတို့မိသားစုဆီကို ကရုဏာလူမှုထောက်ပံ့မှုအဖြစ် ပေးပို့ထားပြီးဖြစ်သလို ပညာရေးဝန်ကြီးဌာနနဲ့ ကျန်တဲ့ဌာနတွေကလည်း လူမှုကရုဏာထောက်ပံ့မှုတွေ ပေးပို့ထားတာလည်း တွေ့ရပါတယ်”ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး ညွှန်ကြားရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သမီးလေး မသွယ်ဇင်ငြိမ်းသည် ကောင်းရာမွန်ရာသို့ ရောက်ရှိမည်ဟု ယုံကြည်ပါကြောင်းနှင့် ကျန်ရစ်သူ မိဘနှစ်ပါးနှင့်အတူ ထပ်တူထပ်မျှ နည်းကြေကွဲပါကြောင်း ကရုဏာစကား ပေးပို့ပါသည်ဟု
၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့ နေ့စွဲဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပေးပို့သည့်စာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကရုဏာစကားပေးပို့မှုကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးတင်ဝင်းရွှေနှင့် မင်းဘူးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံနှင့် တာဝန်ရှိသူများပါဝင်သည့်အဖွဲ့က ည(၈)နာရီအချိန်တွင် မသွယ်ဇင်ငြိမ်း၏ မိဘများဖြစ်သည့် ဦးခင်မောင်ဖြူနှင့် ဒေါ်နှင်းအေးတို့ထံ သွားရောက် ပေးပို့ပြီး မကွေးတိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လူမှုကရုဏာပံ့ပိုးမှုကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

F 7 လေယာဉ်နှစ်စီးပျက်ကျမှုမှ သေဆုံးခဲ့သည့် မကွေးလေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်မှူးများ ဖြစ်သည့် ဗိုလ်ကြီးဖြိုး မောင်မောင်နှင့် ဗိုလ်ကြီးဟိန်းသူအောင်တို့၏ ကျန်ခဲ့သည့်မိသားစုများထံ ကရုဏာစကားပေးပို့သည့်စာ(၂)စောင်ကို အောက်တိုဘာလ (၁၈)ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြခဲ့သော်လည်း မသွယ်ဇင်ငြိမ်းအတွက် ရေးသားသည့် စာပါဝင်လာခြင်း မရှိသဖြင့် လူထုအကြားဝေဖန်မှုများစွာ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

 “နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ လေယာဉ်မှူးနှစ်ယောက်ရဲ့ မိသားစုဆီကို ဝမ်းနည်းကြောင်း ပေးပို့စာနဲ့ အတူ ထုတ်ပြန်လိုက်တာဖြစ်ပေမဲ့ သမီးလေးအတွက်က ချောစာနဲ့လာတာမို့ နောက်ကျသွားတာပါ”ဟု မကွေးတိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်ရုံးအဖွဲ့ ဦးစီးအရာရှိ ဦးစိုးကျော်ထွန်းက တာချီလိတ် အေဂျင်စီသို့ ပြောကြားသည်။

မသွယ်ဇင်ငြိမ်းမိသားစုအတွက် လူမှုကရုဏာပံ့ပိုးမှုအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကျပ် (၁၀) သိန်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ကျပ် (၁၀) သိန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနက ကျပ် (၃) သိန်း၊ မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီးက ကျပ် (၁) သိန်းနှင့် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကျပ်(၁)သိန်း ပေးပို့ထားကြောင်း သိရသည်။

မကွေးလေတပ်စခန်းဌာနချုပ်မှ F 7 တိုက်လေယာဉ်(၂)စီးမှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့ နံနက်က မင်းဘူး(စကု)မြို့နယ်၊ သနပ္ပင်စုကျေးရွာအနီးနှင့် မင်းဘူး မြို့ အမှတ်(၁)ရပ်ကွက်နှင့် တပင်ရွာကြား ဆားပွက်ချောင်းတံတားအနီးတို့တွင် ပျက်ကျခဲ့သဖြင့် လေယာဉ်မှူး(၂)ဦးနှင့်အတူ ပဉ္စမတန်းကျောင်းသူတစ်ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်သည်။

သတင်း - ဖီးနစ်၊ Tachileik News Agency
ဓာတ်ပုံ - UTWS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~