ျမန္မာႏွင့္ ဂ်ပန္ သံတမန္ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္သူမ်ား ရက္(၉၀) ဗီဇာကင္းလြတ္ခြင့္ရမည္

ျမန္မာႏွင့္ ဂ်ပန္ သံတမန္ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္သူမ်ား ရက္(၉၀) ဗီဇာကင္းလြတ္ခြင့္ရမည္
အောက်တိုဘာ 17, 2018
By 🌸
ျမန္မာႏွင့္ ဂ်ပန္ႏိုင္ငံတုိ႔ၾကား သံတမန္ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္သူမ်ားအား အျပန္အလွန္ ဗီဇာကင္းလြတ္ခြင့္ သေဘာတူညီခ်က္သည္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁) ရက္မွစ၍ သက္ဝင္မည္ျဖစ္ေၾကာင္း သိရသည္။

ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္အစိုးရႏွင့္ ဂ်ပန္ႏိုင္ငံအစိုးရတို႔သည္ ႏွစ္ႏိုင္ငံအစိုးရႏွင့္ ျပည္သူမ်ားအၾကား ခ်စ္ၾကည္ရင္းႏွီးသည့္ ဆက္ဆံေရးကို ပိုမိုခိုင္မာေစရန္ ရည္႐ြယ္၍ သံတမန္ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္သူမ်ားကို ရက္ေပါင္း(၉၀)ထက္ မေက်ာ္လြန္ေစဘဲ ေနထိုင္ခြင့္ ျပည္ဝင္ဗီဇာ ကင္းလြတ္ခြင့္ျပဳေရးဆိုင္ရာ သံတမန္စာခြၽန္လႊာကို လဲလွယ္ခဲ့ၿပီးျဖစ္ေၾကာင္း ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၁၆)ရက္ေန႔တြင္ ျမန္မာႏို္င္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားျခင္းျဖစ္သည္။

ျမန္မာႏို္င္ငံတြင္ ျပည္ဝင္ဗီဇာေျဖေလ်ာ့မႈကို ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ(၁)ရက္ေန႔က စမ္းသပ္ကာလ (၁)ႏွစ္ျဖင့္ ေဆာင္ရြက္ေနရာ ဂ်ပန္၊ ေတာင္ကိုရီးယား၊ ေဟာင္ေကာင္ႏွင့္ မကာအိုတို႔မွ သာမန္ႏိုင္ငံကူး လက္မွတ္ကိုင္ေဆာင္သူမ်ားကို ရက္ေပါင္း (၃၀)ဗီဇာကင္းလြတ္ခြင့္ေပးထားၿပီး သာမန္ႏိုင္ငံကူး လက္မွတ္ကိုင္ေဆာင္ေသာ တ႐ုတ္ႏိုင္ငံသားမ်ားကို ဆိုက္ေရာက္ဗီဇာျဖင့္ ေနထုိင္ခြင့္ ရက္ေပါင္း (၃၀) ေပးထားျခင္းျဖစ္သည္။
ဗီဇာကင္းလြတ္ခြင့္ရရိွသည့္ ဂ်ပန္၊ ေတာင္ကိုရီးယား၊ မကာအိုႏွင့္ ေဟာင္ေကာင္တို႔မွ ကမၻာလွည့္ ခရီးသည္မ်ားကို အျပည္ျပည္ဆိုင္ရာ ဝင္ထြက္ေပါက္မ်ားျဖစ္သည့္ ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မ်ား၊ ရန္ကုန္ အျပည္ျပည္ဆိုင္ရာဆိပ္ကမ္းတို႔အျပင္ နယ္စပ္ဝင္ေပါက္မ်ားျဖစ္သည့္ ျမန္မာ-ထိုင္း နယ္စပ္ရိွ တာခ်ီလိတ္၊ ျမဝတီ၊ ထီးခီးႏွင့္ ေကာ့ေသာင္း အျပည္ျပည္ဆိုင္ရာ ကုန္းတြင္းဝင္ထြက္ ေပါက္မ်ား၊ ျမန္မာ-အိႏၵိယနယ္စပ္ရွိ တမူးႏွင့္ ရိေခါဒါရ္ အျပည္ျပည္ဆိုင္ရာ ကုန္းတြင္းဝင္ထြက္ေပါက္မ်ားမွ အလည္အပတ္အျဖစ္ ဝင္ထြက္သြားလာခြင့္ျပဳထားျခင္းျဖစ္သည္။

ဆိုက္ေရာက္ဗီဇာျဖင့္ခြင့္ျပဳထားသည့္ တ႐ုတ္ ႏိုင္ငံသား ကမၻာလွည့္ခရီးသည္မ်ားအေနျဖင့္ ေလေၾကာင္းခရီးစဥ္ျဖင့္ အျပည္ျပည္ဆိုင္ရာေလဆိပ္မ်ားျဖစ္ေသာ ရန္ကုန္၊ မႏၲေလးႏွင့္ ေနျပည္ေတာ္အျပည္ျပည္ ဆိုင္ရာေလဆိပ္မ်ားတြင္ ဆိုက္ေရာက္ဗီဇာကို အေမရိကန္ေဒၚလာ (၅၀) ျဖင့္ ထုတ္ေပးထားၿပီး ဝင္ထြက္လည္ပတ္ခြင့္ျပဳထားျခင္းျဖစ္သည္။

အဆိုပါ ခြင့္ျပဳခ်က္မ်ားျဖင့္ ဝင္ေရာက္လည္ပတ္သူမ်ားအေနျဖင့္  လုံၿခဳံေရးအရ ကန္႔သတ္ထားေသာ နယ္ေျမမွအပ ႏိုင္ငံျခားသားမ်ား သြားလာခြင့္ ရွိသည့္ ေနရာမ်ားကို သြားလာခြင့္ျပဳထားေသာ္လည္း ေနထုိင္ခြင့္သက္တမ္း ထပ္မံတိုးေပးျခင္းျပဳမည္မဟုတ္ေၾကာင္း သိရသည္။

ယင္းသို႔ခြင့္ျပဳၿပီးေနာက္ ဗီဇာကင္းလြတ္ခြင့္ျပဳထားသည့္ (၄)ႏုိင္ငံမွ ခရီးသြားမ်ားသည္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္နယ္စပ္ဝင္ထြက္ေပါက္မွ (၁၄)ရက္အတြင္း (၁၀၂၆)ဦး ဝင္ေရာက္ခဲ့ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာနှင့် ဂျပန် သံတမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ ရက်(၉၀) ဗီဇာကင်းလွတ်ခွင့်ရမည်
**********
မြန်မာနှင့် ဂျပန်နိုင်ငံတို့ကြား သံတမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအား အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်မှစ၍ သက်ဝင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ဂျပန်နိုင်ငံအစိုးရတို့သည် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ သံတမန်နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများကို ရက်ပေါင်း(၉၀)ထက် မကျော်လွန်စေဘဲ နေထိုင်ခွင့် ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်ပြုရေးဆိုင်ရာ သံတမန်စာချွန်လွှာကို လဲလှယ်ခဲ့ပြီးဖြစ်ကြောင်း ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၆)ရက်နေ့တွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်ဝင်ဗီဇာဖြေလျော့မှုကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့က စမ်းသပ်ကာလ (၁)နှစ်ဖြင့် ဆောင်ရွက်နေရာ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်နှင့် မကာအိုတို့မှ သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများကို ရက်ပေါင်း (၃၀)ဗီဇာကင်းလွတ်ခွင့်ပေးထားပြီး သာမန်နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သော တရုတ်နိုင်ငံသားများကို ဆိုက်ရောက်ဗီဇာဖြင့် နေထိုင်ခွင့် ရက်ပေါင်း (၃၀) ပေးထားခြင်းဖြစ်သည်။
ဗီဇာကင်းလွတ်ခွင့်ရရှိသည့် ဂျပန်၊ တောင်ကိုရီးယား၊ မကာအိုနှင့် ဟောင်ကောင်တို့မှ ကမ္ဘာလှည့် ခရီးသည်များကို အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်များဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်များ၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတို့အပြင် နယ်စပ်ဝင်ပေါက်များဖြစ်သည့် မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်၊ မြဝတီ၊ ထီးခီးနှင့် ကော့သောင်း အပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဝင်ထွက် ပေါက်များ၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနှင့် ရိခေါဒါရ် အပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဝင်ထွက်ပေါက်များမှ အလည်အပတ်အဖြစ် ဝင်ထွက်သွားလာခွင့်ပြုထားခြင်းဖြစ်သည်။

ဆိုက်ရောက်ဗီဇာဖြင့်ခွင့်ပြုထားသည့် တရုတ် နိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် လေကြောင်းခရီးစဉ်ဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များဖြစ်သော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်များတွင် ဆိုက်ရောက်ဗီဇာကို အမေရိကန်ဒေါ်လာ (၅၀) ဖြင့် ထုတ်ပေးထားပြီး ဝင်ထွက်လည်ပတ်ခွင့်ပြုထားခြင်းဖြစ်သည်။

အဆိုပါ ခွင့်ပြုချက်များဖြင့် ဝင်ရောက်လည်ပတ်သူများအနေဖြင့်  လုံခြုံရေးအရ ကန့်သတ်ထားသော နယ်မြေမှအပ နိုင်ငံခြားသားများ သွားလာခွင့် ရှိသည့် နေရာများကို သွားလာခွင့်ပြုထားသော်လည်း နေထိုင်ခွင့်သက်တမ်း ထပ်မံတိုးပေးခြင်းပြုမည်မဟုတ်ကြောင်း သိရသည်။

ယင်းသို့ခွင့်ပြုပြီးနောက် ဗီဇာကင်းလွတ်ခွင့်ပြုထားသည့် (၄)နိုင်ငံမှ ခရီးသွားများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်ဝင်ထွက်ပေါက်မှ (၁၄)ရက်အတွင်း (၁၀၂၆)ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~