ျမန္မာလုပ္သား (၁၀၀)ေက်ာ္အား အလုပ္ထုတ္ပစ္သည့္ DOLE Thailand စက္ရံုကို အမည္ပ်က္စာရင္းသြင္းရန္ႏွင့္ လုပ္သားမ်ား အလုပ္ျပန္ရရန္ အလုပ္သမားသံအရာရိွရံုး ေဆာင္ရြက္ေန

ျမန္မာလုပ္သား (၁၀၀)ေက်ာ္အား အလုပ္ထုတ္ပစ္သည့္ DOLE Thailand စက္ရံုကို အမည္ပ်က္စာရင္းသြင္းရန္ႏွင့္ လုပ္သားမ်ား အလုပ္ျပန္ရရန္ အလုပ္သမားသံအရာရိွရံုး ေဆာင္ရြက္ေန
အောက်တိုဘာ 8, 2018
By Tachileik News Agency
ထိုင္းနိုင္ငံေတာင္ပိုင္း ၊ ပကၽြတ္ခရိုင္၊ DOLE Thailand စက္ရံုမွ အလုပ္ထုတ္ပစ္လုိက္သည့္ ျမန္မာလုပ္သား (၁၀၀) ေက်ာ္ အလုပ္ျပန္လည္ ရရိွေရးႏွင့္  အလုပ္သမားအခြင့္အေရး ခ်ိဳးေဖါက္သည့္ အဆိုပါ စက္ရံုအား အမည္ပ်က္စာရင္း သြင္းႏုိင္ေရး အလုပ္သမားသံအရာရိွရံုးက ေဆာင္ရြက္ေနေၾကာင္း သိရသည္။

DOLE Thailand အလုပ္ရံုမွ ျမန္မာလုပ္သား (၁၀၀)ေက်ာ္ကို အလုပ္ထုတ္လုိက္ကာ အလုပ္ျပန္ဝင္လိုပါက တစ္ဦးလွ်င္ ဘတ္(၃၅၀၀) ေပးရန္ေတာင္းခံေနေၾကာင္း ျမန္မာလုပ္သားမ်ားက ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ (၂၈)ရက္ေန႔တြင္ ထုိင္းနိုင္ငံရိွ အလုပ္သမားသံအရာရိွရံုးသို႔ ဆက္သြယ္ အကူအညီေတာင္းခံလာျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ အလုပ္သမားသံအရာရွိရံုးက စက္ရံုတာဝန္ရိွသူမ်ားအား ဆက္သြယ္ၿပီး MOEAF မွ တာ၀န္မွဴးဦးေဆာင္သည့္အဖြဲ႕ကို ၾသဂုတ္လ (၂၉)ရက္ေန႔တြင္ ေစလႊတ္ညိႇႏိႈင္းေစခဲ့ရာ ညိႇႏိႈင္းမႈ အဆင္မေျပသျဖင့္ စက္တင္ဘာလ (၁)ရက္ေန႔၌ အလုပ္သမားသံအရာရွိရံုးမွ ဆ၀ါဒီကန္ (ရံုးခ်ဳပ္) ၊ DOE (ရံုးခ်ဳပ္) ေဒသအာဏာပိုင္တို႔ျဖင့္ ဆက္သြယ္ၿပီး ညိႇႏိႈင္းေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုင္းနိုင္ငံအလုပ္သမား၀န္ႀကီးဌာနလက္ေအာက္ရွိ ခရိုင္အဆင့္တာ၀န္ရွိသူမ်ား၊ ေဒသအာဏာပိုင္မ်ား ၊ အလုပ္သမားသံအရာရွိနွင့္ MOEAF မွ တာ၀န္ရွိသူမ်ားသည္ စက္ရံုတာ၀န္ရွိသူမ်ားႏွင့္ ေအာက္တိုဘာလ (၂)ရက္ေန႔တြင္ ေတြ႔ဆံုေဆြးေႏြးမႈမ်ား လုပ္ေဆာင္ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အလုပ္သမားသံအရာရိွရံုးအေနျဖင့္ စက္ရံုတာဝန္ရိွသူမ်ား၊ ျမန္မာလုပ္သားမ်ားႏွင့္ ေတြ႔ဆံုညိႇႏိႈင္းမႈမ်ားမွ ေလ့လာေတြ႔ရိွခ်က္မ်ားအရ  အဆိုပါစက္ရံုသည္ ယခင္ကတရားမ၀င္ အလုပ္သမားမ်ားျဖင့္ လုပ္ငန္း လည္ပတ္ေနရာမွ ၂၀၁၇ ခုႏွစ္တြင္ အလုပ္သမားမ်ားအား CI စာအုပ္မ်ား ျပဳလုပ္ေပးျခင္း၊ MOU –U turn စနစ္ျဖင့္ ျပန္လည္ေဆာင္ရြက္ေပးျခင္းမ်ားကို ေဆာင္ရြက္ေပးထားကာ ၂၀၁၇ ခုနွစ္ အတြင္း MOU ျဖင့္ လူသစ္ (၂)ႀကိမ္ ေခၚယူထားေၾကာင္း သိရသည္။

အဆိုပါ စက္ရံုသည္ သစ္သီးမ်ိဳးစံုမွစားေသာက္ကုန္ထုတ္ ႏုိင္ငံတကာအဆင့္မီလုပ္ငန္းတစ္ခုျဖစ္ၿပီး တစ္နွစ္လွ်င္ ရက္ (၃၀) ခန္႔ အလုပ္နားသည့္အခ်ိန္မ်ားတြင္ ႏွစ္စဥ္ အလုပ္သမားမ်ားက အဆိုပါကာလ၌ ခြင့္ျပန္ေလ့ရိွေၾကာင္း သိရသည္။

ယခုနွစ္တြင္ အလုပ္နားခ်ိန္ခြင့္ျပန္သည့္ အလုပ္သမားမ်ားအား ခြင့္ျပန္ ( Reentry တံုး ထုေပးရမည့္အစား) ေဆာင္ရြက္ေပးရမည့္ အစား ထိုင္းနိုင္ငံ အလုပ္အကိုင္ဌာန ပုုဒ္မ ၁၃ အရ (၁၅) ရက္ထက္ေက်ာ္လြန္၍ အလုပ္ရံုမွ ကင္းကြာေသာ အလုပ္သမားမ်ားအား အလုပ္ထုတ္စာ (ဘိုင္က်န္႔ေအာ္)ထုတ္ေပးလိုက္ၿပီး အလုပ္သမားမ်ား ျပန္လည္ ေရာက္ရွိခ်ိန္တြင္ ေနာက္တစ္ႀကိမ္ ထပ္မံ၍ အလုပ္အသစ္ေလ်ွာက္ျခင္းကဲ့သို႕ ေဆာင္ရြက္ေစျခင္းျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွရသည္ဟု သိရသည္။

ယင္းကဲ့သို႔ အလုပ္ထုတ္ခံရသည့္ ျမန္မာလုပ္သား (၁၀၀)ေက်ာ္မွာ အဆိုပါစက္ရံုတြင္ အနည္းဆံုး လုပ္သက္ (၄)ႏွစ္အထိ ရိွသူမ်ားျဖစ္ၿပီး အမ်ားစုမွာ CI ျဖင့္ ေနထိုင္သူမ်ားျဖစ္ေၾကာင္း သိရသည္။

အလုပ္သမားမ်ားအား အလုပ္ထုတ္ပစ္ျခင္းမွာ အလုပ္ရံု၏ မန္ေနဂ်ာအသစ္ျဖစ္သူက အလုပ္သမား အေဟာင္းမ်ားထံမွ စမတ္ခအား တရားမ၀င္ေသာ နည္းလမ္းျဖင့္ ရရွိႏုိင္ရန္ စီမံခန္႔ခြဲမႈအပိုင္းမွ ပူးေပါင္းႀကံစည္ျခင္းျဖစ္ႏုိင္သည္ဟု အလုပ္သမားသံအရာရိွရံုးက သံုးသပ္ထားသည္။

အလုပ္သမား အခြင့္အေရးခ်ိဳးေဖာက္သည့္ အဆိုပါ စက္ရံုအား  အမည္ပ်က္စာရင္း ထည့္သြင္း ေဆာင္ရြက္သြားရန္  ထုိင္းႏိုင္ငံရွိ အလုပ္သမား၀န္ႀကီးဌာနမွ ဆက္လက္အေရးယူႏိုင္ေရး ေပးပို႔ ေဆာင္ရြက္ႏုိင္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ ဆ၀ါဒီကန္နွင့္ တရားစြဲဆိုထားစဥ္ ကာလအတြင္း အလုပ္သမားမ်ား အခက္အခဲ မရွိေစေရး အတြက္ ပကၽြတ္ခရိုင္ရိွ QPP နွင့္ လပ္ပူရီ Thaitan စက္ရံုမ်ားသို႔ အလုပ္ေျပာင္းေရႊ႕ႏုိင္ေရး စီစဥ္ေဆာင္ရြက္ေပးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - LA Thailand


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံတောင်ပိုင်း၊ ပကျွတ်ခရိုင်၊ DOLE Thailand စက်ရုံမှ အလုပ်ထုတ်ပစ်လိုက်သည့် မြန်မာလုပ်သား (၁၀၀) ကျော် အလုပ်ပြန်လည် ရရှိရေးနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်သည့် အဆိုပါ စက်ရုံအား အမည်ပျက်စာရင်း သွင်းနိုင်ရေး အလုပ်သမားသံအရာရှိရုံးက ဆောင်ရွက်နေကြောင်း သိရသည်။

DOLE Thailand အလုပ်ရုံမှ မြန်မာလုပ်သား (၁၀၀)ကျော်ကို အလုပ်ထုတ်လိုက်ကာ အလုပ်ပြန်ဝင်လိုပါက တစ်ဦးလျှင် ဘတ်(၃၅၀၀) ပေးရန်တောင်းခံနေကြောင်း မြန်မာလုပ်သားများက ၂၀၁၈ ခုနှစ် သြဂုတ်လ (၂၈)ရက်နေ့တွင် ထိုင်းနိုင်ငံရှိ အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ် အကူအညီတောင်းခံလာခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ အလုပ်သမားသံအရာရှိရုံးက စက်ရုံတာဝန်ရှိသူများအား ဆက်သွယ်ပြီး MOEAF မှ တာဝန်မှူးဦးဆောင်သည့်အဖွဲ့ကို သြဂုတ်လ (၂၉)ရက်နေ့တွင် စေလွှတ်ညှိနှိုင်းစေခဲ့ရာ ညှိနှိုင်းမှု အဆင်မပြေသဖြင့် စက်တင်ဘာလ (၁)ရက်နေ့၌ အလုပ်သမားသံအရာရှိရုံးမှ ဆဝါဒီကန် (ရုံးချုပ်)၊ DOE (ရုံးချုပ်) ဒေသအာဏာပိုင်တို့ဖြင့် ဆက်သွယ်ပြီး ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိ ခရိုင်အဆင့်တာဝန်ရှိသူများ၊ ဒေသအာဏာပိုင်များ၊ အလုပ်သမားသံအရာရှိနှင့် MOEAF မှ တာဝန်ရှိသူများသည် စက်ရုံတာဝန်ရှိသူများနှင့် အောက်တိုဘာလ (၂)ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလုပ်သမားသံအရာရှိရုံးအနဖြေင့် စက်ရုံတာဝန်ရှိသူများ၊ မြန်မာလုပ်သားများနှင့် တွေ့ဆုံညှိနှိုင်းမှုများမှ လေ့လာတွေ့ရှိချက်များအရ အဆိုပါစက်ရုံသည် ယခင်ကတရားမဝင် အလုပ်သမားများဖြင့် လုပ်ငန်း လည်ပတ်နေရာမှ ၂၀၁၇ ခုနှစ်တွင် အလုပ်သမားများအား CI စာအုပ်များ ပြုလုပ်ပေးခြင်း၊ MOU –U turn စနစ်ဖြင့် ပြန်လည်ဆောင်ရွက်ပေးခြင်းများကို ဆောင်ရွက်ပေးထားကာ ၂၀၁၇ ခုနှစ် အတွင်း MOU ဖြင့် လူသစ် (၂)ကြိမ် ခေါ်ယူထားကြောင်း သိရသည်။

အဆိုပါ စက်ရုံသည် သစ်သီးမျိုးစုံမှစားသောက်ကုန်ထုတ် နိုင်ငံတကာအဆင့်မီလုပ်ငန်းတစ်ခုဖြစ်ပြီး တစ်နှစ်လျှင် ရက် (၃၀) ခန့် အလုပ်နားသည့်အချိန်များတွင် နှစ်စဉ် အလုပ်သမားများက အဆိုပါကာလ၌ ခွင့်ပြန်လေ့ရှိကြောင်း သိရသည်။

ယခုနှစ်တွင် အလုပ်နားချိန်ခွင့်ပြန်သည့် အလုပ်သမားများအား ခွင့်ပြန် ( Reentry တုံး ထုပေးရမည့်အစား) ဆောင်ရွက်ပေးရမည့် အစား ထိုင်းနိုင်ငံ အလုပ်အကိုင်ဌာန ပုဒ်မ ၁၃ အရ (၁၅) ရက်ထက်ကျော်လွန်၍ အလုပ်ရုံမှ ကင်းကွာသော အလုပ်သမားများအား အလုပ်ထုတ်စာ (ဘိုင်ကျန့်အော်)ထုတ်ပေးလိုက်ပြီး အလုပ်သမားများ ပြန်လည် ရောက်ရှိချိန်တွင် နောက်တစ်ကြိမ် ထပ်မံ၍ အလုပ်အသစ်လျှောက်ခြင်းကဲ့သို့ ဆောင်ရွက်စခြေင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

ယင်းကဲ့သို့ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သား (၁၀၀)ကျော်မှာ အဆိုပါစက်ရုံတွင် အနည်းဆုံး လုပ်သက် (၄)နှစ်အထိ ရှိသူများဖြစ်ပြီး အများစုမှာ CI ဖြင့် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

အလုပ်သမားများအား အလုပ်ထုတ်ပစ်ခြင်းမှာ အလုပ်ရုံ၏ မန်နေဂျာအသစ်ဖြစ်သူက အလုပ်သမား အဟောင်းများထံမှ စမတ်ခအား တရားမဝင်သော နည်းလမ်းဖြင့် ရရှိနိုင်ရန် စီမံခန့်ခွဲမှုအပိုင်းမှ ပူးပေါင်းကြံစည်ခြင်းဖြစ်နိုင်သည်ဟု အလုပ်သမားသံအရာရှိရုံးက သုံးသပ်ထားသည်။

အလုပ်သမား အခွင့်အရေးချိုးဖောက်သည့် အဆိုပါ စက်ရုံအား အမည်ပျက်စာရင်း ထည့်သွင်း ဆောင်ရွက်သွားရန် ထိုင်းနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ ဆက်လက်အရေးယူနိုင်ရေး ပေးပို့ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆဝါဒီကန်နှင့် တရားစွဲဆိုထားစဉ် ကာလအတွင်း အလုပ်သမားများ အခက်အခဲ မရှိစေရေး အတွက် ပကျွတ်ခရိုင်ရှိ QPP နှင့် လပ်ပူရီ Thaitan စက်ရုံများသို့ အလုပ်ပြောင်းရွှေ့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - LA Thailand

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~