ရန္ကုန္တြင္ က်ည္ေတာင့္ (၉၀၀၀)ေက်ာ္ ဖမ္းဆီးရမိမႈႏွင့္ ဆက္စပ္သူတစ္ဦးအား က်ည္ေတာင့္ (၁၀၀)ႏွင့္အတူ ဖမ္းဆီးရမိ

ရန္ကုန္တြင္ က်ည္ေတာင့္ (၉၀၀၀)ေက်ာ္ ဖမ္းဆီးရမိမႈႏွင့္ ဆက္စပ္သူတစ္ဦးအား က်ည္ေတာင့္ (၁၀၀)ႏွင့္အတူ ဖမ္းဆီးရမိ
အောက်တိုဘာ 2, 2018
By 🌸
ရန္ကုန္ၿမိဳ႕ လွည္းကူးၿမိဳ႕နယ္တြင္ က်ည္(၉၅၀၄)ေတာင့္ ဖမ္းဆီးရမိမႈႏွင့္ ဆက္စပ္သူအား စမ္းေခ်ာင္းၿမိဳ႕နယ္ ျပည္ဂါးဒင္းအိမ္ရာဝင္ေပါက္အနီးတြင္ မာစီးဒီးယာဥ္ႏွင့္အတူ ထပ္မံဖမ္းဆီးရမိၿပီး ၎၏ေနအိမ္မွ က်ည္ေတာင့္(၁၀၀) ထပ္မံသိမ္းဆည္းရမိေၾကာင္း သိရသည္။

လွည္းကူးၿမိဳ႕နယ္၊ ဇရပ္ကြင္းေက်း႐ြာ ရဲတံခြန္အေဝးေျပးကားလက္မွတ္အေရာင္းဆိုင္၌ ၿငိမ္းခ်မ္းေအာင္ဆိုသူ အပ္ႏွံထားသည့္ တပ္ၾကပ္ႀကီး ေအာင္ျမတ္သူ အမည္ပါ သံေသတၱာ (၂) လုံးအတြင္းမွ (၅.၅၆) က်ည္ (၉၅၀၄) ေတာင့္ကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ(၃၀)ရက္ေန႔ ေန႔လယ္(၁၁)နာရီခြဲဝန္းက်င္တြင္ ဖမ္းဆီးရမိသျဖင့္ ေအာက္တိုဘာလ (၁) ရက္ေန႔ တြင္ လွည္းကူးၿမိဳ႕မရဲစခန္း၌ (ပ) ၁၀၂၇/ ၂၀၁၈၊ လက္နက္အက္ဥပေဒပုဒ္မ ၁၉(ဃ)/၁၉(စ)ျဖင့္ အမႈဖြင့္ စံုစမ္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၁၃၀၀ အခ်ိန္တြင္ လႈိင္သာယာ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉး ယာယီရဲမႉး မိုးေက်ာ္ေက်ာ္ ဦးစီးအဖြဲ႕သည္ အဆိုပါအမႈႏွင့္ ဆက္စပ္သူဟုယူဆရသည့္  ေဇာ္ေဇာ္ထက္လူအား စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေျမနီကုန္း (ေျမာက္)ရပ္ကြက္၊ ျပည္ဂါးဒင္းအိမ္ရာဝင္ေပါက္အနီး၌ မာစီဒီးယာဥ္ႏွင့္အတူ ေအာက္တိုဘာလ(၁)ရက္ေန႔ ေန႔လယ္(၁)နာရီအခ်ိန္တြင္ ဖမ္းဆီးရမိၿပီးေနာက္ လိႈင္သာယာၿမိဳ႕နယ္ရိွ ၎၏ ေနအိမ္အိပ္ခန္းအတြင္းမွ S&B 7.65 Br 13 MM(.32 Auto)က်ည္ (၁၀၀) ေတာင့္အား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

 ေဇာ္ေဇာ္ထက္လူအား လႈိင္သာယာၿမိဳ႕မရဲစခန္းတြင္ (ပ)၃၆၉၁/၂၀၁၈၊ လက္နက္ဥပေဒပုဒ္မ ၁၉(စ)ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု -MOHA

~~~~~~~~⊰❂ unicode ~~~~~~~~
ရန်ကုန်တွင် ကျည်တောင့် (၉၀၀၀)ကျော် ဖမ်းဆီးရမိမှုနှင့် ဆက်စပ်သူတစ်ဦးအား ကျည်တောင့် (၁၀၀)နှင့်အတူ ဖမ်းဆီးရမိ
*********
ရန်ကုန်မြို့ လှည်းကူးမြို့နယ်တွင် ကျည်(၉၅၀၄)တောင့် ဖမ်းဆီးရမိမှုနှင့် ဆက်စပ်သူအား စမ်းချောင်းမြို့နယ် ပြည်ဂါးဒင်းအိမ်ရာဝင်ပေါက်အနီးတွင် မာစီးဒီးယာဉ်နှင့်အတူ ထပ်မံဖမ်းဆီးရမိပြီး ၎င်း၏နေအိမ်မှ ကျည်တောင့်(၁၀၀) ထပ်မံသိမ်းဆည်းရမိကြောင်း သိရသည်။

လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ ရဲတံခွန်အဝေးပြေးကားလက်မှတ်အရောင်းဆိုင်၌ ငြိမ်းချမ်းအောင်ဆိုသူ အပ်နှံထားသည့် တပ်ကြပ်ကြီး အောင်မြတ်သူ အမည်ပါ သံသေတ္တာ (၂) လုံးအတွင်းမှ (၅.၅၆) ကျည် (၉၅၀၄) တောင့်ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ နေ့လယ်(၁၁)နာရီခွဲဝန်းကျင်တွင် ဖမ်းဆီးရမိသဖြင့် အောက်တိုဘာလ (၁) ရက်နေ့ တွင် လှည်းကူးမြို့မရဲစခန်း၌ (ပ) ၁၀၂၇/ ၂၀၁၈၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉(ဃ)/၁၉(စ)ဖြင့် အမှုဖွင့် စုံစမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၁၃၀၀ အချိန်တွင် လှိုင်သာယာ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး မိုးကျော်ကျော် ဦးစီးအဖွဲ့သည် အဆိုပါအမှုနှင့် ဆက်စပ်သူဟုယူဆရသည့်  ဇော်ဇော်ထက်လူအား စမ်းချောင်းမြို့နယ်၊ မြေနီကုန်း (မြောက်)ရပ်ကွက်၊ ပြည်ဂါးဒင်းအိမ်ရာဝင်ပေါက်အနီး၌ မာစီဒီးယာဉ်နှင့်အတူ အောက်တိုဘာလ(၁)ရက်နေ့ နေ့လယ်(၁)နာရီအချိန်တွင် ဖမ်းဆီးရမိပြီးနောက် လှိုင်သာယာမြို့နယ်ရှိ ၎င်း၏ နေအိမ်အိပ်ခန်းအတွင်းမှ S&B 7.65 Br 13 MM(.32 Auto)ကျည် (၁၀၀) တောင့်အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

 ဇော်ဇော်ထက်လူအား လှိုင်သာယာမြို့မရဲစခန်းတွင် (ပ)၃၆၉၁/၂၀၁၈၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ -MOHA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~