နိုင်ငံတော်သမ္မတကွပ်ကဲသည့် မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနသို့ တိုင်ကြားမှုပေါင်း အောက်တိုဘာလအထိ (၃၃၆)မှုရှိလာ
နိုင်ငံတော်သမ္မတကွပ်ကဲသည့် မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနသို့ တိုင်ကြားမှုပေါင်း အောက်တိုဘာလအထိ (၃၃၆)မှုရှိလာ
အောကျတိုဘာ 16, 2018
By Tachileik News Agency
မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သတင်းအချက်အလက်များ လုံခြုံစွာပေးပို့နိုင်မည့် မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတရုံးတွင် ဖွင့်လှစ်လိုက်ကြောင်း ၂၀၁၈ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ပြည်သူများထံ အသိပေးခဲ့ပြီးနောက် လက်ခံရရှိသည့် တိုင်ကြားစာများအရ ဖေါ်ထုတ် ဖမ်းဆီးနေပြီး ဖမ်းဆီးရမိမှုများကို အပတ်စဉ်သတင်းထုတ်ပြန်နေခြင်းဖြစ်သည်။
ပြည်သူများ အနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သတင်းများကို လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ထားပြီး ရုံးချိန်များအတွင်း ၀၆၇ ၅၉၀၂၀၀၊ ဖက်စ်ဖုန်းနံပါတ် ၀၆၇ ၅၉၀၂၃၃ နှင့် [email protected] တို့သို့ ဆက်သွယ်သတင်းပေးနိုင်ကြောင်း နိုင်ငံတော်သမ္မတရုံးက ကြေညာထားခြင်းဖြစ်သည်။
သတင်းပေးတိုင်ကြားသူများအား ထိုက်ထိုက်တန်တန် ဆုကြေးချီးမြှင့်ပေးမည်ဖြစ်ကာ နိုင်ငံတော်၏ ချီးမြှင့်ငွေဖြစ်သည့်အတွက် အဆိုပါငွေကြေးပမာဏအတွက် အခွန်ကင်းလွတ်ခွင့်ကိုလည်း အထူးအခွင့်အရေးအဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
ပြည်သူများက တိုက်ရိုက်သတင်းပေးတိုင်ကြားနိုင်ရန်အတွက် နိုင်ငံတော်သမ္မတကွပ်ကဲသည့် မူးယစ်ဆေးဝါး အထူးသတင်းတိုင်ကြားရေးဌာနမှ လက်ခံရရှိသည့် တိုင်ကြားမှုများအရ ဖမ်းဆီးအရေးယူမှုမှာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၃)ရက်နေ့အထိ (၃၃၆)မှုရှိပြီဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သတင်းအချက်အလက်များ လုံခြုံစွာပေးပို့နိုင်မည့် မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနကို နိုင်ငံတော်သမ္မတရုံးတွင် ဖွင့်လှစ်လိုက်ကြောင်း ၂၀၁၈ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ပြည်သူများထံ အသိပေးခဲ့ပြီးနောက် လက်ခံရရှိသည့် တိုင်ကြားစာများအရ ဖော်ထုတ် ဖမ်းဆီးနပြေီး ဖမ်းဆီးရမိမှုများကို အပတ်စဉ်သတင်းထုတ်ပြန်နခြေင်းဖြစ်သည်။
ပြည်သူများ အနဖြေင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သတင်းများကို လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ထားပြီး ရုံးချိန်များအတွင်း ဝ၆၇ ၅၉၀၂၀၀၊ ဖက်စ်ဖုန်းနံပါတ် ဝ၆၇ ၅၉၀၂၃၃ နှင့် [email protected] တို့သို့ ဆက်သွယ်သတင်းပေးနိုင်ကြောင်း နိုင်ငံတော်သမ္မတရုံးက ကြေညာထားခြင်းဖြစ်သည်။
မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာနသို့ တိုင်ကြားသူများ၏ အချက်အလက် လုံခြုံမှုရှိစေရေး ဆောင်ရွက်ထားပြီး အရေးယူဖမ်းဆီးမှုကို ဗဟိုမှဖွဲ့စည်းထားသည့် အထူးအဖွဲ့ဖြင့် အချိန်တိုအတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းပေးတိုင်ကြားသူများအား ထိုက်ထိုက်တန်တန် ဆုကြေးချီးမြှင့်ပေးမည်ဖြစ်ကာ နိုင်ငံတော်၏ ချီးမြှင့်ငွဖြေစ်သည့်အတွက် အဆိုပါငွေကြေးပမာဏအတွက် အခွန်ကင်းလွတ်ခွင့်ကိုလည်း အထူးအခွင့်အရေးအဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အဓိက မူးယစ်နဲ့ ပတ်သက်လို့ တိုင်ကြားတဲ့လူတွေမှာ အသက်အန္တရာယ်ရှိတယ်။ နောက်တစ်ခုက သတင်းတွေ ပေါက်ကြားတဲ့အခါမှာ ဖမ်းတဲ့အခါမှာ အဆင့်ဆင့် သတင်းတွေချပြပြီးတော့ ဖမ်းတဲ့အခါမှာ မမိဘူး။ လွတ်သွားတာတွေရှိတယ်။ မိတောင်မှ မစို့မပို့ မိတာတွေရှိတယ်။ အဲဒီတော့ အစီအစဉ်က ဘာလဲဆိုတော့ သတင်းပေးတဲ့သူရယ်၊ ဖမ်းဆီးတဲ့သူရယ်၊ နိုင်ငံတော်ရယ် ထိုက်သင့်တဲ့ ရာခိုင်နှုန်းအလိုက် ခွဲပြီး ချီးမြှင့်မှာ။ ချီးမြှင့်တော့ သတင်းပေးတဲ့သူတွေ လုံခြုံစိတ်ချစွာ သတင်းပေးဖို့အတွက် သူတို့ရဲ့ သတင်းအချက်အလက်တွေ အကုန်လုံး လျှို့ဝှက်ထားမယ်။ သတင်းပေးကို ထိုက်သင့်တဲ့ အချိုးအစားကို ချီးမြှင့်တဲ့ အခါမှာလည်း လူသိရှင်ကြား ချီးမြှင့်မှာ မဟုတ်ဘူး။ ပေးပို့တဲ့သူတွေရဲ့ အချက်အလက် မပေါက်ကြားရေးကိုလည်း စီစဉ်ထားတဲ့အကြောင်း သမ္မတရဲ့မိန့်ခွန်းထဲမှာ ပါထားပါတယ်”ဟု နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အဆိုပါ တိုင်ကြားရေးဌာနနှင့် ပတ်သက်၍ တာချီလိတ်သတင်းအေဂျင်စီ၏ ဆယ်သွယ်မေးမြန်းချက်ကို ၂၀၁၈ ခုနှစ် ဇွန်လ(၂၆)ရက်နေ့ ညနေပိုင်းက ဖြကြေားသည်။
သတင်းပေး တိုင်ကြားသူ၏ တိုင်ကြားမှုအရ ဗဟိုမှဖွဲ့စည်းထားသည့် အထူးအဖွဲ့က ဖော်ထုတ် ဖမ်းဆီးရရှိပါက အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်မှုမှ မူးယစ်ကုန်သည်၊ ရောင်းဝယ် ဖောက်ကားသူများ၏ တရားမဝင် ပိုင်ဆိုင်မှုများကို သင့်တင့်လျောက်ပတ်သည့် အချိုးအစားဖြင့် ခွဲဝေကာ သတင်းပေး တိုင်ကြားသူ၊ လက်ရဖမ်းဆီးသူနှင့် နိုင်ငံတော်အစိုးရတို့ ခွဲဝေရယူမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~