ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ အေျခခံပညာေက်ာင္း (၁၉)ေက်ာင္းတြင္ အာခါစာေပ သင္ၾကားေန

ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ အေျခခံပညာေက်ာင္း (၁၉)ေက်ာင္းတြင္ အာခါစာေပ သင္ၾကားေန
အောက်တိုဘာ 19, 2018
By 🌸
ရွမ္းျပည္နယ္ အေရွ႕ပိုင္း ၿမိဳ႕နယ္(၃)ခုရိွ အေျခခံပညာေက်ာင္း (၁၉)ေက်ာင္းမ်ားမွ KG ႏွင့္ Grade 1 အဆင့္မ်ားတြင္ ၂၀၁၈ - ၂၀၁၉ ပညာသင္ႏွစ္အတြက္ အာခါစာေပမ်ား သင္ၾကားေပးေနၿပီျဖစ္ေၾကာင္း သိရသည္။

 “သင္ၾကားေရးအတြက္ လိုအပ္တဲ့ ဖတ္စာအုပ္ေတြကို အစိုးရက Grade-1 ၊ Grade 2၊ Grade 3 အတန္းေတြ အတြက္ ပုံႏွိပ္ေပးေပမဲ့ ႏွစ္စက ေရာက္မလာႏိုင္တဲ့အတြက္ ဒီႏွစ္မွာေတာ့ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ပုံႏွိပ္ထားၿပီးေတာ့ သင္ေနပါတယ္။ အစိုးရကေပးတဲ့ ဖတ္စာအုပ္ေတြလည္း အခုေရာက္ေနပါၿပီ။ ဖတ္စာရဲ႕ နာမည္ကေတာ့ အာခါဘာသာကေန တိုက္ရိုက္ဘာသာျပန္ရင္ အာခါသင္ပုန္ႀကီးစာအုပ္ျဖစ္ပါတယ္။ ဒါေတြကို လိုအပ္ေနတဲ့ ေက်ာင္းေတြမွာ ဆက္ျဖန္႔ေပးေနပါတယ္” ဟု အာခါစာေပႏွင့္ ယဥ္ေက်းမႈအသင္းမွ ေဒၚအားစြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတုံၿမိဳ႕မွ အေျခခံပညာေက်ာင္း (၈)ေက်ာင္း၊ တာခ်ီလိတ္ၿမိဳ႕မွ အေျခခံပညာေက်ာင္း (၉)ေက်ာင္းႏွင့္ မိုင္းျဖတ္ၿမိဳ႕မွ အေျခခံပညာေက်ာင္း(၂) ေက်ာင္းတို႔အျပင္ မုိင္းခတ္ႏွင့္ မုိင္းေယာင္းတို႔တြင္လည္း သင္ၾကားေပးေနေၾကာင္း သိရသည္။

"လက္ရိွ ေက်ာင္းေတြက ကေလးေတြကို အာခါစာသင္ေပးေနတဲ့ ဆရာေတြကို ၿပီးခဲ့တဲ့ ေႏြရာသီ ေက်ာင္းပိတ္ရက္တုန္းက သင္တန္းေပးထားပါတယ္။ အဲဒီတုန္းက ဆရာ၊ ဆရာမ အေယာက္(၃၀)ေလာက္ လာတက္တယ္။ ဒါေပမဲ့ အကုန္လုံးေတာ့ ေက်ာင္းေတြမွာ ျပန္မသင္ေပးႏိုင္ေသးပါဘူး။ ဘာလို႔လဲဆိုေတာ့ ေက်ာင္းေတြမွာ သင္ၾကားခြင့္ရဖို႕က ေက်ာင္းရဲ႕အေျခအေနနဲ႕ တစ္ျခား အခက္အခဲေလးေတြလည္းရိွေနတယ္။ ေက်ာင္းေတြမွာ တိုင္းရင္းသား စာေပေတြသင္ေပးဖို႕က အစိုးရက တရားဝင္ ေၾကျငာထားၿပီးသား။ ဒီေတာ့ ေက်ာင္းအုပ္ႀကီးေတြဘက္ကေတာ့ လိုလိုလားလားရိွပါတယ္။ အာခါစာေပသင္မယ္ဆိုရင္ အရင္ဆုံး ေက်ာင္းအုပ္ႀကီးေတြနဲ႕ ညိႇႏိႈင္းရပါတယ္။ ၿပီးရင္ အဲဒီကတစ္ဆင့္ သက္ဆိုင္ရာ ပညာေရးရုံးေတြကို သတင္းေပးၿပီးေတာ့ ဆက္လုပ္သြား ရတာျဖစ္ပါတယ္”ဟု အာခါစာေပႏွင့္ ယဥ္ေက်းမႈအသင္းမွ ေဒၚအားစြန္းက ေျပာသည္။

အာခါသင္ပုန္းႀကီးစာအုပ္မ်ားကို ေပါင္းစည္းအာခါသတ္ပုံျဖင့္ ေရးသားထားၿပီး အာခါစာေပပညာရွင္မ်ား ပါဝင္သည့္ သင္ရိုးေရးဆြဲေရးအဖြဲ႕ႏွင့္ ပညာေရးဝန္ႀကီးဌာနမွ သင္ရိုးညႊန္းတမ္းေရးဆြဲေရး ပညာရွင္မ်ားပါဝင္သည့္အဖြဲ႕တို႔ျဖင့္ ေရးဆြဲထားျခင္းျဖစ္ေၾကာင္း သိရသည္။

အစိုးရကရိုက္ႏွိပ္ပံ့ပိုးေပးမည့္ သင္ရိုးညႊန္တမ္းစာအုပ္မ်ားမွာ လာမည့္ပညာသင္ႏွစ္တြင္ ရရိွမည္ျဖစ္ၿပီး အခမဲ့ျဖန္႔ေဝေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။

သတင္း၊ဓါတ္ပံု ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အခြေခံပညာကျောင်း (၁၉)ကျောင်းတွင် အာခါစာပေ သင်ကြားနေ
***********
ရှမ်းပြည်နယ် အရှေ့ပိုင်း မြို့နယ်(၃)ခုရှိ အခြေခံပညာကျောင်း (၁၉)ကျောင်းများမှ KG နှင့် Grade 1 အဆင့်များတွင် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အတွက် အာခါစာပေများ သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။

 “သင်ကြားရေးအတွက် လိုအပ်တဲ့ ဖတ်စာအုပ်တွေကို အစိုးရက Grade-1 ၊ Grade 2၊ Grade 3 အတန်းတွေ အတွက် ပုံနှိပ်ပေးပေမဲ့ နှစ်စက ရောက်မလာနိုင်တဲ့အတွက် ဒီနှစ်မှာတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပုံနှိပ်ထားပြီးတော့ သင်နေပါတယ်။ အစိုးရကပေးတဲ့ ဖတ်စာအုပ်တွေလည်း အခုရောက်နေပါပြီ။ ဖတ်စာရဲ့ နာမည်ကတော့ အာခါဘာသာကနေ တိုက်ရိုက်ဘာသာပြန်ရင် အာခါသင်ပုန်ကြီးစာအုပ်ဖြစ်ပါတယ်။ ဒါတွေကို လိုအပ်နေတဲ့ ကျောင်းတွေမှာ ဆက်ဖြန့်ပေးနေပါတယ်” ဟု အာခါစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဒေါ်အားစွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့မှ အခြေခံပညာကျောင်း (၈)ကျောင်း၊ တာချီလိတ်မြို့မှ အခြေခံပညာကျောင်း (၉)ကျောင်းနှင့် မိုင်းဖြတ်မြို့မှ အခြေခံပညာကျောင်း(၂) ကျောင်းတို့အပြင် မိုင်းခတ်နှင့် မိုင်းယောင်းတို့တွင်လည်း သင်ကြားပေးနေကြောင်း သိရသည်။

"လက်ရှိ ကျောင်းတွေက ကလေးတွေကို အာခါစာသင်ပေးနေတဲ့ ဆရာတွေကို ပြီးခဲ့တဲ့ နွေရာသီ ကျောင်းပိတ်ရက်တုန်းက သင်တန်းပေးထားပါတယ်။ အဲဒီတုန်းက ဆရာ၊ ဆရာမ အယောက်(၃၀)လောက် လာတက်တယ်။ ဒါပေမဲ့ အကုန်လုံးတော့ ကျောင်းတွေမှာ ပြန်မသင်ပေးနိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ ကျောင်းတွေမှာ သင်ကြားခွင့်ရဖို့က ကျောင်းရဲ့အခြေအနေနဲ့ တစ်ခြား အခက်အခဲလေးတွေလည်းရှိနေတယ်။ ကျောင်းတွေမှာ တိုင်းရင်းသား စာပေတွေသင်ပေးဖို့က အစိုးရက တရားဝင် ကြေငြာထားပြီးသား။ ဒီတော့ ကျောင်းအုပ်ကြီးတွေဘက်ကတော့ လိုလိုလားလားရှိပါတယ်။ အာခါစာပေသင်မယ်ဆိုရင် အရင်ဆုံး ကျောင်းအုပ်ကြီးတွေနဲ့ ညှိနှိုင်းရပါတယ်။ ပြီးရင် အဲဒီကတစ်ဆင့် သက်ဆိုင်ရာ ပညာရေးရုံးတွေကို သတင်းပေးပြီးတော့ ဆက်လုပ်သွား ရတာဖြစ်ပါတယ်”ဟု အာခါစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဒေါ်အားစွန်းက ပြောသည်။

အာခါသင်ပုန်းကြီးစာအုပ်များကို ပေါင်းစည်းအာခါသတ်ပုံဖြင့် ရေးသားထားပြီး အာခါစာပေပညာရှင်များ ပါဝင်သည့် သင်ရိုးရေးဆွဲရေးအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနမှ သင်ရိုးညွှန်းတမ်းရေးဆွဲရေး ပညာရှင်များပါဝင်သည့်အဖွဲ့တို့ဖြင့် ရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။

အစိုးရကရိုက်နှိပ်ပံ့ပိုးပေးမည့် သင်ရိုးညွှန်တမ်းစာအုပ်များမှာ လာမည့်ပညာသင်နှစ်တွင် ရရှိမည်ဖြစ်ပြီး အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သတင်း၊ဓါတ်ပုံ ဇွဲမြတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~