တာခ်ီလိတ္ၿမိဳ႕ ယန္းေခါင္ေက်းရြာအနီးတြင္ အမ်ဳိးသားႏွစ္ဦးထံက မူးယစ္ေဆး၀ါး ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ယန္းေခါင္ေက်းရြာအနီးတြင္ အမ်ဳိးသားႏွစ္ဦးထံက မူးယစ္ေဆး၀ါး ဖမ္းဆီးရမိ
အောက်တိုဘာ 20, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ မိုင္းဟဲ(ေအာက္)ေက်းရြာအုပ္စု၊ ယန္းေခါင္ေက်းရြာအနီးတြင္ စိတ္ၾကြေဆးျပားႏွင့္ ဘိန္းျဖဴတို႔ သယ္လာသည့္ အမ်ိဳးသား(၂)ဦးကို ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၀)ရက္ေန႔ နံနက္ပိုင္းက ဖမ္းဆီးရမိေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕ႏွင့္သက္ေသမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ယန္းေခါင္ေက်းရြာအနီး လမ္းမတြင္ စစ္ေဆးေနစဥ္ ေအာက္တိုဘာလ (၂၀)ရက္ေန႔ နံနက္(၁၀)နာရီခြဲခန္႔က စန္းလုေက်းရြာဘက္မွ ယန္းေခါင္ ေက်းရြာဘက္သို႔ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ အသက္(၄၁)ႏွစ္အရြယ္ ေအာင္ေဇာ္မိုး(ခ) ကိုမိုးႏွင့္ အသက္(၂၄)ႏွစ္ အရြယ္ ေက်ာ္ေက်ာ္(ခ)အေသးေလးတို႔အား စစ္ေဆးရာ စိတ္ၾကြေဆးျပား (၅၄၀)၊ ဘိန္းျဖဴ (၀.၅)ဂရမ္ခန္႔ႏွင့္ ထုိင္းဘတ္ေငြ(၃,၀၀၀)တို႔ကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသည့္ ေအာင္ေဇာ္မိုး(ခ)ကိုမိုးႏွင့္ ေက်ာ္ေက်ာ္(ခ)အေသးေလးတုိ႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၀၅/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)/၂၁ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ မိုင်းဟဲ(အောက်)ကျေးရွာအုပ်စု၊ ယန်းခေါင်ကျေးရွာအနီးတွင် စိတ်ကြွဆေးပြားနှင့် ဘိန်းဖြူတို့ သယ်လာသည့် အမျိုးသား(၂)ဦးကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့်သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယန်းခေါင်ကျေးရွာအနီး လမ်းမတွင် စစ်ဆေးနေစဉ် အောက်တိုဘာလ (၂၀)ရက်နေ့ နံနက်(၁၀)နာရီခွဲခန့်က စန်းလုကျေးရွာဘက်မှ ယန်းခေါင် ကျေးရွာဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အသက်(၄၁)နှစ်အရွယ် အောင်ဇော်မိုး(ခ) ကိုမိုးနှင့် အသက်(၂၄)နှစ် အရွယ် ကျော်ကျော်(ခ)အသေးလေးတို့အား စစ်ဆေးရာ စိတ်ကြွဆေးပြား (၅၄၀)၊ ဘိန်းဖြူ (ဝ.၅)ဂရမ်ခန့်နှင့် ထိုင်းဘတ်ငွေ(၃,ဝဝဝ)တို့ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် အောင်ဇော်မိုး(ခ)ကိုမိုးနှင့် ကျော်ကျော်(ခ)အသေးလေးတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၀၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~