တာခ်ီလိတ္ၿမိဳ႕ ဧဒင္ေက်းရြာတြင္ ဆိုင္ကယ္ျဖင့္ လာသည့္ အမ်ဳိးသားတစ္ဦးထံက စိတ္ၾကြေဆးမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ဧဒင္ေက်းရြာတြင္ ဆိုင္ကယ္ျဖင့္ လာသည့္ အမ်ဳိးသားတစ္ဦးထံက စိတ္ၾကြေဆးမ်ား ဖမ္းဆီးရမိ
အောက်တိုဘာ 20, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်းရြာအုပ္စု၊ ဧဒင္ေက်းရြာတြင္ WY စိတ္ၾကြေဆးျပား (၁၃,၆၀၀)ျပား သယ္ေဆာင္လာသည့္ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

ဧဒင္ေက်းရြာ ေအးရိပ္ၿမိဳင္လမ္းတြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၉)ရက္ေန႔၊ ညေန (၅)နာရီ (၃၅)မိနစ္အခ်ိန္တြင္ မူးယစ္သတင္းအရ ရဲတပ္ဖြဲ႕ႏွင့္ သက္ေသမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးေနစဥ္ ဧဒင္ရြာဘ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အသက္(၃၈)ႏွစ္အရြယ္ အုိက္ေနာ္အား စစ္ေဆးရာ လြယ္အိတ္အတြင္း ထည့္ထားသည့္ WY စိတ္ၾကြေဆးျပား (၅,၆၀၀)ျပားႏွင့္ ဆုိင္ကယ္တူးေဘာက္အတြင္း ထည့္ထားသည့္ WY စိတ္ၾကြေဆးျပား (၈,၀၀၀)ျပားႏွင့္ ထိုင္းဘတ္ေငြ (၇,၀၀၀)တို႔ကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသည့္ အိုက္ေနာ္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၀၄/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဧဒင်ကျေးရွာတွင် WY စိတ်ကြွဆေးပြား (၁၃,၆၀၀)ပြား သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

ဧဒင်ကျေးရွာ အေးရိပ်မြိုင်လမ်းတွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့၊ ညနေ (၅)နာရီ (၃၅)မိနစ်အချိန်တွင် မူးယစ်သတင်းအရ ရဲတပ်ဖွဲ့နှင့် သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးနေစဉ် ဧဒင်ရွာဘ ဆိုင်ကယ်မောင်းနှင်လာသည့် အသက်(၃၈)နှစ်အရွယ် အိုက်နော်အား စစ်ဆေးရာ လွယ်အိတ်အတွင်း ထည့်ထားသည့် WY စိတ်ကြွဆေးပြား (၅,၆၀၀)ပြားနှင့် ဆိုင်ကယ်တူးဘောက်အတွင်း ထည့်ထားသည့် WY စိတ်ကြွဆေးပြား (၈,ဝဝဝ)ပြားနှင့် ထိုင်းဘတ်ငွေ (၇,ဝဝဝ)တို့ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် အိုက်နော်အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၁၀၄/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~