တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်အတွင်း ဆိုင်ကယ်တစ်စီး ခိုးခံရ

တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်အတွင်း ဆိုင်ကယ်တစ်စီး ခိုးခံရ
အောကျတိုဘာ 8, 2018
By Tachileik News Agency




Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်၊ မိုင်းယွန်း ဆီပန့် အနောက်လမ်းရှိ ဟိုတယ်ဝန်ထမ်းအဆောင်တွင် ၂၀၁၈ခုနှစ် အောက်တိုဘာလ (၈)ရက်နေ့အကူး နံနက်(၃)နာရီအချိန်တွင် ဆိုင်ကယ်တစ်စီး ခိုးခံရ၍ ဆိုင်ကယ်အား လာရောက် ရောင်းချသည်ဖြစ်စေ၊ လမ်းတွင် တွေ့ရသည် ဖြစ်စေ ဆက်သွယ် အကြောင်းကြားပေးနိုင်ပါရန် ပိုင်ရှင်ဖြစ်သူက တာချီလိတ်သတင်းအေဂျင်စီမှ တဆင့် အကူအညီ တောင်းခံလာသည်။

ခိုးခံရသော ဆိုင်ကယ် အမျိုးအစားမှာ Honda Wave 100 အမျိုးအစား အပြာရောင် ဆိုင်ကယ်ဖြစ်ပြီး ဆိုင်ကယ် ခိုးခံရမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာသို့ အသိပေးအကြောင်းကြားထားကြောင်း သိရသည်။

ဆိုင်ကယ်အား လာရောက်ရောင်းချသည်ဖြစ်စေ၊ လမ်းတွင် တွေ့ရသည်ဖြစ်စေ မြန်မာဖုန်း 09263711373၊ 09420759539 သို့ ဆက်သွယ်၍ အကြောင်းကြားပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~