တာချီလိတ်မြို့ ၀မ်မိုင်ရွာတွင် အရက်မူးနေသည့် အမျိုးသားတစ်ဦး ဓါးထိုးခံရ

တာချီလိတ်မြို့ ၀မ်မိုင်ရွာတွင် အရက်မူးနေသည့် အမျိုးသားတစ်ဦး ဓါးထိုးခံရ
အောကျတိုဘာ 18, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့ ည (၉)နာရီကျော်က အမျိုးသားတစ်ဦး ဓါးထိုးခံရသဖြင့် ဆေးရုံတွင် ကုသမှု ခံယူနေပြီး အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းသိရသည်။



Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာတွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့ ည (၉)နာရီကျော်က အမျိုးသားတစ်ဦး ဓားထိုးခံရသဖြင့် ဆေးရုံတွင် ကုသမှု ခံယူနပြေီး အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းသိရသည်။

 အဆိုပါ အမျိုးသားသည် အရက်သောက်ပြီးပြန်လာစဉ် လမ်း၌ စကားများပြီး ဓားဖြင့်ထိုးခံရသည့် အတွက် ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား စစ်ဆေးပြီး ဓားဖြင့်ထိုးသူကို စုံစမ်းဖော်ထုတ်ခြင်းကို ဆက်လက် ဆောင်ရွက်နေကြောင်း နှင့် ဓားထိုးခံရသူအား တာချီလိတ်နာရေးကူညီမှုအသင်းမှ တာချီလိတ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ဓားဖြင့်ထိုးခံရသူ၏ ဒဏ်ရာမှာ စိုးရိမ်ဖွယ် မရှိကြောင်း သိရပြီး တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ရန် ရဲတပ်ဖွဲ့က လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း ကနဦးသိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~