စြန္႔လႊတ္ေျမမ်ား မူလပိုင္ရွင္မ်ားထံ အျမန္ဆံုးေရာက္ရိွေစေရး ႏုိင္ငံေတာ္၏ မူဝါဒအတိုင္းသာ ေဆာင္ရြက္ရန္ သက္ဆိုင္ရာဌာနမ်ားကို သမၼတ သတိေပး

စြန္႔လႊတ္ေျမမ်ား မူလပိုင္ရွင္မ်ားထံ အျမန္ဆံုးေရာက္ရိွေစေရး ႏုိင္ငံေတာ္၏ မူဝါဒအတိုင္းသာ ေဆာင္ရြက္ရန္ သက္ဆိုင္ရာဌာနမ်ားကို သမၼတ သတိေပး
အောက်တိုဘာ 11, 2018
By Tachileik News Agency

မူလပိုင္ရွင္မ်ားထံ ျပန္လည္ ေပးအပ္ရမည့္ သိမ္းဆည္းေျမယာမ်ားအား မူလပိုင္ရွင္မ်ားထံ ျမန္ျမန္ဆန္ဆန္ ေရာက္ရိွေရး အတြက္ သက္ဆုိင္ရာဌာနမ်ား အေနျဖင့္ ႏိုင္ငံေတာ္က ခ်မွတ္ထားသည့္ မူဝါဒအတိုင္း ေဆာင္ရြက္ၾကရန္ ႏုိင္ငံေတာ္သမၼတက မေကြးၿမိဳ႕ခရီးစဥ္အတြင္း တိုက္တြန္း သတိေပးခဲ့သည္။

"တစ္ခ်ိဳ႕က်ေတာ့ အာဏာရိွတဲ့သူေတြက လုပ္ပိုင္ခြင့္ရိွသူေတြဟာ ေနာက္ကြယ္ကေန အဲဒါ မထုတ္ေပးနဲ႔ဦးလို႔ လုပ္လာတာေတြရိွရင္ လက္မခံပါနဲ႔။ တရားဝင္ လုပ္ေပးလိုက္ပါ။ ေနာက္ကေန ဘယ္လို ပုဂၢိဳလ္မ်ိဳးပဲလာလာ။ ဆင္ႀကီးပဲ လာလာ၊ ဂဠဳန္ႀကီးပဲလာလာ ေပးရမယ့္ဟာေပးလိုက္ပါ။ ေနွာင့္ေႏွးေနလို႔ တိုင္ေတာ လာလို႔ရိွရင္ ဆင္ႀကီး ဂဠဳန္ႀကီးက လက္လြတ္ျဖစ္သြားမယ္။ ေပးရမယ့္ဝန္ထမ္းက ပိုက္ေဘာမိသြားမယ္”ဟု ေျမယာျပန္လည္ေပးအပ္ေရးတာဝန္ယူလုပ္ေဆာင္ေနရသည့္ ဌာနဆုိင္ရာ ဝန္ထမ္းမ်ားအား ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္က သတိေပး တိုက္တြန္းလိုက္သည္။

ႏုိင္ငံအတြင္း ေျမသိမ္းမႈျပႆနာမ်ားကို လ်င္ျမန္စြာ ေျဖရွင္းေဆာင္ရြက္ႏုိင္ရန္ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရး ဗဟုိေကာ္မတီကို ႏုိင္ငံေတာ္ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူ ဦးေဆာင္သည့္အဖြဲ႕ျဖင့္ ၂၀၁၆ ခုႏွစ္ ေမလ(၅)ရက္ေန႔တြင္ ဖြဲ႕စည္းလုိက္ၿပီး လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးေကာ္မတီ အဆင့္ဆင့္ကိုဖြဲ႔စည္း ေဆာင္ရြက္ေနျခင္းျဖစ္သည္။

ႏုိင္ငံအတြင္း စီမံကိန္းအမ်ိဳးမ်ိဳး၊ ကုမၸဏီမ်ား၊ ပုဂၢလိကလုပ္ငန္းမ်ား၊ ဝန္ႀကီးဌာနမ်ားႏွင့္ တပ္မေတာ္တို႔က သိမ္းဆည္းထားသည့္ေျမယာမ်ားအနက္ စြန္႔လႊတ္ေျမမ်ားကို ျပည္သူမ်ားထံ အျမန္ရရိွေစေရးအတြက္ မူဝါဒခ်မွတ္လုပ္ေဆာင္ေနေသာ္လည္း မူလပိုင္ရွင္မ်ားထံ ျပန္လည္အပ္ႏွံရန္ ၾကန္႔ၾကာမႈမ်ား ရိွေနသျဖင့္ သမၼတက သက္ဆုိင္ရာဝန္ထမ္းမ်ားအား ယင္းကဲ့သို႔ သတိေပးလုိက္ျခင္းျဖစ္သည္။

“ျမန္ျမန္လုပ္ေပးလိုက္လို႔ရိွရင္ သူလည္း အသက္ေမြးဝမ္းေၾကာင္း အဆင္ေျပသြားမယ္။ ႏိုင္ငံေတာ္လည္း သီးႏွံအထြက္ တိုးလာမယ္။ အဲဒီလို အက်ိဳးရိွတဲ့ကိစၥေတာင္ ျပန္ေပးရမယ့္လူ လက္ထဲမေရာက္ႏိုင္ဘူး ျဖစ္ေနတယ္။ ဟိုတုန္းကလို ငါတို႔ဆီလာမွ ငါ့ကိုကပ္မွ ငါ့ကိုေပးမွ ပံုစံ (၇) တို႔ ပံုစံ (၁၀၅) တို႔ ထုတ္ေပးလိုက္မယ္။ ဒီလိုစိတ္မထားၾကပါနဲ႔။ အဲဒီလိုစိတ္ထားနဲ႔ ထမင္းတစ္နပ္ ဟင္းတစ္ဖက္အတြက္ ၾကည့္မယ္ဆိုရင္ တိုင္လာတဲ့အခါ အဂတိနဲ႔ၿငိစြန္းသြားပါလိမ္႔မယ္”ဟု ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ေျပာၾကားလုိက္သည္။

လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းခံမႈျပန္လည္စိစစ္ေရးလုပ္ေဆာင္ရာတြင္ ႏိုင္ငံေတာ္က ခ်မွတ္ထားသည့္ မူဝါဒႏွင့္အညီ မွန္မွန္ကန္ကန္စိစစ္ေပးေစရန္ သမၼတက တုိက္တြန္းလုိက္သည္။

“အပိုအလို မလုပ္ပါနဲ႔။ ကိုယ္လိုသလို ပံုပန္းထည့္ၿပီးေတာ့ အဓိပၸါယ္မဖြင့္ပါနဲ႔။ ကၽြန္ေတာ္တို႔ ခ်ေပးလိုက္တဲ့ မူဝါဒက ရွင္းရွင္းေလးပဲ ဘာမွမခက္ဘူး။ သို႔ေသာ္ အဲဒါေတြကို ေအာက္မွာ တစ္မ်ိဳးၿပီးတစ္မ်ိဳး ခုထိမၿပီးႏိုင္ဘူး ျဖစ္ေနတယ္။ ကိုယ္စားလွယ္ပိုင္းက ဖြင့္တာကတစ္မ်ိဳး၊ အုပ္ခ်ဳပ္ေရးပိုင္းက ဖြင့္တာကတစ္မ်ိဳး၊ ေျမစာရင္းကတစ္မ်ိဳး ကၽြန္ေတာ္တို႔ ၾကံဳေနရတယ္။ ဒါမျဖစ္သင့္ဘူး။ အဓိကက အဂတိကင္းဖို႔ပဲလိုတယ္။ ဘက္မလိုက္ဖို႔လိုတယ္”ဟု ႏုိင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ေျပာၾကားလုိက္သည္။

လယ္ယာေျမႏွင့္ အျခားေျမမ်ားသိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးဗဟုိ ေကာ္မတီတြင္ ျပည္ထဲေရးဝန္ႀကီးဌာန၊ စုိက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန၊ ကာကြယ္ေရးဝန္ႀကီးဌာန၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ စက္မႈဝန္ႀကီးဌာန၊ ေဆာက္လုပ္ေရးဝန္ႀကီးဌာနတို႔၏ ျပည္ေထာင္စုဝန္ႀကီးမ်ား၊ ေနျပည္ေတာ္ေကာင္စီ၊ တုိင္းေဒသႀကီး/ ျပည္နယ္အစုိးရ အဖြဲ႔မ်ား အားလုံးႏွင့္ ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးတို႔ ပါဝင္ ဖြဲ႕စည္းထားျခင္းျဖစ္သည္။

ယခုအစုိးရသည္ လယ္ယာေျမ အျငင္းပြားမႈျပႆနာမ်ားကို အထူးဦးစားေပးၿပီး အျမန္ဆုံး ေျဖရွင္းရန္ႏွင့္ လယ္ယာေျမသိမ္းဆည္းျခင္း ကိစၥရပ္မ်ားကို ဥပေဒႏွင့္အညီ ေျဖရွင္းေဆာင္ရြက္ၿပီးသည္အထိ ရပ္ဆုိင္းထားရန္ဟု ႏုိင္ငံေတာ္သမၼတက ထုတ္ျပန္ထားျခင္းျဖစ္သည္။

ႏုိင္ငံေတာ္သမၼတဦးဝင္းျမင့္သည္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၆)ရက္ေန႔က မေကြးၿမိဳ႕တြင္ မ႑ိဳင္သံုးရပ္မွ တာဝန္ရိွသူမ်ားႏွင့္ ေတြ႔ဆံုေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ်ရမည့် သိမ်းဆည်းမြေယာများအား မူလပိုင်ရှင်များထံ မြန်မြန်ဆန်ဆန် ရောက်ရှိရေး အတွက် သက်ဆိုင်ရာဌာနများ အနဖြေင့် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒအတိုင်း ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက မကွေးမြို့ခရီးစဉ်အတွင်း တိုက်တွန်း သတိပေးခဲ့သည်။

"တစ်ချို့ကျတော့ အာဏာရှိတဲ့သူတွေက လုပ်ပိုင်ခွင့်ရှိသူတွေဟာ နောက်ကွယ်ကနေ အဲဒါ မထုတ်ပေးနဲ့ဦးလို့ လုပ်လာတာတွေရှိရင် လက်မခံပါနဲ့။ တရားဝင် လုပ်ပေးလိုက်ပါ။ နောက်ကနေ ဘယ်လို ပုဂ္ဂိုလ်မျိုးပဲလာလာ။ ဆင်ကြီးပဲ လာလာ၊ ဂဠုန်ကြီးပဲလာလာ ပေးရမယ့်ဟာပေးလိုက်ပါ။ နှောင့်နှေးနေလို့ တိုင်တော လာလို့ရှိရင် ဆင်ကြီး ဂဠုန်ကြီးက လက်လွတ်ဖြစ်သွားမယ်။ ပေးရမယ့်ဝန်ထမ်းက ပိုက်ဘောမိသွားမယ်”ဟု မြေယာပြန်လည်ပေးအပ်ရေးတာဝန်ယူလုပ်ဆောင်နေရသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သတိပေး တိုက်တွန်းလိုက်သည်။

နိုင်ငံအတွင်း မြေသိမ်းမှုပြဿနာများကို လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့်အဖွဲ့ဖြင့် ၂၀၁၆ ခုနှစ် မေလ(၅)ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်ကိုဖွဲ့စည်း ဆောင်ရွက်နခြေင်းဖြစ်သည်။

နိုင်ငံအတွင်း စီမံကိန်းအမျိုးမျိုး၊ ကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ ဝန်ကြီးဌာနများနှင့် တပ်မတော်တို့က သိမ်းဆည်းထားသည့်မြေယာများအနက် စွန့်လွှတ်မြေများကို ပြည်သူများထံ အမြန်ရရှိစေရေးအတွက် မူဝါဒချမှတ်လုပ်ဆောင်နေသော်လည်း မူလပိုင်ရှင်များထံ ပြန်လည်အပ်နှံရန် ကြန့်ကြာမှုများ ရှိနေသဖြင့် သမ္မတက သက်ဆိုင်ရာဝန်ထမ်းများအား ယင်းကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။

“မြန်မြန်လုပ်ပေးလိုက်လို့ရှိရင် သူလည်း အသက်မွေးဝမ်းကြောင်း အဆင်ပြေသွားမယ်။ နိုင်ငံတော်လည်း သီးနှံအထွက် တိုးလာမယ်။ အဲဒီလို အကျိုးရှိတဲ့ကိစ္စတောင် ပြန်ပေးရမယ့်လူ လက်ထဲမရောက်နိုင်ဘူး ဖြစ်နေတယ်။ ဟိုတုန်းကလို ငါတို့ဆီလာမှ ငါ့ကိုကပ်မှ ငါ့ကိုပေးမှ ပုံစံ (၇) တို့ ပုံစံ (၁၀၅) တို့ ထုတ်ပေးလိုက်မယ်။ ဒီလိုစိတ်မထားကြပါနဲ့။ အဲဒီလိုစိတ်ထားနဲ့ ထမင်းတစ်နပ် ဟင်းတစ်ဖက်အတွက် ကြည့်မယ်ဆိုရင် တိုင်လာတဲ့အခါ အဂတိနဲ့ငြိစွန်းသွားပါလိမ့်မယ်”ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံမှုပြန်လည်စိစစ်ရေးလုပ်ဆောင်ရာတွင် နိုင်ငံတော်က ချမှတ်ထားသည့် မူဝါဒနှင့်အညီ မှန်မှန်ကန်ကန်စိစစ်ပေးစေရန် သမ္မတက တိုက်တွန်းလိုက်သည်။

“အပိုအလို မလုပ်ပါနဲ့။ ကိုယ်လိုသလို ပုံပန်းထည့်ပြီးတော့ အဓိပ္ပါယ်မဖွင့်ပါနဲ့။ ကျွန်တော်တို့ ချပေးလိုက်တဲ့ မူဝါဒက ရှင်းရှင်းလေးပဲ ဘာမှမခက်ဘူး။ သို့သော် အဲဒါတွေကို အောက်မှာ တစ်မျိုးပြီးတစ်မျိုး ခုထိမပြီးနိုင်ဘူး ဖြစ်နေတယ်။ ကိုယ်စားလှယ်ပိုင်းက ဖွင့်တာကတစ်မျိုး၊ အုပ်ချုပ်ရေးပိုင်းက ဖွင့်တာကတစ်မျိုး၊ မြေစာရင်းကတစ်မျိုး ကျွန်တော်တို့ ကြုံနေရတယ်။ ဒါမဖြစ်သင့်ဘူး။ အဓိကက အဂတိကင်းဖို့ပဲလိုတယ်။ ဘက်မလိုက်ဖို့လိုတယ်”ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။

လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီးများ၊ နပြေည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များ အားလုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ ပါဝင် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ယခုအစိုးရသည် လယ်ယာမြေ အငြင်းပွားမှုပြဿနာများကို အထူးဦးစားပေးပြီး အမြန်ဆုံး ဖြေရှင်းရန်နှင့် လယ်ယာမြေသိမ်းဆည်းခြင်း ကိစ္စရပ်များကို ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပြီးသည်အထိ ရပ်ဆိုင်းထားရန်ဟု နိုင်ငံတော်သမ္မတက ထုတ်ပြန်ထားခြင်းဖြစ်သည်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၆)ရက်နေ့က မကွေးမြို့တွင် မဏ္ဍိုင်သုံးရပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~