ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္၀င္း ကြယ္လြန္

ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္၀င္း ကြယ္လြန္
အောက်တိုဘာ 19, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမ့္ခမ္းၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁)မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ဝင္းသည္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၁၉)ရက္ေန႔ ေန႔လယ္ (၂)နာရီ (၄၀)မိနစ္တြင္ ကြယ္လြန္ သြားေၾကာင္း သိရသည္။

တအာင္း(ပေလာင္)အမ်ိဳးသားပါတီ၏ နမ့္ခမ္းၿမိဳ႕ ဗဟိုအလုပ္အမႈေဆာင္၊ တြဲဖက္အတြင္းေရးမွဴး(၂)၊ ၿမိဳ႕နယ္တြဲဖက္အတြင္းေရးမွဴး(၁)တုိ႔အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ၿပီးခဲ့သည့္ေရြးေကာက္ပြဲတြင္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေရြးခ်ယ္ခံခဲ့ရျခင္းျဖစ္သည္။

ဦးေအာင္၀င္းသည္ (၁၉၈၁)ခုႏွစ္မွ (၁၉၉၁)ခုႏွစ္တို႔တြင္ အမက(ဖာလင္)ႏွင့္ အထက(မန္ေအာင္)တို႔တြင္ အလယ္တန္းျပဆရာအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့သူျဖစ္ေၾကာင္း သိရသည္။

ဦးေအာင္ဝင္း ကြယ္လြန္ခ်ိန္တြင္ အသက္(၆၀)အရြယ္ရိွၿပီျဖစ္ၿပီး ဇနီး ေဒၚအီခမ္းမတ္ႏွင့္အတူ သား(၂)ဦး၊ သမီး(၁)ဦး က်န္ခဲ့ျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၉)ရက်နေ့ နေ့လယ် (၂)နာရီ (၄၀)မိနစ်တွင် ကွယ်လွန် သွားကြောင်း သိရသည်။

တအာင်း(ပလောင်)အမျိုးသားပါတီ၏ နမ့်ခမ်းမြို့ ဗဟိုအလုပ်အမှုဆောင်၊ တွဲဖက်အတွင်းရေးမှူး(၂)၊ မြို့နယ်တွဲဖက်အတွင်းရေးမှူး(၁)တို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။

ဦးအောင်ဝင်းသည် (၁၉၈၁)ခုနှစ်မှ (၁၉၉၁)ခုနှစ်တို့တွင် အမက(ဖာလင်)နှင့် အထက(မန်အောင်)တို့တွင် အလယ်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

ဦးအောင်ဝင်း ကွယ်လွန်ချိန်တွင် အသက်(၆၀)အရွယ်ရှိပြီဖြစ်ပြီး ဇနီး ဒေါ်အီခမ်းမတ်နှင့်အတူ သား(၂)ဦး၊ သမီး(၁)ဦး ကျန်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~