တာခ်ီလိတ္တြင္ အသက္(၁၆)ႏွစ္ေအာက္ ၿမိဳ႕နယ္ေဘာလံုးအဖြဲ႔ခ်ဳပ္ဥကၠဌဖလား ေဘာလံုးၿပိဳင္ပြဲအတြက္ ႏိုဝင္ဘာလ (၁၀)ရက္ေန႔ ေနာက္ဆံုးထား စာရင္းေပးသြင္းႏိုင္

တာခ်ီလိတ္တြင္ အသက္(၁၆)ႏွစ္ေအာက္ ၿမိဳ႕နယ္ေဘာလံုးအဖြဲ႔ခ်ဳပ္ဥကၠဌဖလား ေဘာလံုးၿပိဳင္ပြဲအတြက္ ႏိုဝင္ဘာလ (၁၀)ရက္ေန႔ ေနာက္ဆံုးထား စာရင္းေပးသြင္းႏိုင္
အောက်တိုဘာ 27, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၌၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၆)ရက္ေန႔႔တြင္ က်င္းပမည့္ ၿမိဳ႕နယ္ေဘာလံုးအဖြဲ႔ခ်ဳပ္ဥကၠဌဖလား အသက္ (၁၆) ေအာက္ ေဘာလံုးၿပိဳင္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္လိုသည့္ လူငယ္မ်ား ႏိုဝင္ဘာလ (၁၀)ရက္ေန႔ ေနာက္ဆံုးထား၍ စာရင္းေပးသြင္းႏုိင္ေၾကာင္း သိရသည္။

"အသင္းကေတာ့ ကြၽန္ေတာ္တို႔ ေက်ာင္းအသင္း (၇)သင္း ရွိပါတယ္။ ကြၽန္ေတာ္တို႔က ေဘာလုံး ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေက်ာင္းသားေတြကို ျပဳလုပ္ေပးတာျဖစ္ေပမဲ့ ေက်ာင္းသားေတြကေတာ့ ေက်ာင္းကို ကိုယ္စားျပဳတာေပါ့။ သို႔ေသာ္လည္း (၁၆) ႏွစ္ေအာက္လူငယ္ေတြ ေက်ာင္းမေနေတာ့ဘူး။ အျပင္ကေန စိတ္ဝင္စားလို႔ ဝင္ကန္ခ်င္ရင္ အျပင္မွာ အုပ္စုဖြဲ႔ၿပီးေတာ့ ဝင္ကန္ခြင့္ရွိပါတယ္။ ဒီေန႔အစည္းအေ၀းမွာ ကြၽန္ေတာ္တို႔ကို လာၿပီး အဆိုျပဳတယ္။ အျပင္က ကေလးေတြေရာ ဝင္ကန္လို႔ရလားဆို ရတယ္ေပါ့။ ကြၽန္ေတာ္တို႔က ေဘာလုံးဖြ႔ံၿဖိဳးဖို႔အတြက္ပဲေလ" ဟု တာခ်ီလိတ္ၿမိဳ႕နယ္ေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠဌ ဦးခင္ေမာင္ျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿပိဳင္ပြဲအတြက္ တာခ်ီလိတ္ၿမိဳ႕နယ္ေဘာလုံးအဖြဲ႕ခ်ဳပ္ ဥကၠဌ ဦးခင္ေမာင္ျမင့္ ၏ ဖုန္း 09 262677254  သို႔ ဆက္သြယ္ စံုစမ္းစာရင္း ေပးသြင္းႏုိင္ၿပီး အသက္အေထာက္အထားအတြက္ မွတ္ပုံတင္ (သို႔မဟုတ္) ေမြးစာရင္း လိုအပ္ကာ လူေတြ႔စစ္ေဆးျခင္း ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ေဘာလံုးအဖြဲ႕ခ်ဳပ္ ဥကၠဌ ဖလား အသက္ (၁၆)ႏွစ္ေအာက္ ေဘာလံုးၿပိဳင္ပြဲအတြက္ အစည္းအေဝးကို ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၂၆)ရက္ေန႔ ေန႔လယ္ (၂)နာရီအခ်ိန္က တာခ်ီလိတ္ၿမိဳ႕ရွိ ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းတြင္ က်င္းပခဲ့ ျခင္းျဖစ္သည္။

သတင္း - ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - ေအာင္ေက်ာ္ဝင္းစိန္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၆)ရက်နေ့တွင် ကျင်းပမည့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဖလား အသက် (၁၆) အောက် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်လိုသည့် လူငယ်များ နိုဝင်ဘာလ (၁၀)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

"အသင်းကတော့ ကျွန်တော်တို့ ကျောင်းအသင်း (၇)သင်း ရှိပါတယ်။ ကျွန်တော်တို့က ဘောလုံး ဖွံ့ဖြိုးတိုးတက်အောင် ကျောင်းသားတွေကို ပြုလုပ်ပေးတာဖြစ်ပေမဲ့ ကျောင်းသားတွေကတော့ ကျောင်းကို ကိုယ်စားပြုတာပေါ့။ သို့သော်လည်း (၁၆) နှစ်အောက်လူငယ်တွေ ကျောင်းမနေတော့ဘူး။ အပြင်ကနေ စိတ်ဝင်စားလို့ ဝင်ကန်ချင်ရင် အပြင်မှာ အုပ်စုဖွဲ့ပြီးတော့ ဝင်ကန်ခွင့်ရှိပါတယ်။ ဒီနေ့အစည်းအေဝးမှာ ကျွန်တော်တို့ကို လာပြီး အဆိုပြုတယ်။ အပြင်က ကလေးတွေရော ဝင်ကန်လို့ရလားဆို ရတယ်ပေါ့။ ကျွန်တော်တို့က ဘောလုံးဖွံ့ဖြိုးဖို့အတွက်ပဲလေ" ဟု တာချီလိတ်မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးခင်မောင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြိုင်ပွဲအတွက် တာချီလိတ်မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးခင်မောင်မြင့်၏ ဖုန်း 09 262677254 သို့ ဆက်သွယ် စုံစမ်းစာရင်း ပေးသွင်းနိုင်ပြီး အသက်အထောက်အထားအတွက် မှတ်ပုံတင် (သို့မဟုတ်) မွေးစာရင်း လိုအပ်ကာ လူတွေ့စစ်ဆေးခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဖလား အသက် (၁၆)နှစ်အောက် ဘောလုံးပြိုင်ပွဲအတွက် အစည်းအဝေးကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၆)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က တာချီလိတ်မြို့ရှိ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့ ခြင်းဖြစ်သည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန် 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~