တောင်ကြီး - တာချီလိတ် သွားလမ်းပေါ် အောက်တိုဘာလ(၂၅)ရက်နေ့ ညနေပိုင်းတွင် တုံတာအထွက် ကိုးကွေ့တောင်၏ သုံးကွေ့မြောက်၌် ယာဉ်တစ်စီး ကန့်လန့်ခံနေ၍ ယာဉ်ကြောပိတ်ဆို့နေ

တောင်ကြီး - တာချီလိတ် သွားလမ်းပေါ် အောက်တိုဘာလ(၂၅)ရက်နေ့ ညနေပိုင်းတွင် တုံတာအထွက် ကိုးကွေ့တောင်၏ သုံးကွေ့မြောက်၌် ယာဉ်တစ်စီး ကန့်လန့်ခံနေ၍ ယာဉ်ကြောပိတ်ဆို့နေ
အောက်တိုဘာ 25, 2018
By Tachileik News Agency


"တာချီလိတ်က လာရင် တုံတာအထွက် ကိုးကွေ့တောင်ထိပ်ရဲ့ သုံးကွေ့မြောက်မှာပါ၊ ကန့်လန့်ခံနေတဲ့ ကားက စီယာတိုင်က အပတ်ရေနည်းတော့ ပန်းလို့မရဘူး၊ အရှေ့က ကျောက်ဆောင်နဲ့ထိတော့ ထောက်နေတယ်၊ နောက်ပြန် ဆုတ်မယ်ဆိုတော့လည်း ကားက ၀မ်းကရောင်းဖြစ်နေတော့ အဆင်မပြေဘူး အခု ကျွန်တော်တို့ ၀ိုင်းကူလုပ်ပေးနေကြပါတယ်၊"ဟု တာချီလိတ်မှ (၁၂)ဘီးယာဉ်မောင်း ကိုအောင်ကျော်ဆင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


Tachileik News Agency





~~~~~~~~⊰❂ unicode ~~~~~~~~

တောင်ကြီး - တာချီလိတ် သွားလမ်း တုံတာအထွက် ကိုးကွေ့တောင်ထိပ်၏ သုံးကွေ့မြောက်တွင် မကွေးဘက်မှာလာပြီး ကျောက်မီးသွေးတင်ဆောင်လာသည့် မော်တော်ယာဉ်သည် လမ်းလယ်၌ ကန့်လန့်ခံမှု ၂၀၁၈ခုနှစ် အောက်တိုဘာလ(၂၅)ရက်နေ့ ညနေ(၄)နာရီကျော်က ဖြစ်ပွားနေသည့် အတွက် ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ပွားနေသည့် အတွက် ညနေ(၅)နာရီအထိ ဝိုင်းဝန်းကူညီ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

"တာချီလိတ်က လာရင် တုံတာအထွက် ကိုးကွေ့တောင်ထိပ်ရဲ့ သုံးကွေ့မြောက်မှာပါ၊ ကန့်လန့်ခံနေတဲ့ ကားက စီယာတိုင်က အပတ်ရေနည်းတော့ ပန်းလို့မရဘူး၊ အရှေ့က ကျောက်ဆောင်နဲ့ထိတော့ ထောက်နေတယ်၊ နောက်ပြန် ဆုတ်မယ်ဆိုတော့လည်း ကားက ဝမ်းကရောင်းဖြစ်နေတော့ အဆင်မပြေဘူး အခု ကျွန်တော်တို့ ဝိုင်းကူလုပ်ပေးနကြေပါတယ်၊"ဟု တာချီလိတ်မှ (၁၂)ဘီးယာဉ်မောင်း ကိုအောင်ကျော်ဆင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မီးသွေးတင်ဆောင်လာသည့် ယာဉ်မှာ အကွေ့တွင် ခံနေ၍ ဝိုင်းဝန်းဆောင်ရွက်နေသော်လည်း (၄၅)မိနစ်ကျော်ကြာသည်အထိ အဆင်မပြေသေးသည့်အတွက် တစ်ဖက် နှင့် တစ်ဖက်မှ လာသည့် ယာဉ်များမှာ ရပ်တန့် ဆိုင်းစောင့်နေရဆဲဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကိုအောင်ကျော်ဆင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~