ေလယာဥ္ပ်က္က်မႈေၾကာင့္ ပ်က္စီးသြားသည့္ မင္းဘူးၿမိဳ႕မွ တာဝါတုိင္ျပဳျပင္မႈကို အမ်ားျပည္သူ မထိခိုက္မိေစရန္ ေဆာင္ရြက္ေနဆဲ

ေလယာဥ္ပ်က္က်မႈေၾကာင့္ ပ်က္စီးသြားသည့္ မင္းဘူးၿမိဳ႕မွ တာဝါတုိင္ျပဳျပင္မႈကို အမ်ားျပည္သူ မထိခိုက္မိေစရန္ ေဆာင္ရြက္ေနဆဲ
အောက်တိုဘာ 18, 2018
By Tachileik News Agency
မေကြးတုိင္းေဒသႀကီး၊ မင္းဘူးၿမိဳ႕ ဆားဗြက္ေခ်ာင္းတံတားအနီး ေအာက္တိုဘာလ (၁၆)ရက္ နံနက္ပိုင္းတြင္ ပ်က္က်ခဲ့သည့္ တိုက္ေလယာဥ္ ဝင္တုိက္မိ၍ ပ်က္စီးသြားသည့္ တာဝါတုိင္ ျပဳျပင္ေရးေၾကာင့္ အမ်ားျပည္သူ ထိခုိက္မႈ မရိွေစေရး ကၽြမ္းက်င္ပညာရွင္ျဖင့္ ေဆာင္ရြက္ေနေၾကာင္း ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းထံမွ သိရသည္။

“ပ်က္စီးသြားလို႔ ခ်က္ခ်င္း အစားထုိးရမယ့္ အစိတ္အပုိင္းေတြကို ရံုးခ်ဳပ္ကိုမွာယူၿပီး ျပဳျပင္မႈေတြ ေဆာင္ရြက္ေနပါတယ္။ အဲဒီ လိုေဆာင္ရြက္ေနတာနဲ႔အညီ တာဝါဧရိယာတစ္ဝိုက္မွာရွိတဲ့ အမ်ားျပည္သူ ထိခိုက္မႈ မရွိေအာင္လည္း မင္းဘူးခရုိင္ ေထြ/အုပ္ကို သတင္းပို႔တင္ျပၿပီး ၿမိဳ႕နယ္ရဲတပ္ဖြဲ႔၊ မီးသတ္တပ္ဖြဲ႔တုိ႔ရဲ႕ အကူအညီနဲ႔ ထိခုိက္မႈ မျဖစ္ေစဖုိ႔ စီမံေဆာင္ရြက္ေနပါတယ္”ဟု ျမန္မာ့ဆက္သြယ္ေရး လုပ္ငန္း၏ တိုင္းမန္ေနဂ်ာ ဦးသန္းေဌးေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အျမင့္ (၆၇)မီတာျမင့္သည့္ အဆိုပါ မိုကၠရိုေဝ့ဖ္တာဝါတိုင္၏ ေအာက္ေျခမွ (၆၃)မီတာအျမင့္တြင္ ပ်က္စီးသြားျခင္းျဖစ္ၿပီး ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းႏွင့္ ဖက္စပ္လုပ္ကိုင္ေနသည့္ ဂ်ပန္ကုမၸဏီမွ ကၽြမ္းက်င္ပညာရွင္ ေစလႊတ္ျပဳျပင္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

တာဝါတိုင္၏ ေဒါက္တိုင္(၄)ေခ်ာင္း အနက္ (၂)ေခ်ာင္း ထိခိုက္ပ်က္စီးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဖီးနစ္



~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ ဆားဗွက်ချောင်းတံတားအနီး အောက်တိုဘာလ (၁၆)ရက် နံနက်ပိုင်းတွင် ပျက်ကျခဲ့သည့် တိုက်လေယာဉ် ဝင်တိုက်မိ၍ ပျက်စီးသွားသည့် တာဝါတိုင် ပြုပြင်ရေးကြောင့် အများပြည်သူ ထိခိုက်မှု မရှိစေရေး ကျွမ်းကျင်ပညာရှင်ဖြင့် ဆောင်ရွက်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းထံမှ သိရသည်။

“ပျက်စီးသွားလို့ ချက်ချင်း အစားထိုးရမယ့် အစိတ်အပိုင်းတွေကို ရုံးချုပ်ကိုမှာယူပြီး ပြုပြင်မှုတွေ ဆောင်ရွက်နေပါတယ်။ အဲဒီ လိုဆောင်ရွက်နေတာနဲ့အညီ တာဝါဧရိယာတစ်ဝိုက်မှာရှိတဲ့ အများပြည်သူ ထိခိုက်မှု မရှိအောင်လည်း မင်းဘူးခရိုင် ထွေ/အုပ်ကို သတင်းပို့တင်ပြပြီး မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့ရဲ့ အကူအညီနဲ့ ထိခိုက်မှု မဖြစ်စေဖို့ စီမံဆောင်ရွက်နေပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ တိုင်းမန်နေဂျာ ဦးသန်းဌေးအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အမြင့် (၆၇)မီတာမြင့်သည့် အဆိုပါ မိုက္ကရိုဝေ့ဖ်တာဝါတိုင်၏ အောက်ခြေမှ (၆၃)မီတာအမြင့်တွင် ပျက်စီးသွားခြင်းဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ဖက်စပ်လုပ်ကိုင်နေသည့် ဂျပန်ကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင် စေလွှတ်ပြုပြင်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

တာဝါတိုင်၏ ဒေါက်တိုင်(၄)ချောင်း အနက် (၂)ချောင်း ထိခိုက်ပျက်စီးသွားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~