(၁၀)ရက္တိုင္တိုင္ က်င္းပမည့္ ေတာင္ႀကီးတန္ေဆာင္တိုင္ ပြဲေတာ္တြင္ အလြတ္တန္းဓါတ္ပံုၿပိဳင္ပြဲကို ေခါင္းစဥ္(၄)ခုျဖင့္ ၀င္ေရာက္ ယွဥ္ၿပိဳင္ႏိုင္ရန္ စီစဥ္ထား

(၁၀)ရက္တိုင္တိုင္ က်င္းပမည့္ ေတာင္ႀကီးတန္ေဆာင္တိုင္ ပြဲေတာ္တြင္ အလြတ္တန္းဓါတ္ပံုၿပိဳင္ပြဲကို ေခါင္းစဥ္(၄)ခုျဖင့္ ၀င္ေရာက္ ယွဥ္ၿပိဳင္ႏိုင္ရန္ စီစဥ္ထား
အောက်တိုဘာ 19, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္ကို ႏွစ္စဥ္ က်င္းပသည့္အတုိင္း (၁၀)ရက္ၾကာ က်င္းပမည္ျဖစ္ၿပီး အလြတ္တန္းဓါတ္ပုံၿပိဳင္ပြဲကို ေခါင္းစဥ္ေလးခုျဖင့္ ယွဥ္ၿပိဳင္ သြားမည္ျဖစ္သည့္ အျပင္ ျပပြဲလည္းထည့္သြင္းမည္ျဖစ္ေၾကာင္း သိရသည္။

အလြတ္တန္းဓါတ္ပုံၿပိဳင္ပြဲအား စည္းကမ္းခ်က္(၁၃) ခ်က္သတ္မွတ္ထားၿပီး ၿမိဳ႕လုံးကၽြတ္ဘုံကထိန္ ပေဒသာပင္လွည့္လည္ပြဲ ၊ မသိုးသကၤန္း ယွဥ္ၿပိဳင္ ရက္လုပ္ကပ္လွဴပြဲ၊ မီးပေဒသာပင္လွည့္လည္ပူေဇာ္ပြဲ (၂) ေန႔လႊတ္၊ တစ္ေကာင္ခ်င္း ၊ အုပ္စုအရုပ္  (၃)ယမ္းမီးႀကီးညလႊတ္ (၄) စိန္နားပန္ ၊ပြဲေတာ္ရႈခင္း ၊ ကြင္းဖြင့္ပြဲရႈခင္း ေခါင္းစဥ္ေလးခုျဖင့္ ၿပိဳင္ပြဲဝင္ႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

“ၿပိဳင္ပြဲပုံေတြကိုေတ ေတာင္ႀကီး  ျပန္ၾကားေရးနဲ႔ ျပည္သူ႔ဆက္ဆံေရးရုံးမွာ ပို႔ရမယ္ တန္ေဆာင္မုန္းလျပည့္ေက်ာ္ (၁)ရက္ေန႔ ေနာက္ဆုံးေပါ့။ အရင္ႏွစ္ေတြကေတာ့ ဓါတ္ပုံ ၿပိဳင္ပြဲေတာ့ လုပ္ျဖစ္ေပမဲ့ ျပပြဲေတာ့ မလုပ္ျဖစ္ေသးဘူးေပါ့ ။ ဒီႏွစ္က်ေတာ့ ဓါတ္ပုံျပပြဲပါ ထည့္သြင္းသြားဖို႔ ကၽြန္ေတာ္တို႔ အစည္းအေဝးမွာ ျပန္ဆက္ဦးစီးမွဴးနဲ႔ ေဆြးေႏြးတယ္ တင္ျပထားတာ ရွိတယ္ လုပ္ျဖစ္ဖို႔ မလုပ္ျဖစ္ဖို႔က သက္ဆိုင္ရာေတြဘက္က အေၾကာင္းမျပန္ေသးဘူး။ ၿပိဳင္ပြဲကိုေတာ့ လုပ္သြားမွာ ျဖစ္ပါတယ္̎ ဟု ရွမ္းျပည္နယ္ဓါတ္ပုံအသင္း ဥကၠဌ ဦးေမာင္ႀကီးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿပိဳင္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ သူမ်ားအေနျဖင့္ ၂၀၁၈ ခုနွစ္၊ ႏိုဝင္ဘာလ (၂၃) ရက္ေန႔ နံနက္ (၁၀)နာရီ ေနာက္ဆုံးထား၍ ေတာင္ႀကီးၿမိဳ႕ရွိ ျပန္ၾကားေရးႏွင့္ ျပည္သူ႕ဆက္ဆံေရးဦးစီးဌာနရုံးသို႔ ၿပိဳင္ပြဲဝင္ ဓါတ္ပုံအေရအတြက္ႏွင့္ အတူ ေပးပို႔ရမည္ ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပြဲဝင္ ဆုရဓါတ္ပံုမ်ားကို  ေခါင္းစဥ္အလိုက္ ပထမဆု (၄၀၀,၀၀၀) က်ပ္ ၊ ဒုတိယဆု(၃၀၀,၀၀၀)က်ပ္ ၊ တတိယဆု (၂၀၀,၀၀၀) က်ပ္ႏွင့္ ႏွစ္သိမ့္ဆု (၁၀၀,၀၀၀) က်ပ္ႏႈန္းျဖင့္ ခ်ီးျမႇင့္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ယခုႏွစ္ေတာင္ႀကီး တန္ေဆာင္တိုင္ပြဲေတာ္အား မူလက (၉)ရက္သာ က်င္းပသြားရန္ စီစဥ္ ထားေသာ္လည္း ေဒသခံမ်ား၏ ေတာင္းဆိုခ်က္အရ (၁၀) ရက္ က်င္းပသြားရန္ ပြဲက်င္းပေရးေကာ္မတီက အတည္ျပဳလုိက္ရာ ႏိုဝင္ဘာလ (၁၄) ရက္ေန႔မွ (၂၃) ရက္ေန႔အထိ က်င္းပမည္ျဖစ္ကာ ရုိးရာမီးပုံးပ်ံၿပိဳင္ပြဲ ၊မသိုးသကၤန္း ယက္လုပ္ ပူေဇာ္ ၿပိဳင္ပြဲ ၊  မီးပေဒသာ လွည့္လည္ပူေဇာ္ပြဲ၊ ၿမိဳ႕လုံးကၽြတ္ ဘုံကထိန္ လွည့္လည္ ပူေဇာ္ပြဲ ႏွင့္ ဓါတ္ပုံၿပိဳင္ပြဲမ်ားပါ ထည့္သြင္းက်င္းပသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ယခုႏွစ္ၿပိဳင္ပြဲဝင္မည့္ မီးပံုးမ်ားတြင္ အသံုးျပဳသည့္ ပစၥည္းမ်ားကို တရုတ္ႏုိင္ငံမွတင္သြင္းသည့္ အသင့္လုပ္ ပစၥည္းမ်ား အသံုးျပဳခြင့္ ေပးမထားဘဲ ေဒသထြက္ပစၥည္းမ်ားျဖင့္သာ ျပဳလုပ္ရန္ စည္းကမ္းခ်က္ ထုတ္ျပန္ထားသည္ကိုလည္း ေတြ႔ရသည္။

ဓါတ္ပံုၿပိဳင္ပြဲႏွင့္ပတ္သက္၍ ႐ွမ္းျပည္နယ္ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန႐ုံး ေတာင္ႀကီး 081-2121136၊ 09440081318 ႏွင့္ ႐ွမ္းျပည္နယ္ဓါတ္ပုံသင္း  09795124470 တုိ႔သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖိဳးထြန္း၊ ႏိုႏို
ဓါတ္ပံု - PHILIP HEIJMANS ( AL JAZEERA )




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို နှစ်စဉ် ကျင်းပသည့်အတိုင်း (၁၀)ရက်ကြာ ကျင်းပမည်ဖြစ်ပြီး အလွတ်တန်းဓာတ်ပုံပြိုင်ပွဲကို ခေါင်းစဉ်လေးခုဖြင့် ယှဉ်ပြိုင် သွားမည်ဖြစ်သည့် အပြင် ပြပွဲလည်းထည့်သွင်းမည်ဖြစ်ကြောင်း သိရသည်။

အလွတ်တန်းဓာတ်ပုံပြိုင်ပွဲအား စည်းကမ်းချက်(၁၃) ချက်သတ်မှတ်ထားပြီး မြို့လုံးကျွတ်ဘုံကထိန် ပဒေသာပင်လှည့်လည်ပွဲ၊ မသိုးသင်္ကန်း ယှဉ်ပြိုင် ရက်လုပ်ကပ်လှူပွဲ၊ မီးပဒေသာပင်လှည့်လည်ပူဇော်ပွဲ (၂) နေ့လွှတ်၊ တစ်ကောင်ချင်း၊ အုပ်စုအရုပ် (၃)ယမ်းမီးကြီးညလွှတ် (၄) စိန်နားပန်၊ပွဲတော်ရှုခင်း၊ ကွင်းဖွင့်ပွဲရှုခင်း ခေါင်းစဉ်လေးခုဖြင့် ပြိုင်ပွဲဝင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“ပြိုင်ပွဲပုံတွေကိုတေ တောင်ကြီး ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးရုံးမှာ ပို့ရမယ် တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်နေ့ နောက်ဆုံးပေါ့။ အရင်နှစ်တွေကတော့ ဓာတ်ပုံ ပြိုင်ပွဲတော့ လုပ်ဖြစ်ပေမဲ့ ပြပွဲတော့ မလုပ်ဖြစ်သေးဘူးပေါ့။ ဒီနှစ်ကျတော့ ဓာတ်ပုံပြပွဲပါ ထည့်သွင်းသွားဖို့ ကျွန်တော်တို့ အစည်းအဝေးမှာ ပြန်ဆက်ဦးစီးမှူးနဲ့ ဆွေးနွေးတယ် တင်ပြထားတာ ရှိတယ် လုပ်ဖြစ်ဖို့ မလုပ်ဖြစ်ဖို့က သက်ဆိုင်ရာတွေဘက်က အကြောင်းမပြန်သေးဘူး။ ပြိုင်ပွဲကိုတော့ လုပ်သွားမှာ ဖြစ်ပါတယ်̎ ဟု ရှမ်းပြည်နယ်ဓာတ်ပုံအသင်း ဥက္ကဌ ဦးမောင်ကြီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် သူများအနဖြေင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့ နံနက် (၁၀)နာရီ နောက်ဆုံးထား၍ တောင်ကြီးမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ပြိုင်ပွဲဝင် ဓာတ်ပုံအရေအတွက်နှင့် အတူ ပေးပို့ရမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင် ဆုရဓာတ်ပုံများကို ခေါင်းစဉ်အလိုက် ပထမဆု (၄၀၀,ဝဝဝ) ကျပ်၊ ဒုတိယဆု(၃၀၀,ဝဝဝ)ကျပ်၊ တတိယဆု (၂၀၀,ဝဝဝ) ကျပ်နှင့် နှစ်သိမ့်ဆု (၁၀၀,ဝဝဝ) ကျပ်နှုန်းဖြင့် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တောင်ကြီး တန်ဆောင်တိုင်ပွဲတော်အား မူလက (၉)ရက်သာ ကျင်းပသွားရန် စီစဉ် ထားသော်လည်း ဒေသခံများ၏ တောင်းဆိုချက်အရ (၁၀) ရက် ကျင်းပသွားရန် ပွဲကျင်းပရေးကော်မတီက အတည်ပြုလိုက်ရာ နိုဝင်ဘာလ (၁၄) ရက်နေ့မှ (၂၃) ရက်နေ့အထိ ကျင်းပမည်ဖြစ်ကာ ရိုးရာမီးပုံးပျံပြိုင်ပွဲ၊မသိုးသင်္ကန်း ယက်လုပ် ပူဇော် ပြိုင်ပွဲ၊ မီးပဒေသာ လှည့်လည်ပူဇော်ပွဲ၊ မြို့လုံးကျွတ် ဘုံကထိန် လှည့်လည် ပူဇော်ပွဲ နှင့် ဓာတ်ပုံပြိုင်ပွဲများပါ ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ပြိုင်ပွဲဝင်မည့် မီးပုံးများတွင် အသုံးပြုသည့် ပစ္စည်းများကို တရုတ်နိုင်ငံမှတင်သွင်းသည့် အသင့်လုပ် ပစ္စည်းများ အသုံးပြုခွင့် ပေးမထားဘဲ ဒေသထွက်ပစ္စည်းများဖြင့်သာ ပြုလုပ်ရန် စည်းကမ်းချက် ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။

ဓါတ်ပုံပြိုင်ပွဲနှင့်ပတ်သက်၍ ရှမ်းပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး တောင်ကြီး 081-2121136၊ 09440081318 နှင့် ရှမ်းပြည်နယ်ဓါတ်ပုံသင်း  09795124470 တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း၊ နိုနို
ဓာတ်ပုံ - PHILIP HEIJMANS ( AL JAZEERA )

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~