တာချီိလိတ်၌ ရှမ်းနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီရှမ်းလူငယ်အဖွဲ့ (TYO) ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲ အောက်တိုဘာလ(၂၄)ရက်နေ့တွင် စတင်မည်

တာချီိလိတ်၌ ရှမ်းနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီရှမ်းလူငယ်အဖွဲ့ (TYO) ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲ အောက်တိုဘာလ(၂၄)ရက်နေ့တွင် စတင်မည်
အောကျတိုဘာ 22, 2018
By Tachileik News Agency

၂၀၁၈ခုနှစ် ဒီဇင်ဘာလတွင် တာချီလိတ်၌ ကျင်းပမည့် ၂၁၁၃ခုနှစ် ရှမ်းရိုးရာ ရှမ်းနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အဖြစ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီရှမ်းလူငယ်အဖွဲ့(TYO) ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲအား တာချီလိတ်မြို့ ဆေးခမ်းရပ်ကွက်အတွင်းရှိ တာချီလိတ်မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းပိုင် ကွင်းတွင် ၂၀၁၈ခုနှစ် အောက်တိုဘာလ(၂၄)ရက်နေ့တွင် စတင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


"အခုလို ဘောလုံးပွဲကတော့ နှစ်စဉ်ကျင်းပပါတယ်၊ ကျွန်တော်ကတော့ ပထမဆုံးအနေနဲ့ သွားပြိုင်မှာပါ အဓိက ကတော့ တာလေက လူငယ်တွေ ဘောလုံးအားကစားကို စိတ်ပါဝင်စားပြီး ချစ်ကြည်ရင်းနှီးမှုတွေ တိုးပွားလာအောင်လို့ ၀င်ပြိုင်မှာပါ၊"ဟု တာချီလိတ်မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဌ ( တာလေမြို့ ရပ်ကွက် ၃ အုပ်ချုပ်ရေးမှူး ) ဦးစိုင်းသန့်ဇင်လတ်က ပြောသည်။


အဆိုပါ ပြိုင်ပွဲ၏ ဆုပေးပွဲအား တာချီလိတ်မြို့ ဆေးခမ်းရပ်ကွက်အတွင်းရှိ တာချီလိတ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းပိုင်ကွင်းတွင် ကျင်းပမည့် ၂၁၁၃ခုနှစ် ရှမ်းရိုးရာ ရှမ်းနှစ်သစ်ကူးပွဲတော်၏ နောက်ဆုံးနေ့တွင် ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
ဓါတ်ပုံ - Thant Zin Latt


~~~~~~~~⊰❂ unicode ~~~~~~~~


၂၀၁၈ခုနှစ် ဒီဇင်ဘာလတွင် တာချီလိတ်၌ ကျင်းပမည့် ၂၀၁၃ခုနှစ် ရှမ်းရိုးရာ ရှမ်းနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အဖြစ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီရှမ်းလူငယ်အဖွဲ့(TYO) ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲအား တာချီလိတ်မြို့ ဆေးခမ်းရပ်ကွက်အတွင်းရှိ တာချီလိတ်မြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းပိုင် ကွင်းတွင် ၂၀၁၈ခုနှစ် အောက်တိုဘာလ(၂၄)ရက်နေ့တွင် စတင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီရှမ်းလူငယ်အဖွဲ့(TYO) ဥက္ကဌဖလား ဘောလုံးပြိုင်ပွဲသို့ တာချီလိတ်နှင့် တာလေတို့ရှိ ရှမ်းရွာများမှ စုစုပေါင်း ဘောလုံးအသင်း(၁၂)သင်း ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

"အခုလို ဘောလုံးပွဲကတော့ နှစ်စဉ်ကျင်းပပါတယ်၊ ကျွန်တော်ကတော့ ပထမဆုံးအနေနဲ့ သွားပြိုင်မှာပါ အဓိက ကတော့ တာလေက လူငယ်တွေ ဘောလုံးအားကစားကို စိတ်ပါဝင်စားပြီး ချစ်ကြည်ရင်းနှီးမှုတွေ တိုးပွားလာအောင်လို့ ဝင်ပြိုင်မှာပါ၊"ဟု တာချီလိတ်မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဌ ( တာလမြေို့ ရပ်ကွက် ၃ အုပ်ချုပ်ရေးမှူး ) ဦးစိုင်းသန့်ဇင်လတ်က ပြောသည်။

ပြိုင်ပွဲတွင် ဝမ်နား၊ ဝမ်ဆော့ကုန်၊ ဝမ်ဖန်မင်၊ ဝမ်တုံ၊ ဝမ်ဟွေခိုက်၊ ဝမ်တော်ကော့တွင်း၊ ဝမ်ဝှေလေဟန်၊ ဝမ်ပါဆတ်၊ ဝမ်လုံ၊ ဝမ်ပန်ဟတ်၊ ဝမ်တာလေ နှင့် ဝမ်ဟောင်တို့မှ ရှမ်းတိုင်းရင်းသားလူငယ် ဘောလုံး အသင်း (၁၂)သင်းမှ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲအား ၂၀၁၈ခုနှစ် အောက်တိုဘာလ(၂၄)ရက်နေ့မှ နိုဝင်ဘာလ(၂၂)ရက်နေ့အထိ ကျင်းပပြီး ဗိုလ်လုပွဲအား နိုဝင်ဘာလ(၂၈)ရက်နေ့ တွင် ကျင်းပမည်ဖြစ်ကြောင်း နှင့် ပြိုင်ပွဲအား တာချီလိတ်မြို့ ဆေးခမ်းရပ်ကွက်အတွင်းရှိ တာချီလိတ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းပိုင် ကွင်းတွင် သတ်မှတ်ရက်၏ ညနေ(၃)နာရီခွဲတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲ၏ ဆုပေးပွဲအား တာချီလိတ်မြို့ ဆေးခမ်းရပ်ကွက်အတွင်းရှိ တာချီလိတ်မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းပိုင်ကွင်းတွင် ကျင်းပမည့် ၂၀၁၃ခုနှစ် ရှမ်းရိုးရာ ရှမ်းနှစ်သစ်ကူးပွဲတော်၏ နောက်ဆုံးနေ့တွင် ပေးအပ်ချီးမြှင့်မည် ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - Thant Zin Latt

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~