တာချီလိတ်မြို့ပေါ် တရားရုံးလမ်းအား ချိုင့်ခွက်များဖြင့် လမ်းပျက်စီးနေ၍ စည်ပင်မှ စတင်ပြုပြင်နေ

တာချီလိတ်မြို့ပေါ် တရားရုံးလမ်းအား ချိုင့်ခွက်များဖြင့် လမ်းပျက်စီးနေ၍ စည်ပင်မှ စတင်ပြုပြင်နေ
အောကျတိုဘာ 20, 2018
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက် အတွင်း တရားရုံးလမ်း( မဟာဗန္ဓုလလမ်း)တွင် ချိုင့်ခွက်များ ဖြစ်ပေါ်နေပြီး ရဟန်းရှင်လူ နှင့် ယာဉ်များ သွားလာရ အဆင် မပြေမှုများ ဖြစ်ပေါ်နေသည့်အတွက် ၂၀၁၈ခုနှစ် အောက်တိုဘာလ(၂၀)ရက်နေ့က စ၍ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနက ပြုပြင်နေလျှက်ရှိသည်။



Tachileik News Agency
ဓါတ်ပုံ - ဇွဲမြတ်


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက် အတွင်း တရားရုံးလမ်း( မဟာဗန္ဓုလလမ်း)တွင် ချိုင့်ခွက်များ ဖြစ်ပေါ်နပြေီး ရဟန်းရှင်လူ နှင့် ယာဉ်များ သွားလာရ အဆင် မပြေမှုများ ဖြစ်ပေါ်နေသည့်အတွက် ၂၀၁၈ခုနှစ် အောက်တိုဘာလ(၂၀)ရက်နေ့က စ၍ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနက ပြုပြင်နေလျှက်ရှိသည်။

အဆိုပါ လမ်းမှတဆင့် နေ့စဉ် လူသူအသွား အလာများသော လမ်းတစ်ခုဖြစ်သည့်အပြင် နိုင်ငံခြားသား ခရီးသွားများလည်း တာချီလိတ်မြို့မဈေးအတွင်း ဝင်ရောက်လေ့လာရာတွင် ဖြတ်သန်းသွားကြသော လမ်းတစ်ခြုဖစ်သည်။

၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဝမ်ကောင်းရပ်ကွက်အတွင်းရှိ လမ်း(၁၀)လမ်းကို ပြင်ဆင်ပေးရန် အတွက် ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးက စည်ပင်သာယာရေးဌာနသို့ ဦးစားပေးအလိုက် တင်ပြထားသည့် အနက် လမ်း(၂)လမ်းကို ပြုပြင်ပေးမည်ဖြစ်ကြောင်း သိရသော်လည်း မည်သည့်လမ်းများကို ပြုပြင်ပေးမည်ကို မသိရသေးကြောင်း ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းထံမှ သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~