TNLA မွ ဖမ္းဆီးေခၚေဆာင္ထားသည့္ နန္းမိုဟြမ္အား ရက္ေပါင္း(၆၂)ရက္အၾကာတြင္ ျပန္လႊတ္

TNLA မွ ဖမ္းဆီးေခၚေဆာင္ထားသည့္ နန္းမိုဟြမ္အား ရက္ေပါင္း(၆၂)ရက္အၾကာတြင္ ျပန္လႊတ္
အောက်တိုဘာ 15, 2018
By Tachileik News Agency

PSLF/TNLA က ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမ့္ခမ္းၿမိဳ႕တြင္းမွ ဖမ္းဆီးသြားၿပီး TNLA ၏ တရားစီရင္ေရး အရ ေထာင္ဒဏ္(၃)ႏွစ္ ျပစ္ဒဏ္ခ်မွတ္ထားသည့္ နန္းမိုဟြမ္အား ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၁၅)ရက္ေန႔ နံနက္ပိုင္းတြင္ လြတ္ၿငိမ္းခ်မ္းသာျဖင့္ ျပန္လႊတ္ေပးလုိက္ေၾကာင္း သိရသည္။

"ဒီလိုျပစ္မႈႀကီးနဲ႔ ဒီလိုဖမ္းတာကေတာ့ ပထမဆံုး အႀကိမ္ပါ။ ကၽြန္ေတ္ာတို႔ လႈပ္ရွားနယ္ေျမအကုန္လံုးမွာ ကၽြန္ေတာ္တို႔ ဥပေဒနဲ႔ အေရးယူတယ္။ ကၽြန္ေတာ္တုိ႔ အေနနဲ႔ အပစ္ရပ္ထားတဲ့အဖြဲ႕မဟုတ္လို႔ ရဲတပ္ဖြဲ႕နဲ႔ ဆက္သြယ္ေဆာင္ရြက္တာမ်ိဳးေတြေတာ့ မလုပ္ပါဘူး။ ကၽြန္ေတာ္တို႔ လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးလုိက္တာ ကေတာ့ ထုတ္ျပန္ခ်က္မွာ ေဖၚျပထားတဲ့ အခ်က္(၃)ခ်က္ အတိုင္းပါပဲ။ ရွမ္းနဲ႔ တအာင္းဆိုတာ ေနရာတုိင္းမွာ အတူေရာေႏွာ ေနထုိင္ရတာဆိုေတာ့ ေရွရွည္ခ်စ္ၾကည္ေရးအတြက္ ျခြင္းခ်က္မရိွ ျပန္လႊတ္ ေပးလုိက္တာပါ။ ဒီေန႔မနက္ပဲ သူျပန္သြားပါၿပီ”ဟု PSLF/TNLA မွ ဗိုလ္မွဴး တားအုိက္ေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေအာက္တိုဘာလ(၁၅)ရက္ေန႔ ေန႔လည္ပိုင္းက ေျပာသည္။

 FPNCC ၏ ၾကားဝင္ ေစ့စပ္ညိႇႏိႈင္းေပးမႈ၊ SSPP/SSA ၏ ေမတၱာရပ္ခံမႈႏွင့္ တအာင္းႏွင့္ ရွမ္းလူမ်ိဳးမ်ား၏ ေရရွည္ ခ်စ္ၾကည္ေရးကို ေရွးရႈ၍ ယင္းကဲ့သို႔လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း PSLF/TNLA ၏ ထုတ္ျပန္ခ်က္တြင္ ေဖၚျပထားသည္။

နန္းမိုဟြမ္ကို နမ့္ခမ္းၿမိဳ႕ ဟိုေနာင္ရပ္ကြက္ရိွေနအိမ္တြင္ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ (၁၇) ရက္ေန႔ နံနက္ပိုင္း၌ TNLA က လက္နက္ကိုင္အဖြဲ႕ျဖင့္ ဝင္ေရာက္ဖမ္းဆီးသြားခဲ့ၿပီး ၎တို႔ ဖမ္းဆီးထားျခင္း ျဖစ္ေၾကာင္းႏွင့္ ၎တို႔၏ တရားစီရင္ေရးအရ ေထာင္ဒဏ္ (၃)ႏွစ္ ခ်မွတ္လုိက္ေၾကာင္း TNLA က သတင္းထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ျပည္သူတစ္ဦးအား ယင္းကဲ့သို႔ဖမ္းဆီးေခၚေဆာင္ျခင္းႏွင့္ပတ္သက္၍ လူငယ္ကြန္ယက္(နမ့္ခမ္းၿမိဳ႕)၊ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟုိဌာနတို႔က ထုတ္ျပန္ခ်က္မ်ား ထုတ္ျပန္ ေတာင္းဆိုခဲ့ၾကၿပီး နမ့္ခမ္းၿမိဳ႕မွ ရွမ္းလူမႈအဖြဲ႕အစည္းမ်ား၊ မိသားစုဝင္မ်ားက ဆႏၵထုတ္ေဖၚ ေတာင္းဆိုျခင္းမ်ားကိုလည္း လုပ္ေဆာင္ခဲ့ၾကသည္ကို ေတြ႔ရသည္။

နန္းမိုဟြမ္အား လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳရန္ နန္းမိုဟြမ္မိသားစုဝင္ႏွင့္ နမ့္ခမ္းၿမိဳ႕နယ္၊ ရွမ္းလူမႈအဖြဲ႕အစည္း (၁၀)ဖြဲ႕၏ ကိုယ္စားလွယ္မ်ားက ေမတၱာရပ္ခံခ်က္အရ FPNCC က ၾကားဝင္ေစ့စပ္ညိႇႏိႈင္းေပးၿပီးေနာက္ PSLF/TNLA က ျပန္လႊတ္ေပးရန္ သေဘာတူလုိက္ေၾကာင္း ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ(၁၀)ရက္ေန႔တြင္ FPNCC ႏွင့္ ရွမ္းလူမႈ အဖြဲ႕အစည္းေပါင္း (၁၀)ဖြဲ႕က ပူးတြဲ သတင္းထုတ္ျပန္ခဲ့သည္ကို ေတြ႔ရသည္။

တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ ျပည္ေထာင္စု ႏုိင္ငံေရးေဆြးေႏြးညိႇႏိႈင္းေရး အၿမဲတမ္းေကာ္မတီ (Federal Political Negotiation and Consultative Committee -FPNCC)တြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ လႈပ္ရွားေနၿပီး NCA လက္မွတ္ေရးထိုးထားျခင္းမရိွသည့္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားျဖစ္သည့္ UWSA၊ NDAA၊ SSPP၊ TNLA၊ MNDAA၊ AA ႏွင့္ KIA တို႔ ပါဝင္ဖြဲ႕စည္းထားျခင္းျဖစ္သည္။

တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (Nationwide Ceasefire Agreement - NCA) ကို လက္မွတ္ေရးထိုးထားသည့္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕ (၁၀)ဖြဲ႔ရိွေနၿပီး ရွမ္းျပည္နယ္အတြင္း လႈပ္ရွားေနသည့္ လက္နက္ကိုင္အဖြဲ႕မ်ားအနက္ RCSS/SSA မွလြဲ၍ က်န္လက္နက္ကိုင္အဖြဲ႕မ်ားသည္ NCA လက္မွတ္ေရးထိုးျခင္းမရိွေသးသည့္ အဖြဲ႕မ်ားျဖစ္သည္။

ရွမ္းျပည္နယ္အတြင္း တပ္မေတာ္ႏွင့္ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားၾကား၊ တုိင္းရင္းသား လက္နက္ကိုင္အဖြဲ႕အခ်င္းခ်င္း တုိက္ပြဲမ်ားျဖစ္ပြားေနရာ ျပည္နယ္တြင္း စစ္ေဘးေရွာင္တိုးလာျခင္း၊ လက္နက္ကိုင္အဖြဲ႕ေပါင္းစံုက နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ အတင္းအဓမၼ စစ္အင္အားစုေဆာင္းခံရျခင္း၊ အရပ္သားျပည္သူမ်ားအား ညႇင္းပန္းႏွိပ္စက္သတ္ျဖတ္ခံရျခင္း၊ လူ႔အခြင့္အေရး ခ်ိဳးေဖါက္ခံရျခင္း၊ အမ်ိဳးသမီးႏွင့္ မိန္းကေလးငယ္မ်ားအေပၚ လိင္ပိုင္းဆုိင္ရာ အၾကမ္းဖက္ခံရျခင္း၊ လူမ်ိဳးေရးမုန္းတီးမႈ၊ လူမႈအသိုင္းအဝုိင္းမ်ားအၾကား ပဋိပကၡျဖစ္ေစရန္ ေသြးထုိးလံႈ႕ေဆာ္ခံရျခင္းမ်ား ျဖစ္ပြားလွ်က္ရိွသျဖင့္ လားဟူအမ်ိဳးသမီးအဖြဲ႕အစည္း၊ ပအို္ဝ္းအမ်ိဳးသမီးသမဂၢ၊ တအာင္းအမ်ိဳးသမီးအဖြဲ႕အစည္းႏွင့္ ရွမ္းအမ်ိဳးသမီးေရးရာ ဆက္သြယ္လႈပ္ရွားေဆာင္ရြက္ေရးအသင္းတို႔က ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၀)ရက္ေန႔က ပူးေပါင္းထုတ္ျပန္လုိက္သည့္ ထုတ္ျပန္ခ်က္ျဖင့္ ေဝဖန္ေထာက္ျပထားသည္။

သတင္း  - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

PSLF/TNLA က ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့တွင်းမှ ဖမ်းဆီးသွားပြီး TNLA၏ တရားစီရင်ရေး အရ ထောင်ဒဏ်(၃)နှစ် ပြစ်ဒဏ်ချမှတ်ထားသည့် နန်းမိုဟွမ်အား ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့ နံနက်ပိုင်းတွင် လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

"ဒီလိုပြစ်မှုကြီးနဲ့ ဒီလိုဖမ်းတာကတော့ ပထမဆုံး အကြိမ်ပါ။ ကျွန်တော်တို့ လှုပ်ရှားနယ်မြေအကုန်လုံးမှာ ကျွန်တော်တို့ ဥပဒေနဲ့ အရေးယူတယ်။ ကျွန်တော်တို့ အနေနဲ့ အပစ်ရပ်ထားတဲ့အဖွဲ့မဟုတ်လို့ ရဲတပ်ဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်တာမျိုးတွေတော့ မလုပ်ပါဘူး။ ကျွန်တော်တို့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာ ကတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ အချက်(၃)ချက် အတိုင်းပါပဲ။ ရှမ်းနဲ့ တအာင်းဆိုတာ နေရာတိုင်းမှာ အတူရောနှော နေထိုင်ရတာဆိုတော့ ရှေရှည်ချစ်ကြည်ရေးအတွက် ခြွင်းချက်မရှိ ပြန်လွှတ် ပေးလိုက်တာပါ။ ဒီနေ့မနက်ပဲ သူပြန်သွားပါပြီ”ဟု PSLF/TNLA မှ ဗိုလ်မှူး တားအိုက်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၁၅)ရက်နေ့ နေ့လည်ပိုင်းက ပြောသည်။

 FPNCC၏ ကြားဝင် စေ့စပ်ညှိနှိုင်းပေးမှု၊ SSPP/SSA၏ မေတ္တာရပ်ခံမှုနှင့် တအာင်းနှင့် ရှမ်းလူမျိုးများ၏ ရေရှည် ချစ်ကြည်ရေးကို ရှေးရှု၍ ယင်းကဲ့သို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း PSLF/TNLA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နန်းမိုဟွမ်ကို နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်ရှိနေအိမ်တွင် ၂၀၁၈ ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့ နံနက်ပိုင်း၌ TNLA က လက်နက်ကိုင်အဖွဲ့ဖြင့် ဝင်ရောက်ဖမ်းဆီးသွားခဲ့ပြီး၎င်းတို့ ဖမ်းဆီးထားခြင်း ဖြစ်ကြောင်းနှင့်၎င်းတို့၏ တရားစီရင်ရေးအရ ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်ကြောင်း TNLA က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်သူတစ်ဦးအား ယင်းကဲ့သို့ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့်ပတ်သက်၍ လူငယ်ကွန်ယက်(နမ့်ခမ်းမြို့)၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတို့က ထုတ်ပြန်ချက်များ ထုတ်ပြန် တောင်းဆိုခဲ့ကြပြီး နမ့်ခမ်းမြို့မှ ရှမ်းလူမှုအဖွဲ့အစည်းများ၊ မိသားစုဝင်များက ဆန္ဒထုတ်ဖော် တောင်းဆိုခြင်းများကိုလည်း လုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရသည်။

နန်းမိုဟွမ်အား လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် နန်းမိုဟွမ်မိသားစုဝင်နှင့် နမ့်ခမ်းမြို့နယ်၊ ရှမ်းလူမှုအဖွဲ့အစည်း (၁၀)ဖွဲ့၏ ကိုယ်စားလှယ်များက မေတ္တာရပ်ခံချက်အရ FPNCC က ကြားဝင်စေ့စပ်ညှိနှိုင်းပေးပြီးနောက် PSLF/TNLA က ပြန်လွှတ်ပေးရန် သဘောတူလိုက်ကြောင်း ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁၀)ရက်နေ့တွင် FPNCC နှင့် ရှမ်းလူမှု အဖွဲ့အစည်းပေါင်း (၁၀)ဖွဲ့က ပူးတွဲ သတင်းထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီ (Federal Political Negotiation and Consultative Committee -FPNCC)တွင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားနပြေီး NCA လက်မှတ်ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည့် UWSA၊ NDAA၊ SSPP၊ TNLA၊ MNDAA၊ AA နှင့် KIA တို့ ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement - NCA) ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့ရှိနပြေီး ရှမ်းပြည်နယ်အတွင်း လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့များအနက် RCSS/SSA မှလွဲ၍ ကျန်လက်နက်ကိုင်အဖွဲ့များသည် NCA လက်မှတ်ရေးထိုးခြင်းမရှိသေးသည့် အဖွဲ့များဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်း တိုက်ပွဲများဖြစ်ပွားနေရာ ပြည်နယ်တွင်း စစ်ဘေးရှောင်တိုးလာခြင်း၊ လက်နက်ကိုင်အဖွဲ့ပေါင်းစုံက နည်းလမ်းအမျိုးမျိုးဖြင့် အတင်းအဓမ္မ စစ်အင်အားစုဆောင်းခံရခြင်း၊ အရပ်သားပြည်သူများအား ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း၊ လူမျိုးရေးမုန်းတီးမှု၊ လူမှုအသိုင်းအဝိုင်းများအကြား ပဋိပက္ခဖြစ်စေရန် သွေးထိုးလှုံ့ဆော်ခံရခြင်းများ ဖြစ်ပွားလျှက်ရှိသဖြင့် လားဟူအမျိုးသမီးအဖွဲ့အစည်း၊ ပအို်ဝ်းအမျိုးသမီးသမဂ္ဂ၊ တအာင်းအမျိုးသမီးအဖွဲ့အစည်းနှင့် ရှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်းတို့က ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့က ပူးပေါင်းထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်ဖြင့် ဝေဖန်ထောက်ပြထားသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~