မလေးရှားတွင် အလုပ်ရမည်ဟုဆိုကာ ထိုင်းနိုင်ငံတွင်းသို့ နယ်စပ်မှခေါ်ဆောင်ခံရသည့် မြန်မာနိုင်ငံသား (၅)ဦးကို နေရပ်ပြန်ပို့

မလေးရှားတွင် အလုပ်ရမည်ဟုဆိုကာ ထိုင်းနိုင်ငံတွင်းသို့ နယ်စပ်မှခေါ်ဆောင်ခံရသည့် မြန်မာနိုင်ငံသား (၅)ဦးကို နေရပ်ပြန်ပို့
အောကျတိုဘာ 16, 2018
By Tachileik News Agency



ဆူရတ်ဌာနီ ပြန်လည်ထူထောင်ရေးစခန်းတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား အလုပ်သမားသံအရာရှိရုံးက သွားရောက်တွေ့ဆုံပြီး နိုင်ငံသားစိစစ်မှုအပါအဝင် အခြားလုပ်ကိုင်ရမည့်ကိစ္စများ ပြီးပြတ်သူများကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း တရားဝင်အလုပ်လုပ်ကိုင်သူများအနေဖြင့် မြဝတီနယ်စပ်မှ  ထိုင်းနိုင်ငံအတွင်း ဝင်ရောက် နိုင်သော်လည်း အခြားနိုင်ငံများသို့ တရားဝင်အလုပ်လုပ်မည့်သူများမှာ  အပြည်ပြည်ဆိုင်ရာ လေဆိပ် မှသာ ထွက်ခွာရမည် ဖြစ်သဖြင့် အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့် သတိပြုကြရန် အလုပ်သမား သံအရာရှိရုံးက သတိပေးထားသည်။

အလုပ်သမားသံအရာရှိရုံးအနေဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား စိစစ်၍ နေရပ်ပြန်ပို့ရေးနှင့်အတူ လူကုန်ကူးခဲ့သည့် တရားခံနှင့် ကွင်းဆက်တရားခံများအား ဖေါ်ထုတ်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

ပြည်ပနိုင်ငံများသို့  အလုပ်လုပ်ကိုင်လိုသူများအနေဖြင့် MOU စနစ်ဖြင့်လည်းကောင်း၊ G to G စနစ်ဖြင့် လည်းကောင်း တရားဝင်သွားရောက်ကြရန် အလုပ်သမားသံအရာရှိရုံးက တိုက်တွန်းထားသည်။

သတင်း - ဆန်းဖြိုးထွန်း


~~~~~~~~⊰❂ unicode ~~~~~~~~

မလေးရှားနိုင်ငံတွင် အလုပ်ရမည်ဟုဆိုကာ ထိုင်းနိုင်ငံတွင်း ခေါ်ဆောင်ခံရသူ မြန်မာနိုင်ငံသား (၅)ဦး ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရပြီး ဆူရတ်ဌာနီ ပြန်လည်ထူထောင်ရေးစခန်းသို့ ရောက်ရှိလာသဖြင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၆ )ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း အဖမ်းခံရပြီး ဆူရတ်ဌာနီပြန်လည် ထူထောင်ရေးစခန်းသို့ ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အများစုမှာ ပွဲစားများက မလေးရှားနိုင်ငံသို့ ပို့ဆောင်ပေးမည်ဟုဆိုကာ ထားဝယ်၊ ထီးခီး-ကန်ချနပူရီ လမ်းကြောင်း၊ ကော့သောင်း - ရနောင်း လမ်းကြောင်း၊ မြိတ်(တနင်္သာရီ) မှ ပကျွတ် လမ်းကြောင်းတို့မှ နေ၍ ခေါ်ဆောင်ခံရပြီစး ထိုင်းနိုင်ငံအတွင်းရှိ စစ်ဆေးစခန်းများ၌ ဖမ်းဆီး ခံရသူများဖြစ်ကြောင်း သိရသည်။

ဆူရတ်ဌာနီ ပြန်လည်ထူထောင်ရေးစခန်းတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား အလုပ်သမားသံအရာရှိရုံးက သွားရောက်တွေ့ဆုံပြီး နိုင်ငံသားစိစစ်မှုအပါအဝင် အခြားလုပ်ကိုင်ရမည့်ကိစ္စများ ပြီးပြတ်သူများကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးနခြေင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း တရားဝင်အလုပ်လုပ်ကိုင်သူများအနဖြေင့် မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံအတွင်း ဝင်ရောက် နိုင်သော်လည်း အခြားနိုင်ငံများသို့ တရားဝင်အလုပ်လုပ်မည့်သူများမှာ အပြည်ပြည်ဆိုင်ရာ လေဆိပ် မှသာ ထွက်ခွာရမည် ဖြစ်သဖြင့် အလုပ်လုပ်ကိုင်မည့်သူများအနဖြေင့် သတိပြုကြရန် အလုပ်သမား သံအရာရှိရုံးက သတိပေးထားသည်။

အလုပ်သမားသံအရာရှိရုံးအနဖြေင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများအား စိစစ်၍ နေရပ်ပြန်ပို့ရေးနှင့်အတူ လူကုန်ကူးခဲ့သည့် တရားခံနှင့် ကွင်းဆက်တရားခံများအား ဖော်ထုတ်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ကိုင်လိုသူများအနဖြေင့် MOU စနစ်ဖြင့်လည်းကောင်း၊ G to G စနစ်ဖြင့် လည်းကောင်း တရားဝင်သွားရောက်ကြရန် အလုပ်သမားသံအရာရှိရုံးက တိုက်တွန်းထားသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~