တာခ်ီလိတ္ၿမိဳ႕မသုသာန္အတြင္း လာေရာက္စြန္႔ပစ္ခံထားရသည့္ အမည္အသိ အဘိုးအိုတစ္ဦး (၃)ရက္၀န္းက်င္အၾကာတြင္ ေသဆံုး

တာခ်ီလိတ္ၿမိဳ႕မသုသာန္အတြင္း လာေရာက္စြန္႔ပစ္ခံထားရသည့္ အမည္အသိ အဘိုးအိုတစ္ဦး (၃)ရက္၀န္းက်င္အၾကာတြင္ ေသဆံုး
အောက်တိုဘာ 27, 2018
By Tachileik News Agency

ျမန္မာ - ထုိင္းနယ္စပ္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕မသုသာန္တြင္ စြန္႔ပစ္ခံထားရသည့္ အဘိုးအို တစ္ဦး ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ (၂၇)ရက္ေန႔ အေစာပိုင္းက ေသဆံုးသြားသျဖင့္ ပိုင္ရွင္မဲ့ အေလာင္းအျဖစ္ တာခ်ီလိတ္နာေရးကူညီမႈအသင္းက သၿဂဳႋလ္ေပးလိုက္ေၾကာင္း သိရသည္။

“မေန႔ညက ေသြးတိုးတဲ့လူနာကို မယ္ဆိုင္ဘက္ေဆးရံုကို ပို႔ၿပီးအျပန္မွာ တာခ်ီလိတ္သုႆန္မွာ အေလာင္းေတြ႕တယ္ သတင္းရလို႔သြားတဲ့ ရဲေတြနဲ႔ေတြ႕တာ။ ကၽြန္မတုိ႔အဖြဲ႕ကို အကူအညီေတာင္းလို႔ လုိက္သြားတာ။ ဒီမနက္ အေစာပိုင္းေလာက္ျဖစ္တယ္ ထင္တာပဲ။ ဟိုမွာ ေသေနတာ ေတြ႔ရတယ္။ ထိုင္ခံု အစုတ္ေလးရယ္၊ ကုဒ္(Coke)ဗူးေလး တစ္ဗူးရယ္၊ ေရဗူးေလး တစ္ဗူးရယ္နဲ႔ လာပစ္ခဲ့တာ။ ရဲေတြလည္း စစ္ေဆးတာေတြလုပ္ၿပီး အတည္ျပဳၿပီးဆိုမွ အေလာင္းကို ေစာင္ေလးနဲ႔ အုပ္ေပးထားခဲ့ရတယ္။ ဒီမနက္မွာ သြားသၿဂဳႋလ္ေပးလုိက္ပါတယ္။ ေကာင္းေကာင္းမြန္မြန္ေတာ့ သၿဂဳႋလ္ေပးလိုက္ပါတယ္”ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ  ေဒၚညိဳေထြးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အဘိုးအိုအား လြန္ခဲ့သည့္ (၃)ရက္ ကတည္းက သုႆန္တြင္ လာေရာက္စြန္႔ပစ္ထားခဲ့ျခင္းျဖစ္ၿပီး ေအာက္တိုဘာလ (၂၆)ရက္ေန႔ ညပိုင္းက ေသဆံုးသြားသျဖင့္ သုသာန္တြင္ ခိုလံႈေနသည့္ အိမ္ေျခမဲ့မ်ားက ပုန္းထြန္ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးထံ  အေၾကာင္းၾကား ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ ျဖစ္ပြားခဲ့ၿပီးေနာက္ စြန္႔ပစ္ခံမ်ားအား ကူညီႏုိင္ေရးအတြက္ကိုလည္း တာခ်ီလိတ္နာေရးကူညီမႈ အသင္းက ေဆာင္ရြက္ေပးႏုိင္ရန္ စီစဥ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“အဲဒီလို မလိုခ်င္ေတာ့လို႔ ပစ္ထားတဲ့သူေတြကို ေကာက္ၿပီး ျပဳစုေပးဖို႔ ႀကိဳးစားေနပါတယ္။ ေအာင္ျမင္ေအာင္ေတာ့ ႀကိဳးစားမွာပါ။ သူ႔ဘာသာ ဘယ္လိုဆိုးဆိုး သူဟာလည္း လူတစ္ေယာက္ပါပဲ။ ဒီလိုအသက္အရြယ္ ဒီလို အေျခအေနနဲ႔ မပစ္သင့္ဘူးေပါ့။ ေဆးစြဲေနတဲ့လူပဲ ျဖစ္ပါေစေတာ့ သြားသြား လာလာ ဆိုရင္ေတာ့ ကိုယ့္ပါ အႏၱရာယ္ျပန္ျပဳႏုိင္ေတာ့ မျပဳစုေပးရဲဘူး။ အိပ္ရာထဲ လဲေနပါၿပီ ျပဳစုမယ့္သူလည္း မရိွပါဘူးဆိုရင္ ကၽြန္မတုိ႔က ေခၚယူေစာင့္ေရွာက္ႏုိင္ေအာင္ လုပ္သြားဖို႔ ႀကိဳးစားေနပါတယ္”ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ ေဒၚညိဳေထြးက ေျပာသည္။

နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္တြင္ အိမ္ေျခမဲ့ ေနထုိင္သူမ်ားလည္း ရိွေနရာ ေဒသတြင္း လူမႈကူညီေရးအသင္းမ်ားက လမ္းေဘးတြင္ ေသဆံုးသည့္ ပိုင္ရွင္မဲ့အေလာင္းမ်ားအား သၿဂဳႋလ္ေပးရမႈမ်ား ရိွေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မသုသာန်တွင် စွန့်ပစ်ခံထားရသည့် အဘိုးအို တစ်ဦး ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့ အစောပိုင်းက သေဆုံးသွားသဖြင့် ပိုင်ရှင်မဲ့ အလောင်းအဖြစ် တာချီလိတ်နာရေးကူညီမှုအသင်းက သင်္ဂြိုလ်ပေးလိုက်ကြောင်း သိရသည်။

“မနေ့ညက သွေးတိုးတဲ့လူနာကို မယ်ဆိုင်ဘက်ဆေးရုံကို ပို့ပြီးအပြန်မှာ တာချီလိတ်သုဿန်မှာ အလောင်းတွေ့တယ် သတင်းရလို့သွားတဲ့ ရဲတွေနဲ့တွေ့တာ။ ကျွန်မတို့အဖွဲ့ကို အကူအညီတောင်းလို့ လိုက်သွားတာ။ ဒီမနက် အစောပိုင်းလောက်ဖြစ်တယ် ထင်တာပဲ။ ဟိုမှာ သေနေတာ တွေ့ရတယ်။ ထိုင်ခုံ အစုတ်လေးရယ်၊ ကုဒ်(Coke)ဗူးလေး တစ်ဗူးရယ်၊ ရေဗူးလေး တစ်ဗူးရယ်နဲ့ လာပစ်ခဲ့တာ။ ရဲတွေလည်း စစ်ဆေးတာတွေလုပ်ပြီး အတည်ပြုပြီးဆိုမှ အလောင်းကို စောင်လေးနဲ့ အုပ်ပေးထားခဲ့ရတယ်။ ဒီမနက်မှာ သွားသင်္ဂြိုလ်ပေးလိုက်ပါတယ်။ ကောင်းကောင်းမွန်မွန်တော့ သင်္ဂြိုလ်ပေးလိုက်ပါတယ်”ဟု တာချီလိတ်နာရေးကူညီမှုအသင်းမှ ဒေါ်ညိုထွေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အဘိုးအိုအား လွန်ခဲ့သည့် (၃)ရက် ကတည်းက သုဿန်တွင် လာရောက်စွန့်ပစ်ထားခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာလ (၂၆)ရက်နေ့ ညပိုင်းက သေဆုံးသွားသဖြင့် သုသာန်တွင် ခိုလှုံနေသည့် အိမ်ခြေမဲ့များက ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးမှူးထံ အကြောင်းကြား ပေးခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြစ်ပွားခဲ့ပြီးနောက် စွန့်ပစ်ခံများအား ကူညီနိုင်ရေးအတွက်ကိုလည်း တာချီလိတ်နာရေးကူညီမှု အသင်းက ဆောင်ရွက်ပေးနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

“အဲဒီလို မလိုချင်တော့လို့ ပစ်ထားတဲ့သူတွေကို ကောက်ပြီး ပြုစုပေးဖို့ ကြိုးစားနေပါတယ်။ အောင်မြင်အောင်တော့ ကြိုးစားမှာပါ။ သူ့ဘာသာ ဘယ်လိုဆိုးဆိုး သူဟာလည်း လူတစ်ယောက်ပါပဲ။ ဒီလိုအသက်အရွယ် ဒီလို အခြေအနေနဲ့ မပစ်သင့်ဘူးပေါ့။ ဆေးစွဲနေတဲ့လူပဲ ဖြစ်ပါစေတော့ သွားသွား လာလာ ဆိုရင်တော့ ကိုယ့်ပါ အန္တရာယ်ပြန်ပြုနိုင်တော့ မပြုစုပေးရဲဘူး။ အိပ်ရာထဲ လဲနေပါပြီ ပြုစုမယ့်သူလည်း မရှိပါဘူးဆိုရင် ကျွန်မတို့က ခေါ်ယူစောင့်ရှောက်နိုင်အောင် လုပ်သွားဖို့ ကြိုးစားနေပါတယ်”ဟု တာချီလိတ်နာရေးကူညီမှုအသင်းမှ ဒေါ်ညိုထွေးက ပြောသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် အိမ်ခြေမဲ့ နေထိုင်သူများလည်း ရှိနေရာ ဒေသတွင်း လူမှုကူညီရေးအသင်းများက လမ်းဘေးတွင် သေဆုံးသည့် ပိုင်ရှင်မဲ့အလောင်းများအား သင်္ဂြိုလ်ပေးရမှုများ ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~