တာခ်ီလိတ္တြင္ ၂၀၁၈ခုႏွစ္၏ (၁၀)လတာ ကာလအတြင္း ႀကိဳးဆြဲခ်ေသဆံုးသူ (၇)ဦးရွိလာ

တာခ်ီလိတ္တြင္ ၂၀၁၈ခုႏွစ္၏ (၁၀)လတာ ကာလအတြင္း ႀကိဳးဆြဲခ်ေသဆံုးသူ (၇)ဦးရွိလာ
အောက်တိုဘာ 18, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၈)ရက္ေန႔ နံနက္ပိုင္းက လူငယ္တစ္ဦး ေနအိမ္တြင္ ႀကိဳးဆြဲခ် ေသဆံုးသြားရာ ၂၀၁၈ခုႏွစ္၏ (၁၀)လပိုင္းကာလ အတြင္း (၇)ဦးေျမာက္ ႀကိဳးဆြဲခ် ေသဆံုးမႈျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္ရိွ ေနအိမ္၏ ဒုတိယထပ္တြင္ အသက္(၂၄)ႏွစ္၀န္းက်င္အရြယ္ရွိ ၿဖဳိးလင္းေက်ာ္ဆိုသူသည္ ႀကိဳးဆြဲခ်ေသဆံုးခဲ့သျဖင့္ တာခ်ီလိတ္နာေရးကူညီမႈအသင္းက ျပည္သူ႔ေဆးရံုႀကီးရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးထားျခင္း ျဖစ္ေၾကာင္း သိရၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ ၃၁/၂၀၁၈ ျဖင့္ေရးဖြင့္ထားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း၂၀၁၈ ခုႏွစ္အတြင္း ႀကိဳးဆြဲခ်ေသဆံုးမႈ (၇)မႈျဖစ္ပြားရာတြင္ အမ်ိဳးသား (၆)ဦးႏွင့္ အမ်ိဳးသမီး (၁)ဦး ေသဆံုးခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့ နံနက်ပိုင်းက လူငယ်တစ်ဦး နေအိမ်တွင် ကြိုးဆွဲချ သေဆုံးသွားရာ ၂၀၁၈ခုနှစ်၏ (၁၀)လပိုင်းကာလ အတွင်း (၇)ဦးမြောက် ကြိုးဆွဲချ သေဆုံးမှုဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ နေအိမ်၏ ဒုတိယထပ်တွင် အသက်(၂၄)နှစ်ဝန်းကျင်အရွယ်ရှိ ဖြိုးလင်းကျော်ဆိုသူသည် ကြိုးဆွဲချသေဆုံးခဲ့သဖြင့် တာချီလိတ်နာရေးကူညီမှုအသင်းက ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားခြင်း ဖြစ်ကြောင်း သိရပြီး တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၃၁/၂၀၁၈ ဖြင့်ရေးဖွင့်ထားကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း၂၀၁၈ ခုနှစ်အတွင်း ကြိုးဆွဲချသေဆုံးမှု (၇)မှုဖြစ်ပွားရာတွင် အမျိုးသား (၆)ဦးနှင့် အမျိုးသမီး (၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~