တာခ်ီလိတ္တြင္ (၁)ရက္အတြင္း ႀကိဳးဆြဲခ်ေသဆံုးသူ (၂)ဦးရွိလာၿပီး ႏွစ္စမွ ေအာက္တိုဘာလအထိ စုစုေပါင္း (၉)ဦးရွိလာ

တာခ်ီလိတ္တြင္ (၁)ရက္အတြင္း ႀကိဳးဆြဲခ်ေသဆံုးသူ (၂)ဦးရွိလာၿပီး ႏွစ္စမွ ေအာက္တိုဘာလအထိ စုစုေပါင္း (၉)ဦးရွိလာ
အောက်တိုဘာ 20, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္တြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၁၈)ရက္ေန႔က ႀကိဳးဆြဲခ်ေသဆံုးမႈ ျဖစ္ပြားခဲ့သည့္ ေနအိမ္အနီး ၿခံဝန္း၌ အသက္(၃၁)ႏွစ္အရြယ္ အိမ္ေျခမဲ့ အမ်ိဳးသားတစ္ဦး ေအာက္တိုဘာလ (၂၀)ရက္ေန႔ နံနက္က ႀကိဳးဆြဲခ်ေသဆံုးသြားသည့္ အတြက္ (၃)ရက္အတြင္း တာခ်ီလိတ္တြင္ ႀကိဳးဆြဲခ်ေသဆံုးသူ (၃)ဦးရွိလာေၾကာင္း သိရသည္။

အသက္(၃၁)ႏွစ္ရွိ ေရႊသိန္းဆိုသူအား ၿခံကြက္လပ္အတြင္းရွိ သစ္ပင္တစ္ပင္တြင္ ႀကိဳးဆြဲခ် ေသဆံုး ေနလွ်က္ျဖင့္ နံနက္(၁၀)နာရီဝန္းက်င္တြင္ ေတြ႔ရသျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲတပ္ဖြဲ႕ထံ အေၾကာင္းၾကား ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္ေနရာအား သက္ဆုိင္ရာက စစ္ေဆးၿပီးေနာက္ အေလာင္းအား တာခ်ီလိတ္နာေရး ကူညီမႈအသင္းက ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေသဆံုးမႈႏွင့္ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ ၃၃/၂၀၁၈ ျဖင့္ အမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာလ(၂၀)ရက္ေန႔အထိ ႀကိဳးဆြဲခ်ေသဆံုးသူ (၉)ဦးေျမာက္ျဖစ္ၿပီး ေအာက္တိုဘာလ(၁၈)ရက္ေန႔က လူငယ္တစ္ဦး၊ ေအာက္တိုဘာလ(၂၀)ရက္ေန႔ နံနက္အေစာပိုင္းက လူငယ္(၁)ဦး ႏွင့္ ေအာက္တိုဘာလ(၂၀)ရက္ေန႔ နံနက္(၁၀)နာရီတြင္  အမ်ဳိးသား(၁)ဦး ႀကိဳးဆြဲခ်ေသဆံုးခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့က ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့သည့် နေအိမ်အနီး ခြံဝန်း၌ အသက်(၃၁)နှစ်အရွယ် အိမ်ခြေမဲ့ အမျိုးသားတစ်ဦး အောက်တိုဘာလ (၂၀)ရက်နေ့ နံနက်က ကြိုးဆွဲချသေဆုံးသွားသည့် အတွက် (၃)ရက်အတွင်း တာချီလိတ်တွင် ကြိုးဆွဲချသေဆုံးသူ (၃)ဦးရှိလာကြောင်း သိရသည်။

အသက်(၃၁)နှစ်ရှိ ရွှေသိန်းဆိုသူအား ခြံကွက်လပ်အတွင်းရှိ သစ်ပင်တစ်ပင်တွင် ကြိုးဆွဲချ သေဆုံး နေလျှက်ဖြင့် နံနက်(၁၀)နာရီဝန်းကျင်တွင် တွေ့ရသဖြင့် တာချီလိတ်မြို့မရဲတပ်ဖွဲ့ထံ အကြောင်းကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာအား သက်ဆိုင်ရာက စစ်ဆေးပြီးနောက် အလောင်းအား တာချီလိတ်နာရေး ကူညီမှုအသင်းက ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၃၃/၂၀၁၈ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ် အောက်တိုဘာလ(၂၀)ရက်နေ့အထိ ကြိုးဆွဲချသေဆုံးသူ (၉)ဦးမြောက်ဖြစ်ပြီး အောက်တိုဘာလ(၁၈)ရက်နေ့က လူငယ်တစ်ဦး၊ အောက်တိုဘာလ(၂၀)ရက်နေ့ နံနက်အစောပိုင်းက လူငယ်(၁)ဦး နှင့် အောက်တိုဘာလ(၂၀)ရက်နေ့ နံနက်(၁၀)နာရီတွင် အမျိုးသား(၁)ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~