တာချီလိတ်ရွှေတိဂုံစေတီတော်တွင် ဗုဒ္ဓဘာသာဝင်များ၏ အထင်ကရနေ့ကြီးများ၌ လျှပ်စစ်မီး ည(၉)နာရီအထိသာ ဖွင့်ပေးသည့်အတွက် ဘုရားဖူးများ စိတ်အနှောက်အယှက်ဖြစ်ရ
တာချီလိတ်ရွှေတိဂုံစေတီတော်တွင် ဗုဒ္ဓဘာသာဝင်များ၏ အထင်ကရနေ့ကြီးများ၌ လျှပ်စစ်မီး ည(၉)နာရီအထိသာ ဖွင့်ပေးသည့်အတွက် ဘုရားဖူးများ စိတ်အနှောက်အယှက်ဖြစ်ရ
အောကျတိုဘာ 24, 2018
By Tachileik News Agency
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ အထင်ကရစေတီတော်ဖြစ်သည့် တာချီလိတ်ရွှေတိဂုံ စေတီတော်တွင် သီတင်းကျွတ်လပြည့်နေ့ကဲ့သို့ နေ့ထူးနေ့မြတ်များတွင်လည်း ပုံမှန် နေ့ရက်များကဲ့သို့ ည(၉)နာရီ အထိသာ လျှပ်စစ်မီးဖွင့်ပေးသည့် အတွက် ဘုရားဖူးလိုသူများ အနေဖြင့် အဆင်မပြေ ဖြစ်ရကြောင်း သိရသည်။
သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် အောက်တိုဘာလ (၂၄)ရက်နေ့တွင် နံနက်ပိုင်းမှစ၍ ဘုရားဖူးသူများဖြင့် စည်ကားနေပြီး ညပိုင်းတွင် ဆီမီးတစ်ထောင်ပူဇော်ခြင်း၊ တိုင်းရင်းသားပေါင်းစုံ၏ မီးကြာခွက်လှည့်လည် ပူဇော်ခြင်းများဖြင့် စည်ကားနေစဉ် ည(၉)နာရီအချိန်၌ ဘုရားရင်ပြင်မှ ဆလိုက်မီးများမှာ ပုံမှန်နေ့ရက်များ အတိုင်း မီးအနည်းငယ်သာဖွင့်ထားပြီး ကျန်သည့် မီးများကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ အထင်ကရစေတီတော်ဖြစ်သည့် တာချီလိတ်ရွှေတိဂုံ စေတီတော်တွင် သီတင်းကျွတ်လပြည့်နေ့ကဲ့သို့ နေ့ထူးနေ့မြတ်များတွင်လည်း ပုံမှန် နေ့ရက်များကဲ့သို့ ည(၉)နာရီ အထိသာ လျှပ်စစ်မီးဖွင့်ပေးသည့် အတွက် ဘုရားဖူးလိုသူများ အနဖြေင့် အဆင်မပြေ ဖြစ်ရကြောင်း သိရသည်။
သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် အောက်တိုဘာလ (၂၄)ရက်နေ့တွင် နံနက်ပိုင်းမှစ၍ ဘုရားဖူးသူများဖြင့် စည်ကားနပြေီး ညပိုင်းတွင် ဆီမီးတစ်ထောင်ပူဇော်ခြင်း၊ တိုင်းရင်းသားပေါင်းစုံ၏ မီးကြာခွက်လှည့်လည် ပူဇော်ခြင်းများဖြင့် စည်ကားနေစဉ် ည(၉)နာရီအချိန်၌ ဘုရားရင်ပြင်မှ ဆလိုက်မီးများမှာ ပုံမှန်နေ့ရက်များ အတိုင်း မီးအနည်းငယ်သာဖွင့်ထားပြီး ကျန်သည့် မီးများကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ခေါင်းလောင်းရှိတဲ့ ဘုရားအနောက်ဖက်ခြမ်းဆို မီးမှောင်မဲနေတာပဲ။ ဘုရားပေါ်မှာ ကုသိုလ်ယူပြီး သန့်ရှင်းရေး လုပ်နေတဲ့ သူတွေ ရှိနေသေးတယ်။ မီးက မှိတ်ပစ်လိုက်တယ်။ မီးတွေပိတ်တာနဲ့ ပြန်လာလိုက်ရတယ်။ အကုန် စိတ်ညစ်နကြေတာပေါ့။ တစ်ချို့ဆို အဲဒီအချိန်မှ လာနိုင်ကြတာ”ဟု ဘုရားဖူးလာသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဗုဒ္ဓဘာသာ အထွဋ်အမြတ်ထားရာ နေ့ကြီးရက်ကြီးများတွင် တာချီလိတ်ရွှေတိဂုံစေတီတော်ရင်ပြင်၌ ဘုရားဖူးသူများ များပြားလေ့ရှိပြီး ည(၉)နာရီ တိတိတွင် ပုံမှန်ညများကဲ့သို့ မီးအနည်းငယ်သာ ဖွင့်ထားသည့် အတွက် ညပိုင်းမှ ဘုရားဖူးလာသူများ အပါအဝင်၊ ဈေးသည်များမှာ အမှောင်ထဲတွင် သိမ်းဆည်းရခြင်း၊ သန့်ရှင်းရေးပြုလုပ်၍ ကုသိုလ်ယူသည့် လူငယ်များမှာလည်း အမှောင်ထဲတွင် သန့်ရှင်းရေးပြုလုပ်ရသည်မှာ အခက်တွေ့မှုများနှင့် ကြုံတွေ့ရကြောင်း သိရသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~